menu

Friday 20 September 2013

တံခါးတွေ ပိတ်မထားကြပါနှင့်

စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မိမိနေအိမ်သို့ သူခိုး ဝင် ခိုးသွားသည်။ အတင့်ရဲသော သူခိုးသည် အိမ်ရှေ့ဝရံတာမှ ကျော်တက်ခါ ဖွင့် ထားသောတံခါး များကိုဖြတ်၍ အိမ်ထဲ သို့ ဝင်ခြင်းဖြစ်၏။ ပထမထပ်ဖြစ်သဖြင့် တက်သည်ထားဦး အိမ်ရှေ့တည့်တည့် ဝယ် အလုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ နေသည်ကိုမှ အားမနာသော သူခိုးသည် မိမိ၏ လက်ပ်တော့ကွန်ပျူတာနှင့် ပိုက် ဆံအိတ်၊ ဇနီးနှင့် အစ်မတို့၏  ဟင်းဖုန်း များကို ယူသွားလေ၏။ ကွန်ပျူတာထဲ ဝယ် အတန်အသင့်အရေးကြီးသော အ ချက်အလက်များပါသွားသည်။
မိမိနေအိမ်သို့ သူခိုးဝင်ခြင်းသည် ခုမှမဟုတ်။ ဒါနှင့်ပါဆို သုံးကြိမ်ရှိပြီ။ လွန်ခဲ့သည့်တစ်နှစ်ခန့် ပထမဆုံးအကြိမ် တုန်းကတော့ နောက်ဖေးတံခါးပျက်စီး နေသည့် အားနည်း ချက်ကို အသုံးချ၍ ဝင်သည်။ အဲသည်တုန်းကလည်း ပါ သွားတာတွေရှိသည်။  တံခါးကို သေ သေချာချာပြင်လိုက်ပြီး လေးငါးလအ ကြာဝယ် နောက်ဖေးပြူ တင်းပေါ က် မှန် ပြားကိုဖြုတ်ရန် ကြိုးစားပြီး  ဒုတိယအ ကြိမ်ဝင်ရန်ကြံစည်ခဲ့သည်။ လူသိသွား သဖြင့် မအောင်မြင်။ ဒုတိယအကြိမ်အ ပြီး ငါးလခန့်ကြာသည်တွင်မူ ယခုကဲ့သို့ အိမ်ေ ရှ့မှတက်ကာ ဝင်ခိုးခြင်းဖြစ်၏။

ဖွင့်ထားသောတံခါးတွေကို ပိတ် လျှင်ပိတ် သို့မဟုတ်လျှင်တော့ အိမ်၏ လုံခြုံရေးအဆင့်ကို တစ်နည်းနည်းဖြင့် မြှင့်ရန်လိုအပ်လာပြီဖြစ်ကြောင်း သဘော ပေါက်မိသည်။ သို့ရာတွင် နယ်မြေအေး ချမ်းရေးနှင့်ပတ်သက်၍မူ ဤမျှအတင့်ရဲ လှသည့် ပြစ်မှုကျူးလွန်သူများကို ထိုက် သင့်သောအပြစ်ပေးနိုင်မှသာလျှင် အား လုံးအတွက် အကျိုးရှိ မည်ဟုလည်း တွေး မိလိုက်သဖြင့် ယခင်နှစ်ကြိမ်က အမှုမ ဖွင့်ခဲ့သော်ငြား ယခုအကြိမ်တွင်တော့ ညတွင်းချင်းပင် ရဲစခန်းဝယ် တိုင်ချက် သွားဖွင့်လိုက်တော့သည်။
