menu

Saturday 19 October 2013

သူရိယအလင်းဂျာနယ်တိုက်သို့ လူ ၁၅ဦးခန့် ၀င်ရောက်သိမ်းဆည်းခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန် - အောက်တိုဘာ ၁၉၊ ၂၀၁၃ (မော်ကွန်း)

ယမန်နေ့ည သန်းခေါင်ကျော်ခန့်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သူရိယအလင်းဂျာနယ်တိုက်သို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမြေး နေရွှေသွေးအောင်(ခေါ်) ဖိုးလပြည့် အပါအ၀င် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏သားဦးဆောင်ကာ လူ ၁၅ ဦးခန့်ဝင်ရောက်ကာ ကွန်ပျူတာ Hard disk များနှင့် ဂျာနယ်များယူဆောင်သွားသည်ဟု ၎င်းဂျာနယ်ပိုင်ရှင် ဦးမိုးဟိန်းက ယနေ့နေ့လည် ၂ နာရီတွင် ၎င်းဂျာနယ်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ဝင်ရောက်သိမ်းဆည်းသွားခြင်းမှာ နောက်ဆုံးထုတ်ဂျာနယ်တွင်ဖော်ပြခဲ့သည့် လပြည့်ညပြီးရင် လကွယ်ညနဲ့ လမိုက်ညလာစမြဲပဲ မော်စကိုမှာသာမယ့်လဆောင်းပါးနှင့် မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင်ညီလေးများထံသို့ပေးစာ စသည့်ဆောင်းပါးများကြောင့် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ရှင်းလင်းပြောဆိုသည်။

၎င်းဆောင်းပါးများသည် Miss Universe Myanmar မိုးစက်ဝိုင်နှင့် ဖိုးလပြည့်တို့အကြောင်းအရာများရေးသားထားပြီး အခြားဆောင်းပါးအများစုမှာလည်း ယခင်စစ်အစိုးရဟောင်းများနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်ခိုက်ရေးသားထားခြင်းဖြစ်သည်။

`ပြည်သူလူထုထံမှ မတရားအခွင့်အရေးများဖြင့် အချောင်ကြီးပွါးနေသော ခရိုနီကြီးများအားလုံးက ကျွန်ုပ်တို့မြန်မာပြည်သူများအားကိုးနေရသော သူရိယအလင်းဂျာနယ် အားနှောက်ရှက်ဟန့်တားခြင်း၊ ပျက်စီးရာ ပျက်စီးကြောင်းပြုလုပ်ခဲ့ပါက မိမိတို့ ရဟန်းရှင်လူပြည်သူများက ခရိုနီတစ်စုအား လက်တုန့်ပြန်သွားမည်´ ဟု သူရိယအလင်း ဂျာနယ်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရသည်။

ယခုကဲ့သို့ ဂျာနယ်တိုက်ဝင်ရောက်စီးနင်းခံရခြင်းအတွက် တရားဥပဒေအရလုပ်ဆောင်သွားမည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မပြောကြားသေးဘဲ ညှိနှိုင်းနေဆဲဟုသာဆိုသည်။ ။
 Yangon Press International

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis