menu

Sunday 3 November 2013

ပြေသုဒြာ ကို ကိုယ်ဝန် လေးလလွယ်ပြီး သရုပ်ဆောင်ခဲ့တဲ့ အဖြူရောင် ရဲတိုက် ရုပ်ရှင်ဇာတ်ကား အကြောင်း အိန္ဒြာကျော်ဇင် ပြော

 

အဖြူရောင် ရဲတိုက် ရုပ်ရှင် ဇာတ်ကားကြီး မှာ ပါဝင်သရုပ် ဆောင်ခဲ့တဲ့ အိန္ဒြာကျော်ဇင် က ဒီ ဇာတ်ကားကြီးကို ပရိသတ် တစ်ယောက် အနေနဲ့ ခံစားပြီး ကြည့်တဲ့ အခါမှာ ငိုရပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ကြည့်တဲ့အခါ ကိုယ့် သရုပ်ဆောင်မှုကို ကျေနပ်မှုတော့ ရှိပါတယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ဒီဇာတ်ကားကြီး ကို ရိုက်တဲ့ အချိန်မှာ ပြေသုဒြာလေးကို ကိုယ်ဝန်လေးလ ရှိနေပြီဖြစ်ပြီး ကိုယ်ဝန်နဲ့ သရုပ်ဆောင် ခဲ့ရတဲ့ အတွက် အမှတ်တရ ဖြစ်ကြောင်းကို အိန္ဒြာကျော်ဇင် က “အပျိုဘဝတွေ ရိုက်တုန်းကတော့ အူဝဲက မပေါ်အောင် အင်္ကျီ ပွပွတွေ ဝတ်ထားတယ်။ ဒါပေမဲ့ ကိုယ့် ဘာသာ ကိုယ်သိနေ လို့လားမသိဘူး။ လူက ဝဝကြီး နဲ့ ဗိုက်ကြီးက ပူနေတယ်။ သိသာတယ်။ ကလေး အမေဘဝ အချိန်တွေကျတော့ တမင်ကို ဗိုက်ပေါ် အောင် လူကြီးကိုယ်လုံး ဖြစ်သွားအောင် ရိုက်လိုက်တယ်။ အဓိက ကတော့ ကိုယ်သရုပ်ဆောင် ရမယ့် ဇာတ်ဝင်ခန်း ကိုပဲ ရိုက်တဲ့ အချိန်မှာ အဲဒီ ဇာတ်ဝင်ခန်း အတွက်ပဲ ခေါင်းထဲမှာ၊ စိတ်ထဲမှာ ရှိတယ်။ ကိုယ်ဝန် နဲ့ဆိုတာ လည်းမေ့ပြီး အိုက်တင်ကိုပဲ နှစ်ပြီး လုပ်မိတယ်။ ပုဂံတွေမှာ သွား ရိုက်တုန်းကတော့ ဘုရားပေါ် အတက်အဆင်း ဆိုရင် ကိုယ်က ရိုးရိုးသာမန် လူ မဟုတ်ဘူး။ ကိုယ် ဝန် လွယ်ထားရတော့ စိုးရိမ်မှုတော့ ရှိနေတာပေါ့။ ကိုယ်တစ် ယောက်ထဲတော့ မဟုတ်ပါဘူး။ ရုပ်ရှင် သွားရိုက်တဲ့ တစ်ဖွဲ့လုံးက စိတ်ပူကြ တယ်။ သတိထားပြီးတက်၊ သတိ ထားပြီး သွားဆိုပြီး အကုန်လုံးက သတိပေး နေကြတယ်။ အဲဒါက အမှတ်တရပါ ပဲ။ စိတ်ပူတာလေး၊ စိုးရိမ်စိတ် ကလေးတွေ နဲ့ရှိခဲ့ကြတာပေါ့” လို့ ပြောပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားထဲက မိန်းမသား တစ်ဦးရဲ့ ခံစားချက်၊ မိခင် တစ်ယောက်ရဲ့ ခံစားချက်တွေ အပေါ် အိန္ဒြာကျော်ဇင်က “ဒါအပြင်မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဇာတ်ရုပ် မျိုးလို့ ထင် တယ်။ ကိုယ်က ကြားထဲကနေပြီး သားဘက်ကိုရော၊ အဖေဘက်ကို ရော ပြေလည်အောင် ညှိပေးရတဲ့ ဟာမျိုး။ ကိုယ်ကလည်း ကြားထဲမှာ ခံစား ရတယ်။ စိတ်ကျဉ်းကျပ် ရတယ်ပေါ့။ နောက်တစ်ခု က မိဘရဲ့စိတ်၊ ကိုယ်တစ်ချိန် ကျရင်လည်း ဒါမျိုး ခံစားရမယ့် ဟာမျိုး၊ အဲဒီမှာပဲ ကြိုပြီး ခံစား ထားလိုက်တယ်။ အတွေ့ အကြုံလည်း ရတယ်”လို့ပြောပါတယ်။
ဒီဇာတ်ကားထဲ မှာ ပါဝင်တဲ့ သရုပ်ဆောင် တွေနဲ့ ဒါရိုက်တာတွေ အားလုံးက အကောင်းဆုံး ကြိုးစားထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကားဖြစ် သလို၊ ပြေသုဒြာ လေး ကလည်းဗိုက်ထဲမှာ ရှိနေတာကြောင့် မိသားစု ၃ဦး စလုံးပါတဲ့ ဇာတ်ကား အမှတ် တရလို့ပြောလို့ ရပြီး ဇာတ်လမ်း၊ ဇာတ် အိမ်ကောင်းကောင်း မကြည့်ရတာ ကြာပြီ ဖြစ်တဲ့ ပရိသတ်တွေ အတွက် ကျေနပ် အားရစေမယ့် ဇာတ်ကား ဖြစ်ကြောင်း အိန္ဒြာကျော်ဇင် ကပြောပါတယ်။ ဒီဇာတ် ကားကြီးက နောက်နှစ် အကယ်ဒမီ တစ်ကြို စာရင်း ဝင်နိုင်မယ့် ဇာတ်ကား ဖြစ်တာကြောင့် အိန္ဒြာကျော်ဇင် ရဲ့ အကယ်ဒမီ မျှော် လင့်ချက် ကိုမေးတော့ “စိတ်ထဲမှာ အဲဒီလိုချည်း မထည့် ထား ချင်ဘူး။ အူဝဲ ကမေ့မေ့ ပျောက်ပျောက် ပဲနေချင်တယ်။ ရမလားတော့ မသိဘူး ဆိုတာမျိုး မထည့်ထားချင်ဘူး။ ဘယ်တော့မှလည်း မထည့်ဘူး။ အမှန်တကယ်တော့ မမျှော်မှန်း ရဲတာပါ” လို့  ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis