menu

Tuesday 24 September 2013

ဆေးပေါင်းစုံယဉ်ပါးနေသောပိုးများ ထွက်ပေါ်နေ

[ ခင်သက်မွန် ၊ စက်တင်ဘာ ၂၃ ၊ ရန်ကုန် ]

ဆေး မျိုးစုံယဉ်ပါးနေသည့် ရောဂါပိုး များ ထွက်ပေါ်နေသဖြင့် ဆေး အသစ်များ ထပ်မံထုတ်လုပ်ခြင်း မပြုနိုင်ပါက ရောဂါပိုးရှိနေသည့် လူနာအများစုမှာ အသက်ဆုံးရှုံး နိုင်ဖွယ်ရှိနေကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဆေးပညာဌာန မှ ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောသည်။ရောဂါအပေါ်မူတည်ပြီး ဆေးသောက်နေသောလူနာအ နေဖြင့် ဆေးမတိုးခြင်းများဖြစ်ပွား နေပြီး များသောအားဖြင့် လူ ၁၀၀ တွင် ရာခိုင်နှုန်း၅ဝခန့်သည် ဆေး ယဉ်ပါးနေကြောင်း၊ ယင်းရာခိုင် နှုန်း၅ဝမှ ရာခိုင်နှုန်း၃ဝခန့်သာ ထိုးဆေးဖြင့် ဆေးတိုးနေပြီး ကျန် ရာခိုင်နှုန်း ၂ဝသည် အသက်အန္တ ရာယ်ရှိနေကြောင်း သိရသည်။

ယင်းသို့ ဆေးယဉ်ပါးမှုဖြစ် လာရခြင်းမှာလည်း သက်ဆိုင်ရာ ဆေးဝါးများကို ဆရာဝန်ညွှန် ကြားချက်အတိုင်း အတိအကျ သောက်သုံးခြင်းမရှိခြင်း၊ မိမိတို့ ရောဂါသက်သာသည်နှင့် ဆေး သောက်ခြင်းကို ရပ်တန့်လိုက်ခြင်း၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပိုးသတ်ဆေးများကို မိမိဆန္ဒနှင့် မိမိဝယ်ယူသောက်သုံးခြင်းတို့ ကြောင့်ဖြစ်ကြောင်းလည်း သိရ သည်။

''တားဆီးဖို့ကတော့ ပိုး သတ်ဆေးတွေကို ဆရာဝန်လက် မှတ်မပါဘဲ ရောင်းချခွင့်မပြုဖို့အ ရေးကြီးတယ်။ ခေါင်းကိုက်ပျောက် ဆေးတို့ ဘာတို့က ဝယ်သောက် လို့ရတယ်။ ကိစ္စသိပ်မရှိဘူး။ အ လွန်ဆုံး ဗိုက်အောင့်ရုံလောက်ပဲ ရှိမယ်။ ပိုးသတ်ဆေးတွေကို မိမိ ဘာသာ ဆိုင်က ဝယ်သောက် လိုက်လို့ အဲဒီပိုးသတ်ဆေးကို ပိုး တွေကယဉ်သွားရင် မိမိကနေတစ် ဆင့် တခြားသူတွေကို ကူးသွား နိုင်တယ်။ အဲဒီတော့ နောက်လူ က ဆေးကိုစနစ်တကျ သောက် ပေမယ့်လဲ ဆေးမတိုးတော့ဘူး''ဟု ပါမောက္ခ ဒေါက်တာချစ်စိုး က ပြောသည်။

လက်ရှိအချိန်တွင် ဆေးယဉ် ပါးနေသောပိုးများသည် ပိုးသတ် ဆေးပင်နီဆီလင်ဖြင့်လည်း တိုက် ထုတ်၍မရသည့်အတွက် နောက် ဆုံးပေါ်နေသည့် မယ်ဒီဆီလင် ဆေးသည်လည်း ယဉ်ပါးလာနိုင် ဖွယ်ရှိနေပြီး ယခုနောက်ဆုံးပေါ် နေသည့် vaicomycin(VRSA) မှာလည်း နောင်ဆယ်နှစ်ခန့်ကြာ လျှင် ယဉ်ပါးမှုဖြစ်နိုင်ကာ ဝက်ခြံ ပေါက်ခြင်းမှတစ်ဆင့် ဆေးယဉ်ပါး နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်ကြောင်း သိရသည်။

''ခြေထောက်မှာ အဆူးစူး လို့ အနာလေးဖြစ်တယ်။ အရင် က ပင်နီဆီလင်ပေးတယ်။ မပျောက် ရင် MRSA ပေးတယ်။ MRSA နဲ့မရရင် vaicomycin (VRSA) ဆေးပေးတယ်။ အခု VRSA နဲ့ မရရင် သူ့နောက်မှာ ဆေးမရှိ တော့ဘူး။ အရင်တုန်းကတော့ ဆူးစူးရင် မသေနိုင်ဘူး။ အခု တော့ သေနိုင်တယ်။ ဆူးစူးတယ် ဆိုတာက အပ်ကလေးစူးတာနဲ့ တော့ လူက သေစရာမရှိဘူး။ သေတယ်ဆိုတာက ဆူးထဲမှာပါ တဲ့ပိုးက သွေးထဲအထိရောက် သွားပြီးတော့မှ သေတာပေါ့''ဟု ပြောသည်။

ဆေးယဉ်ပါးခြင်းသည် လတ် တလော လူတို့ကြားဖူးနားဝရှိနေ သော တီဘီရောဂါတွင်သာမက တခြားသောရောဂါပေါင်းစုံတွင် လည်း ယဉ်ပါးနိုင်ခြင်းကို ပြည်သူ များသတိပြုရန် အထူးလိုအပ်လှ ပြီး ဆေးယဉ်ပါးခြင်းသည် ကိုယ် တိုင်တင်ဒုက္ခရောက်စေရုံတင်မ ကဘဲ မိသားစုများ၊ ပတ်ဝန်းကျင် ရှိသူများနှင့် နောက်ဆုံးတွင် ဆေး လောကတစ်ခုလုံးပါ ထိခိုက်သွား နိုင်သည့်အတွက် အထူးအလေး ပေးရမည့် ပြဿနာတစ်ခုဖြစ်လာ နေကြောင်း သိရသည်။
''အရင်တုန်းကတော့ ဝမ်း ပျက် ဝမ်းလျှောဖြစ်ရင် တော်ရုံ တန်ရုံဆေးလေးသောက်လိုက်ရင် ပျောက်သွားတယ်။ အခု ဘာဆေး ထိုးထိုး၊ သောက်သောက် မပျောက် တော့ဘူး။ ဆေးတွေယဉ်ပါးပြီး တော့ ဝမ်းလျှောရင်းနဲ့လဲ အသက် ဆုံးရှုံးနိုင်တယ်။ အဲဒီတော့ တီဘီ ရောဂါမှတင်မကဘူး။

တခြားသော ရောဂါစုံ ယဉ်တဲ့ပိုးတွေ ပေါ်လာ မယ်။ ဒါဟာလဲ ဆေးလောကရဲ့ ပြဿနာတစ်ခုဖြစ်လာနေပြီ''ဟု ပါမောက္ခ ဒေါက်တာချစ်စိုးက ဆက်လက်ပြောသည်။ဆေးများကို မိမိသဘော ဖြင့် တစ်လုံးစနှစ်လုံးစ ဆေးဆိုင် များတွင် ဝယ်သောက်ပြီး ရောဂါ သက်သာသည်ဟုယူဆကာ ဖြတ် လိုက်ခြင်းများကြောင့် ဆေးပတ် လည်ခြင်းမရှိတော့ဘဲ ဆေးယဉ် ပါးမှုများ ဖြစ်ပေါ်နေခြင်းကို ကာ ကွယ်နိုင်မည့်အချက်မှာ ပိုးသတ် ဆေးများကို ဆရာဝန်လက်မှတ် ပါမှသာလျှင် ရောင်းချခြင်း၊ ဝယ် ယူခြင်းများ ပြုလုပ်သင့်ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis