menu

Saturday 19 October 2013

iphone5s ကို အရစ်ကျစနစ်ဖြင့် ပြည်တွင်း၌ ၀ယ်ယူနိုင်တော့မည်


ရန်ကုန်၊ အောက်တိုဘာ ၁၈

အယ်ပဲလ်၏နောက်ဆုံးထွက် ထုတ်ကုန်ဖြစ်သည့် iphone5s ကို အရစ်ကျ စနစ်ဖြင့်ဝယ်ယူနိုင်ရန်အစီအစဉ်ကို လာမည့်နိုဝင်ဘာမှ စတင်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်းi-life ကုမ္ပဏီမှ သိရသည်။

အဆိုပါအရစ်ကျစနစ်ကို ရန်ကုန်မြို့အတွင်းစတင်ပြုလုပ်မည်ဖြစ်ပြီး အရစ်ကျ
ငွေပေးသွင်းနိုင်ရန်အတွက်ကိုမူ ဧရာဝတီဘဏ်နှင့် AGD ဘဏ်များနှင့် ချိတ်
ဆက်ပေးထားမည်ဖြစ်ကြောင်း i-life မှတာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့
ပြောသည်။

အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မည့် iphone5sများကို ထိုင်းနိုင်ငံ၏ အယ်ပဲလ်ထုတ်ကုန်ရောင်းချသည့် အကြီးဆုံးကုမ္ပဏီမှ ရယူမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌လည်း iphone5sကို လာမည့်နိုဝင်ဘာမှ တရားဝင်ရောင်း ချနိုင်မည်ဖြစ်သည်။


i-life ကုမ္ပဏီအနေဖြင့် iphone5sကို အရစ်ကျစနစ်ဖြင့်ရောင်းချပေးရာတွင်
ဝယ်ယူသူဘက်မှ ၃၀ရာခိုင်နှုန်းစတင်ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်နှင့်ချိတ်
ဆက်ခြင်းဖြစ်သည့်အတွက် ဘဏ်ငွေစာရင်းဖြင့် အာမခံပေးနိုင်မည့်သူက
ထောက်ခံပေးရမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အယ်ပဲလ်ထုတ်ကုန်များ တရားဝင်ရောင်းချမည့်
ကိုယ်စားလှယ်ရှိထားပြီးဖြစ်သော်လည်း အဆိုပါဆိုင်တွင် iphone နှင့် ipad
များရောင်းချခွင့်မရရှိထားသေးပေ

သုတလင်း
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis