menu

Monday 14 October 2013

မန္တလေး၌ ဗုံးတစ်လုံး ဖောက်ခွဲပြီးနောက် မသင်္ကာဖွယ်အိတ်တစ်လုံးထပ်မံတွေ့ရှိ

Photo by Thein Than Win Facebook photo (ရွေဘဲနားဗုံးတွေ့လို့တဲ့)
မန္တလေးမြို့ ၂၉လမ်းနှင့် ၃၀လမ်းကြား ၆၂လမ်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဝေပုလ္လာရာမကျောင်း မတ္တရာတိုက်အပေါက်ဝ၌ အောက်တိုဘာလ(၁၄)ရက်နေ့ ညနေ ၄း၃၀ ၀န်းကျင်က ကလေးကျောပိုးအိတ် အပြာရောင်တစ်လုံး မင်္သကာဖွယ် တွေ့ရှိ ရသဖြင့် တိုင်းရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူကာ အဆိုပါ အထုတ်ကိုကာရံထားသည်ဟု မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မွန်းလွဲ ၂ နာရီကျော်ကလည်း မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် ဗုံးတစ်လုံးတွေ့ရှိရာ သက်ဆိုင်ရာက စနက်တံဖြုတ်ရန်ကြိုးပမ်းခဲ့ရာမှ စနက်တံအောင်မြင်စွာ မဖြုတ်နိုင်သည့်အတွက် မွန်းလွဲ ၃ နာရီအချိန်၌ ဖောက်ခွဲလိုက်သည်ဟု သိရှိရသည်။

Shwe MyitMaKha News Agency

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis