menu

Monday 30 September 2013

ထန်းတပင် တီဘီဆေးရုံအုပ်ကြီး ဆေးရုံအတွင်း ရုတ်တရက်လဲကျသေဆုံး


ဇော်ဇော်ထွေး | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၂၁ မိနစ်

ထန်းတပင်မြို့နယ် တီဘီဆေးရုံတွင် ဆေးရုံအုပ်ကြီးသည် ဆေးရုံအတွင်း ရုတ်တရက် လဲကျသေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲက တူးချောင်းကျေးရွာအုပ်စုရှိ တီဘီဆေးရုံတွင် ဆေးရုံအုပ်ကြီးမှာ ၎င်းရုံးခန်းအတွင်း ရုတ်တရက် လဲကျသေဆုံးကြောင်း သတင်းအရ တက်သစ်နယ်မြေရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

သေဆုံးသူမှာ ဆေးရုံအုပ်ဖြစ်သည့် ဒေါက်တာ ခင်မောင်ဦး(၅၃)နှစ်၊ တီဘီ ဆေးရုံဝင်း၊ ၀န်ထမ်းအိမ်ရာ၊ တူးချောင်းကျေးရွာ ထန်းထပင်မြို့နယ်နေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။


၎င်းသည် နံနက် ၁၀ နာရီခွဲအချိန်တွင် သူ၏ ရုံးခန်းအတွင်း ထိုင်နေစဉ်မှာပင် စားပွဲပေါ်သို့ ရုတ်တရက်မှောက်လဲကျပြီး သတိလစ်သွားသဖြင့် ဆေးရုံဝန်ထမ်းများက အရေးပေါ်ကုသပြီး ပန်းလှိုင်ဆေးရုံသို့ ပို့အုပ်စဉ် ၁၁ နာရီ ၂၀ အချိန် ဆေးရုံသို့ ရောက်စဉ်တွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ကနဦးအနေဖြင့် စစ်ဆေးတွေ့ရှိထားသည်။

သေဆုံးသူတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသော်လည်း နှလုံးသွေးကြောကျဉ်းရောဂါရှိသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟုလည်း ရဲဌာနက ဆိုထားသည်။ ထို့ကြောင့် သေဆုံးသူ အလောင်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းသေဆုံးမှုကို သွေးရိုးသားရိုး သေဆုံးမှု ဟုတ်မဟုတ် စစ်ဆေးရန် ဒု-ရဲအုပ်မျိုးလွင် က အမှုဖွင့် တိုင်တန်းထားသည်။

ထို့ကြောင့် တက်သစ်နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/၃ ဖြင့် အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးမည်ဟု တိုင်းရဲ ဌာနမှ စုံစမ်းသိရသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis