menu

Tuesday 24 September 2013

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ကုန်တိုက်တစ်ခုအား စစ်သွေးကြွများတိုက်ခိုက် လူ ၅၉ ဦးထက်မနည်း သေဆုံးပြီး ၁၇၅ ဦး ဒဏ်ရာရ

Photo: ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ကုန်တိုက်တစ်ခုအား စစ်သွေးကြွများတိုက်ခိုက်
လူ ၅၉ ဦးထက်မနည်း သေဆုံးပြီး ၁၇၅ ဦး ဒဏ်ရာရ

နိုင်ရိုဘီ စက်တင်ဘာ ၂၂

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ဝက်စ်ဂိတ် ကုန်တိုက် တစ်ခုအား စစ်သွေးကြွများက စက်တင်ဘာ ၂၁ ရက်တွင် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၅၉ဦး သေဆုံးပြီး ၁၇၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး က ပြောကြားကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြ သည်။
အယ်ဇာဘတ်စစ်သွေးကြွအဖွဲ့မှ တိုက်ခိုက်သည်ဟု သံသယမကင်းဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ယင်းကုန်တိုက်မှ လူ ၁၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရ ကြောင်း ဝန်ကြီးလျိုးလန်ကူက ပြောကြားသည်။

စစ်သွေးကြွ တိုက်ခိုက်ရေးသမား ၁၀ ဦးမှ ၁၅ ဦး သည် ယင်းကုန်တိုက်အဆောက်အအုံအတွင်း ရှိနေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းအခြေအနေမှာ အဆိုပါဈေးဝယ်ဌာနနှင့် ပတ် ဝန်းကျင်၌ လက်နက်ကိုင်စစ်သွေးကြွများ ရှိနေကြောင်းနှင့် အဆိုပါအဆောက်အအုံအတွင်း လက်နက်ကိုင်တိုက်ခိုက် မှုများ ပြတ်တောင်းပြတ်တောင်း ဖြစ်ပေါ်နိုင်သေးဟု ဆိုသည်။
ယင်းအဆောက်အအုံအတွင်း ပြည်သူအများအပြား ရှိနေပြီး ယင်းတို့မှာ လက်နက်ကိုင်စစ်သွေးကြွများ၏ ထိန်းသိမ်းခြင်း သို့မဟုတ် ဓားစာခံများအဖြစ် ထိန်းသိမ်း ထားခြင်း ခံရနိုင်ဖွယ်ရှိနေသည်။

အယ်ဇာဘတ် သူပုန်အဖွဲ့က ဘီဘီစီသတင်းဌာနသို့ ပြောကြားရာတွင် ဆိုမာလီနိုင်ငံအတွင်း၌ ကင်ညာတပ်ဖွဲ့ များ၏ စစ်ရေးအရ ဆောင်ရွက်မှုများကို တုံ့ပြန်ရန်အတွက် ယင်းသို့သော ကုန်တိုက်များအား တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
၂၀၁၁ခုနှစ်မှစ၍ ဆိုမာလီနိုင်ငံတောင်ပိုင်းရှိ စစ်သွေး ကြွများအား တိုက်ခိုက်ရန် ကင်ညာတပ်ဖွဲ့ဝင်အင်အား ၄၀၀၀ ခန့်ကို စေလွှတ်ထားခဲ့သည်။
ဘီဘီစီ။
http://www.moi.gov.mm/npe:zg/news/23/09/2013/id-6135

အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks
Re-posted By ACM 23-9-2013 
https://www.facebook.com/excellencemedia

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis