တိုက်ခန်းနဲ့ နေရတာထက် မြေလေးနဲ့
ခြံလေးနဲ့နေချင်လို့ ဈေးနှုန်းတွေ တက်နေပေမယ့် ရန်ကုန်မြို့ မြို့နယ်
အသစ်ရဲ့ ရပ်ကွက်တစ်ခုမှာ ၄ဝ x ၆ဝ မြေကွက်ေ လးတစ်ကွက် သွားဝယ်ခဲ့ တယ်။
ကိုယ့်ရှိတဲ့ ငွေလေးနဲ့ တစ်နိုင် တစ်ပိုင်လေး ဝယ်ရတာမို့ ကိုယ်ဝယ်
လိုက်တဲ့ မြေကွက်နဲ့ အိမ်ရှိတဲ့လမ်းက ရွှံ့ဗွက်တွေ ဗရပွနဲ့ အိမ်ကလည်း ချောင်
ကျကျလေးပေါ့။ ကျွတ်တွေ မျှော့ကြီး တွေကတွယ်။ မိုးရွာရင် အိမ်ထဲအထိ
ရေတွေကဝင်။ ဒါနဲ့ပဲ အိမ်ရှေ့ ရေမြောင်းဖော် ကွန်ကရစ်လေးခင်းဖို့ အုတ်၊ သဲ၊
ကျောက် မှာရပါတော့တယ်။ လိုအပ်တာလေး တွေ ပန်းရံနဲ့မှာပြီး အိမ်ပြန်လာ။ မကြာ
ပါဘူး။
အိမ်အသစ်လေးမှာ အစောင့် ထားခဲ့တဲ့
အလုပ်သမားလေးက ဖုန်း ဆက်လာတယ်။ မိန်းမတစ်ယောက် အိမ်ရှေ့မှာ ထမီ မ,ပြီး
လာအော်နေ တယ်တဲ့။ အုတ်၊ သဲ၊ ခဲကားတွေဝင်လို့ လမ်းတွေပျက်ကုန်တယ်ဆိုပြီး
ရန်ရှာနေ တယ်တဲ့။ ဒါနဲ့ပဲ ချက်ချင်း ပြန်ပြေး ကိုယ်က လူသစ်ဆိုတော့
သူတို့ဘာပဲ ပြော ပြောသူတို့နဲ့ အဆင်ပြေဖို့ လိုတယ် မဟုတ်လား။ ဟိုရောက်တော့
ရန်ပြုပါ တယ်ဆိုတဲ့ ဆရာမကြီးတွေကို လုံ လောက်တဲ့ ပစ္စည်းဝယ်ပြီးတာနဲ့ လမ်း
ပြန်ခင်းပေးပါ့မယ်၊
ကွန်ကရစ် လမ်းခင်း မယ်ဆို ရင်လည်း သုံးချိုးတစ်ချိုး
မတည် ပါ့မယ်၊ ခဏလေးလောက်သည်းခံပေး ပါလို့ အဆင်ပြေအောင် ချော့မော့ ဖား
လျားပြီး အုတ်ကျိုးတစ်စီးကို ၄၂ဝဝဝ ကျပ်နဲ့ဝ ယ်ပြီးကျေန ပ်အောင် သူတို့အိမ်
ရှေ့လမ်းဘေးမှာ ချထားပေးခဲ့ပါတယ်။ သဲတွေလည်း စုပုံထားပေးခဲ့ပါတယ်။
ဒါပေမဲ့ ကိုယ်ဝယ်ပေးတဲ့ အုတ် ကျိုးတွေကို
လမ်းသားပေါ် စုပုံပြီး နောက်ထပ်ဝင်လာမယ့် သဲကားတွေ ဝင်မရအောင်
လုပ်ပြန်ပါတယ်။ သဲကား မောင်းတဲ့ ဒရိုင်ဘာက ကားအောက် ပိုင်းနဲ့
မလွတ်ဘူးဆိုလို့ ကားနဲ့ လွတ်ရုံ လေး သွားဖယ်ဖို့ သွားတာကို ငှက် အသိုက်ထဲ
မြွေဝင်သလို ဆူညံပွက် ပြန် ရန်လုပ်ပြန်ရော။ ခဏလေးပါ ပြန် ထား
ပေးပါ့မယ်ဆိုလည်း မရ။ သူတို့ကျေနပ် အောင် သူတို့နဲ့ ပြေလည်အောင် ကိုယ့်
ဘက်က ကြိုးစားသမျှ သူတို့ဘက်က လူစွာလုပ်လွန်းလှတယ်။ မိုက်ကြေးခွဲ လွန်းလှပါ
တယ်။ကိုယ့်ဗမာလူမျိုးအချင်းချင်း ဧည့် သည် မျက်နှာစိမ်းကို ကူညီဖေးမရမယ့်
အစား ရွာခံရွာစား အမိုက်စားကြီးတွေ လုပ်ပြီး စရိုက်ဇယား ခင်းပြပုံများ
သူတို့ ဘက်က ယောက်ျားတစ်ယောက်က တောင် သူ့ပစ္စည်း ဘယ်လို ထြ<ွက ကြောင်း
ပါဝင်ပြီးကြော်ငြာနေသေးတော့ ကိုယ်လည်းပုထုဇဉ်ပီပီ သည်းခံနိုင်စွမ်း
ကုန်ခဲ့ရတော့ တယ်။ကိုယ့်စကားရဲ့ နိဂုံးကတော့ လမ်း ကောင်းဖို့ ဘာမှ
ထပ်မလုပ်ပေးနိုင် တော့ဘူးလို့။ တစ်ဆက်တည်းဝင်လာ တဲ့အတွေးကတော့ ငါတော့
အကုသိုလ် ဝင်ပြီဆိုတာ ပါပဲ။ ခဏနေတော့ ကိုယ့် ကို ဝိုင်းအာတဲ့အထဲမှာ ပါတဲ့
မျက်စိ အကြောလိုက်နေတဲ့ မိန်းမတစ်ယောက် က ဆိုင်ကယ်စီးပြီး
ဟန်းဖုန်းစကားပြော ရင်း ထွက်သွား တာ တွေ့ရတယ်။ မြို့ လယ်မှာ နေခဲ့တော့
သိနေတာ တစ်ခု တော့ရှိတယ်။ အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူပြီလို့။ ဒါနဲ့
ကိုယ့်လူ ကိုယ် သေချာေ အာင် ပြန်မေးရပြန် တယ်။ လမ်းလူကြီးတွေ ဘာတွေ
မပြောထားဘူးလားဆိုတော့ လမ်းလူကြီးကိုယ်တိုင်က အားလုံးကောင်း ဖို့လုပ် တာပဲ
အေးအေးဆေးေ ဆးသာ လုပ် ညီလေးလို့ ပြော ပါတယ်တဲ့။ ကိုယ့် အစောင့်အလုပ်သမားက
ပြန်ပြောပြ တော့မှစိတ်ချလက်ချဆက်လုပ်ကြတယ်။ ဒါပေမဲ့သည်လို
စရိုက်မျိုးတွေကို ရွာနီး ချုပ်စပ် မြင်ဖူးေ တွ့ဖူးလို့ ကိုယ့်အလုပ်
သမားတွေအတွက် စိုးရိမ်ပြီး ဧည့်စာရင်း တိုင်ဖို့မှာပြီး အိမ်ပြန်ခဲ့တယ်။
အိမ်ပြန် တော့ ည ၇ နာရီ ထိုးနေပါပြီ။
ည ၉ နာရီလောက် ကျတော့
ကြောက်လန့်တုန်ရီနေတဲ့ အသံနဲ့ အလုပ်သမားလေးက ဖုန်းဆက်လာ တယ်။ သူက ကိုယ့်ကို
စကားပြောနေ တာကို အနောက်က အသံနက် ကြီးနဲ့ ဒေါသတကြီး
ဆဲဆိုကြိမ်းမောင်းသံတွေ ပါရောထွေးပြီး ကြားနေရတယ်။ အလုပ် သမားလေး ပြောတာက
”အစ်မ ရေ ကျွန်တော် ဧည့်စာရင်း လာတိုင်တာကို ရုံးထဲတောင် မဝင်ရသေးဘူး။
အစ်မနဲ့ ညနေက စကားများတဲ့ မိန်းမတွေနဲ့ စကားရပ်ပြောနေတဲ့လူကို အဲဒီမိန်းမ
တွေက သူပဲသူပဲဆိုပြီး ကျွန်တော့်ကို လက်ညှိုးထိုးတော့ အဲဒီလူက ကျွန်တော့်
ကို မင်းက ၁ဝဝ၉ က ကောင်လား မင်း ကို တိုင်ထားတယ်။ မင်း ဟိုအခန်းထဲ ဝင်လို့
ကျွန်တော့်ကိုပြောတယ်။ ကျွန် တော်က ဧည့်စာရင်း လာတိုင် တာပါ၊ ကျွန်တော့်မှာ
ဘာအပြစ်ရှိလို့လဲဆိုတာ ကို သူကထိုးမယ်ကြိတ်မယ် လုပ်နေ တယ်။ အရက်တွေလည်း
မူးနေတယ်။ ကျွန်တော်ကြောက်လို့ အစ်မအမြန်လာ ပါတဲ့။
ကောင်လေး အဲလိုပြောတော့ သူ့ နောက်ကနေ
”ငါ..သား။ ကြိုက်တဲ့ ကောင်ခေါ်ခဲ့။ ..ပဲ။ မင်း အစ်မ လည်း..ပဲ။ ခေါ်လိုက်
မင်းအစ်မပါ ခေါ်လိုက်။ စောက်ခွက်တွေ စုတ်သွား မယ်။ သတ္တိရှိတဲ့ကောင်လာခဲ့။
ကြိုက်တဲ့ နေရာတိုင်။ ..ပဲ။ ငါက ဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးကွ”
ကြားရတာနဲ့တင် ဒေါသတွေ မခံ ချင်စိတ်တွေက ဆူပွက် လာခဲ့ပြီ။ တစ် ယောက်တည်း
စောင့်အိပ်ရသော အ လုပ်သမားလေးအတွက် စိုးရိမ်ရသော အခြေအနေကညွှန်နေလေပြီ။
ထို့ကြောင့် သူခေါ်သော အခန်းထဲသို့ မဝင်ရန် အန္တရာယ်ရှိသဖြင့်
အမြန်ဆုံးထိုနေရာမှ ခွာရန်နှင့် အိမ်မပြန်ဘဲ ကုန်ပဒေသာ မှတ်တိုင်တွင်
ထွက်ထိုင်နေရန် မှာကြား ပြီး ထိုနေရာသို့အလောတကြီး ပြန်ပြေး ရပြန်ပါ သည်။
မဖြစ်မနေသာ လာရသည်။ ကိုယ် လည်း
ခပ်ကြောက်ကြောက်။ ကိုယ်ဝယ် ထားသော အိမ်သို့ပင် ကိုယ်မသွားရဲ တော့…။
ရပ်ကွက်လူကြီးတောင် မူး ရူးရိုင်းစိုင်းရန် လိုနေမှတော့ ချောင်ကျ သော
ကိုယ့်အိမ်ထဲ ဘယ်လိုသတ္တိနဲ့ သွားရမှန်းမသိ။ သက်ဆိုင်ရာ မြို့နယ်
အုပ်ချုပ်ရေးရုံးကလည်း အခုချိန် ပိတ် လောက်ပြီ။ ၁ဝ နာရီပင် ကျော်ေ နပြီဆို
တော့ ဦးနှောက်က အလျင်အမြန် အဖြေရှာရတော့သည်။ ဒါနဲ့ပဲ သက်ဆိုင်ရာမြို့နယ်
ရဲ စခန်းကို ရောက်ခဲ့သည်။ ဟိုရောက် တော့ ကြိုဆိုပုံတွေက မလှပ။ ကြည့်တဲ့
မျက်လုံးနဲ့ အမူအရာတွေက လိုလား ဟန် လုံးဝမပြ။ ပျူငှာဖို့ဝေးလို့ အမှု စစ်ကို
စကားပြောနေတာတောင် စခန်း မှူးဆိုသူက ခင်ဗျားပါးစပ်ပိတ်ထား စမ်း။ သည်မှာ
ကျုပ်မေးရဦးမယ်ဆိုပြီး အသားလွတ်ကြီး အဟောက်ခံရသည်။
”တစ်ခါမှမမြင်ဖူးမတွေ့ဖူးပဲနဲ့ ကျွန်မ ကို
ဘာ့ကြောင့်ရန်လိုနေသလဲ ကျွန်မ သိပါရစေ။ ကျွန်မအားကိုးတကြီးနဲ့လာ ခဲ့တာ။
ကျွန်မတောင်ဘာတစ်ခုမှ မ ပြောရသေးဘူး။ လိုလားတဲ့မျက်နှာ ပေး လေးတောင်မှ
မတွေ့ရဘူး” ဆိုတော့ အမှုစစ်က ကျွန်တော်တို့က ဘာလုပ် ပေးရမလဲတဲ့။
ပြဿနာတစ်ခုဖြစ်လာ ရင် ဘယ်လိုပုံဖြေရှင်း ကိုင်တွယ် ရမည် ကို မသိလေသော
ရဲဝန်ထမ်းကောင်း များက မှုခင်းဖြစ်ပွားမှုနှုန်းကို လျော့ပါး စေသည်လား။
ဘာဖြစ်တယ်ဆိုတာ သေချာမမေး ရသေးဘဲ ရန်လို ဆက် ဆံနေပုံက မသိ စိတ်တွေကို
ကြောက်အားပိုစေသည်။ ကိုယ်ဘယ်မှာရောက်နေကြောင်း တစ် ဦးတစ်ယောက်တော့
အသိပေးသင့် သည်ဟုယူ ဆပြီးသူငယ်ချင်း တစ်ယောက် ဆီ ဖုန်းဆက်ထားလိုက်သည်။ တော
ခွေးကိုက်လို့ ကျားကိုတိုင်သလို ဖြစ်နေ ပြီဟု ထင်ခဲ့မိသည်။ထို့နောက်
တိုင်ချက်ရေးပြီး ကျွန် မတို့ကိုပြန်ခိုင်းသည်။ ဧည့်စာရင်းလည်း မရှိသဖြင့်
အခြေအနေအရ ရဲစခန်းမှ လိုက်ပါပို့ဆောင်ပေးပါရန် အသနားခံ တောင်းဆိုပြီး
ကျွန်မဝယ်ထားသောအိမ် မှာအလုပ်သမားလေးကို ပြန်ပို့ထား ခဲ့ရသည်။
အချိန်က သန်းခေါင်ကျော် ညဥ့် ၂ နာရီခွဲ။
အစအဆုံးလိုက်ပါလာသော တက္ကစီ သမားကတော့
ပြောရှာသည်။ အရင် ထက်ပိုဆိုးလာတယ်။ လူပဲပြောင်းတယ်၊ မူမပြောင်းသေးဘူး
အစ်မရေ။ ဒါမျိုး တွေ က နေရာ တိုင်းနီးပါးမှာ ရှိနေသေး တယ်တဲ့။
သူပြောတယ်ဆိုပေမယ့် ကိုယ် လည်း သည်အတိုင်းပဲ ပြောချင်နေတာ ကြာခဲ့ပါပြီ။
လူတိုင်းလူတိုင်း ပြည်သူ တိုင်း လည်း ခံစားနေ ရသေးတာ တူညီ နေပါဦးမည်။
အထက်ကပြောင်းပြီး အောက်က မပြောင်းဘူးလို့ ဝိုင်းဝန်းဝေဖန်သံတွေ ကြားနေရသည်။
အမှန်ကပြောင်းပေ မယ့် နှောင်းေ နပြီဖြစ်သည်။ လက်ပါးစေ တွေ၊ ကျွန်ပါးဝတွေ၊
အာဏာရူးတွေက ရပ်ကွက်ကင်းတဲစောင့်တွေအထိ ကူး စက်ပြန့်ပွားနေသည်။
အောက်ကပြောင်းတာ အပေါ်က မသိခြင်းလား။
အပေါ်ကပြောင်းတာကို အောက်ကမသိခြင်းလား။ သေချာတာ တစ်ခုကတော့ အရှိန်မသေသေးသော
ပန်ကာဒလက်တွေ လို ခလုတ်ပိတ်တာမှ မကြာသေးပဲကိုးလို့။ အပေါ်ကလူက အောက်ကို လက်
ယပ်ခေါ်နေသည်။ အောက်က လူက အပေါ်ကို မျှော်ကြည့်နေသည်။ သို့ သော် သူတို့ ရည်
ရွယ်ချက်ကို မည်သူမှ မသိရ။ လက်သပ်မွေးဖို့ မြှားခေါ်သူ နှင့် လူနေခြုံကြား
စိတ်နေဝတိံဖျား လုပ်နေ တဲ့သူတွေမှာ ပြည်သူ့အတွက် ကိုးရိုး ကားရားတွေနှင့်
”ကိုယ့် ခွင်ထဲ ဝင်တာ နှင့် အပိုင်ထုနှက်ချင်တဲ့သတ္တိရှိတွေ
အာဏာပြချင်စိတ်တွေ ရှိနေပုံက အနာ ဂတ်အတွက် ရင်လေးစရာ။ လူကြီးလူ
ကောင်းဖြစ်ဖို့ ငယ်စဉ်ကတည်းက မိမိ ကိုယ်ကိုပြုပြင်ထိန်းကျောင်းဖို့ လိုသည်။
တစ်စက်တစ်စက်နှင့်ကျသော ခေါင် တန်းမှ ရေသည်ကြာသော် ရေတစ်ပုံး
ပြည့်တတ်ပါသည်။ မကောင်းတာလုပ် ပြီး နေရာရ လူရာဝင်နေသည်ကို အတု
ခိုးမှားသူများ ပိုမိုတိုးပွားလာနိုင်သည်။ ယခင်ကတည်းက
စိတ်ဓာတ်နိမ့်ပါးခဲ့ပြီး ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းခဲ့သူများ၊ မပြုမပြင်
မထုမဆစ်ဘဲ အလိုက်သင့် ပုံ ပေါ်ခဲ့သော အမြီးကျက် အမြီးစားများ၊
ရှေ့သွားနောက်လိုက်ညီခဲ့သော ကြွက် မြီးတန်းများ၊ ကြီးလေချဉ်လေ
သံပရာမျိုးများကတော့ ပြည်သူလူထုအတွက် အကျိုးမများနိုင်အောင် တန်ခိုးထွားနေ
ပြီဆိုရင်တော့ လူကြီးလူမိုက်အဖြစ်နဲ့ အော့နှလုံးနာစရာ။ သည်လို လူတွေ
အစဉ်အဆက်များခဲ့သည်။ ဆက်လက် ၍လည်း တိုး ပွားနေသည်။ ကောင်း အောင်
ကြိုးစားချင်သူတွေအတွက် လည်း အခြေအနေပေးပုံမရ။
အမှန်အမှားကို ဝေဖန်ပိုင်းခြား နိုင်သော
သမာသမတ်ရှိ၍ ပြဿနာများ ကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေး လျက်
ပြည်သူတို့၏ စိတ်နှလုံးကို မြင့် မြတ်တည်ကြည်ေ စသော လေးစားအတု
ခိုးဖွယ်စံပြလူကြီးလူကောင်းများ ပေါ များပါစေ။ ပြည်သူတို့၏ စိတ်နှလုံးကို
ဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်ရန်လိုသော၊အတုခိုးမှားနိုင်သော လူကြီးလူမို က်
များ ကျဆုံးပါစေကြောင်း မြန်မာ ပြည်သူ ပြည်သားများအတွက် ဆုတောင်းလိုက်
ပါသည်။
လေဒီဒိုင်းမွန်း
Popular Myanmar News
No comments:
Post a Comment