မိမိနေထိုင်ရာ အလုံမြို့နယ်ဝယ် ဖြစ်ပွားလေ့ရှိသည့်အမှုများကို သတင်း သမားတစ်ဦး၏သဘာဝအလျောက် နားစွင့်နေခဲ့ပါသည်။ မကြာသေးမီကဖြစ်ပွားခဲ့သည့်  အမှုကြီးများအနေဖြင့် ဇူလိုင် လ ၁ ရက်နေ့က အလုံစက်တွင်းလမ်းတွင် ဖြစ်ပွားခဲ့သည့် ခြောက်လွှာတိုက်ခန်း ပေါ်သို့တက်ကာ အုပ်စုဖြင့် ဓားပြတိုက် ပြီး ဓားဖြင့်ထိုးခဲ့ သည့်အမှုတွင် တရားခံ နာမည်နှင့်ရှိနေမည့်လိပ်စာတို့ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီး ဓားပြအဖွဲ့သားအား လုံးကို ဖမ်းဆီးနိုင်ခဲ့ခြင်း၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အလုံဌာနာရပ် အောက်ကြည့် မြင်တိုင်လမ်းရှိ အကယ်ဒမီဆေးရုံ ရှေ့ တွင် ရပ်ထားသော ကားတစ်စီးပေါ်မှ ယာဉ်မောင်းအားဓားထောက်၍ ပစ္စည်း ရော ကားပါလု သွားသည့်အမှုကို စခန်းမှူး ဦးဝင်းနိုင်က တရားခံဓာတ်ပုံနှင့် သူရှိ နေရာတို့ကို ဖော်ထုတ်နိုင်ခဲ့ကာ ခရိုင် နှင့် တိုင်းရဲတပ်ဖွဲ့အကူအညီဖြင့် ၄ ရက် အတွင်း ဖမ်း ဆီးနိုင်ခဲ့ခြင်း၊ သြဂုတ်လ ၅ ရက်နေ့က အလုံဝေဘာဂီလမ်းတွင် ကိုယ့်အိမ်ကိုယ်ဖောက်ထွင်းခံရပြီး ငွေ ကျပ် ၃၃ သိန်းပါသွားသည်ဟု လီဆယ် တိုင်တန်းသည့် တရားလို ကိုတရား ခံအဖြစ် သက်သေခံပစ္စည်းများနှင့်တကွ သုံးရက် အတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်း အစရှိသည့် သတင်းများကို မိမိသိနေခဲ့သည်။ ထို့ ကြောင့်လည်း အားကိုး တကြီးဖြင့် အမှု ဖွင့်ဖြစ်ခဲ့ခြင်းပင်။
နှင်းဆီလမ်းထိပ်ရှိ အလုံမြို့မ ရဲ စခန်းသို့ရောက်တော့ ဒုရဲမှူးဦးဝင်းနိုင် နှင့်တိုက်ဆိုင်စွာပင်တွေ့လေ၏။  သူက မိမိအမှုကို စိတ်ရှည်လက်ရှည်ပင် လက် သင့်ခံနားေ ထာင်ကာ အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်းပင်လိုက်ပါစစ်ဆေး ပြီးနောက် အမှုဖွင့်ပေးခဲ့သည်။
အမှုဖွင့်သည့်ကိစ္စပြီးစီးသည်ဝယ် အထက်တွင်ဆိုခဲ့သော အမှုကြီး သုံးမှုမှ တရားခံများကို မည်သို့ ဖော်ထုတ်ခဲ့သ နည်းဟု မေးမြန်းကြည့်ရာ ဦးဝင်းနိုင်က ”စက်တွင်း လမ်း ဓားပြမှုမှာတုန်းက တစ် နာရီအတွင်း တရားခံတွေရဲ့ လိပ်စာကို ရအောင် စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ အသေးစိတ်စစ်ဆေး၊ သတင်းစုဆောင်း၊ အဖွဲ့လိုက်ခွဲပြီးေ ဆာင်ရွ က်၊သတင်းအ တည်ပြု အစရှိတာတွေကို လုပ်နိုင်ခဲ့တာ ကြောင့် အမြန်သိရှိခဲ့တာပါ။ ဖမ်းတာက တော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ပြီး လေးနာရီအတွင်းမှာ တရားခံေ တွ ရော ပစ္စည်းတွေကိုပါ ဖမ်းမိခဲ့တယ်။ အ ကယ်ဒမီဆေးရုံရှေ့က  ကားလုတဲ့အမှု မှာတော့ လုသွားတဲ့ပစ္စည်းတွေနဲ့ ဆက် စပ်ပြီးခေတ်မီ အိုင်တီနည်းပညာကို သုံး ပြီး တရားခံတွေရဲ့ ဓာတ်ပုံကိုပါရအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဖမ်းတာက တော့ တိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လေး ရက်အတွင်းမှာ ဖမ်းနိုင်ခဲ့ကြတာပါ။ ဟို ကိုယ့်အိမ်ကိုယ် အခိုးခံရတယ်လို့ လီ ဆယ်ပြီးတိုင်တဲ့အမှုကိုတော့ ကျွန်တော် ရယ်၊ ဒုရဲအုပ်ကိုဌေးအောင်ရယ်ပူးပေါင်း ပြီး သုံးရက်အတွင်း အမှုမှန်ကို ဖော်နိုင် ခဲ့ကြတာ ပါ”ဟု ပြောပြ ပါသည်။
”စိတ်ချပါအစ်ကိုကြီး အစ်ကိုကြီး အမှုကိုလည်း ကျွန်တော်ကိုယ်တိုင်လိုက် မှာပါ။ အစ်ကိုကြီးအလုပ်ကိုသာ စိတ်ချ လက်ချလုပ်။ အမှုကိစ္စကို ကျွန်တော့် တာဝန်ထား လိုက်”ဟုသူကဆက်ပြောပါ သည်။ သူ့အနေဖြင့် အလုံမြို့မရဲစခန်းသို့ ရောက်သည်မှာနှစ်လခွဲခန့်သာ ရှိသေး ကြောင်းကိုလည်း ပြောသေးသည်။ ထို နှစ်လခွဲအတွင်း စုံ စမ်းဖော်ထုတ်ခဲ့ သောအမှု ကြီးများ၏ ဆုံးရှုံးမှုပမာဏနှင့် မိမိအမှုကို နှိုင်းစာလျှင် ဆင်နှင့်ဆိတ် လောက်ကွာနေ၏။ သို့သော် မိမိအမှု ဖွင့်ရခြင်းမှာ ပစ္စည်းများ ဆုံးရှုံးခြင်းထက် နယ်မြေအေး ချမ်းရေးကိုသာရည်ရွယ်ပါ သည်။ ပုထုဇဉ်ဆိုတော့ကာ ကိုယ့်ပစ္စည်း အခိုးခံရလို့ ခံပြင်းတာလဲပါတာပေါ့ဗျာ။
အခိုးခံရပြီး နောက်တစ်နေ့ ညနေ ၃ နာရီခန့်တွင် စခန်းမှူးထံမှ ဖုန်းဝင် လာပြီး ”ပစ္စည်းတွေရော၊ လာရောင်းတဲ့ သူကိုပါမိပြီ”ဟုဆိုသဖြင့်  အတော်အံ့သြ သွားရ၏။ မိမိသာမက မိမိ၏ လုပ်ဖော် ကိုင်ဖက်များအားလုံးပါ အံ့သြကြပါသည်။ မိမိတို့ရုံးတည်ရာနှင့် မဝေးလှသောဆိုင် တစ်ဆိုင်ဝယ် ထိုပစ္စည်းများကို လာ ရောင်း သွားခြင်း ဖြစ်ေ လသည်။
အမှုဖြစ်ပွားပြီး မကြာမီအချိန် အတွင်းတွင်ပင် အချက်အလက်များစု ဆောင်း၊ သက်ဆိုင်ရာမြို့ နယ်နှင့်ခရိုင် တို့မှအကူအဖွဲ့များနှင့်ပူးပေါင်းကာ နယ် ထိန်းအဖွဲ့များခွဲ ၍စောင့် ကြည့်ခြေရာခံ ခြင်းများကို စနစ်တကျ ပြုလုပ်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ၃၆နာရီ အတွင်းတွင် ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။ သူ့ဆီ သို့ရောက်သွားလေသော် တရားခံနှင့် တကွ ကျွန်တော့်အိမ်မှပါ သွားသော ပစ္စည်းများကိုပါတွေ့ရပါသည်။ ဖုန်းများ တွင်မူ SIM ကတ်များ မရှိတော့သည်က လွဲ၍ မူလအတိုင်းပင်ဖြစ်၏။ ညနေ ၆ နာရီခန့်တွင်မူ နောက်ထပ်နှစ်ဦးကိုပါ ဖမ်းမိပြီဖြစ်ပြီး၊ နောက်ဆက်တွဲ ခိုးမှုများ ကိုပါ ဝန်ခံကြပြီဖြစ်ကြောင်း သိရသည်။
အရေးကြီးသည်မှာ တရားခံများ ကို အမြန်ဆုံး လိုက်လံဖမ်းဆီးရန်ဖြစ်ပြီး၊ ဖမ်းဆီးရန် ကြန့်ကြာလေလေ တရားခံမိ ဖို့ အလှမ်းဝေးလေလေပင်ဖြစ်သည်။
”အမှုတစ်ခုရဲ့တရားခံကို ဖော် ထုတ်ဖို့ဆိုတာ အခင်းဖြစ်ပွားပြီး သိပ် မကြာခင်အချိန်တွေဟာ သာလျှင် ဖော် ထုတ်ဖို့အဖြစ်နိုင်ဆုံး အချိန်တွေပါပဲ။  ဘာဖြစ်လို့လဲ ဆိုတော့ ကာ အဲဒီ ပူပူနွေး နွေးအချိန်တွေမှာ တရားခံဟာ ဝေးဝေး ကိုမရောက်သေးဘူး။ သက်သေခံပစ္စည်း တွေဟာလဲ မပျောက်ပျက်သေးဘူး။ သက်ရှိသက်မဲ့ သက်ေ သတွေ အားလုံး ဟာလဲ လတ်လတ်ဆတ်ဆတ်တွေရှိသေး တယ်။ အဲဒီအချိန်မျိုးမှာ တရားခံဖော် ထုတ်မယ့် ခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှုက အင်မတန်အရေးကြီးပါတယ်ဗျ။ ဘယ် အပိုင်းကို ဘယ်နှမိနစ်အတွင်းမှာ  ပြီး အောင်လုပ်ရမယ်ဆိုတာကိုပါ စီစဉ်ရ တယ်ဗျ။ ဒုတိယအပေါ်နိုင်ဆုံးအချိန်က တော့ အခင်းဖြစ်ပွားပြီး သုံးရက်အတွင်း ပဲဗျ။ အခု အစ် ကိုကြီးအမှုမှာဆိုရင် သက်ဆိုင်ရာဌာနတစ်ခုရဲ့ အကူအညီကို ယူရတယ်။ ဌာနဆိုင်ရာထုံးစံအရဆိုရင် စာတင်ပြီး စောင့်ရတယ်။ ကိုယ့်ရှေ့မှာ တခြားအမှုတွေက အများကြီး။ ဒါပေမဲ့ ခုအမှုမှာ ကျွန်တော် တန်းစီစောင့်မနေ နိုင်ဘူး။ ကြားထဲမှာ စနေနဲ့ တနင်္ဂနွေရုံး ပိတ်ရက်တွေကလည်း ရှိနေသေးတယ်။ ဒီတော့ကာ အဲဒီဌာနရဲ့ အကြီးအကဲကို ကျွန်တော်ကိုယ်တိုင်ဝင်တွေ့ပြီး အခြေ အနေအရပ်ရပ်ကို  ချန်သင့်တာချန်လှပ် ပြီး ရှင်းလင်းပြောပြပြီးတော့ သိချင်တဲ့ ရလဒ်ကို ကိုယ်တိုင်စောင့် ယူခဲ့ပါ တယ်။ အဲဒီ ရလဒ်ဟာ အမှုပေါ်စေမယ့် အဓိက အချက်ပဲ။ သိရတဲ့အချက်ရလဒ်ဆယ်ခု ရှိတယ်ဆိုရင် အဓိကအကျဆုံးတစ်ခုကို ဆွဲထုတ်ဖို့ကတော့ ဥာဏ်ပ ညာပဲ”ဟု ဒုရဲမှူး ဦးဝင်းနိုင်က ရှင်းပြပါသည်။
သူခိုးတစ်ယောက်၏ ရည်ရွယ် ချက်မှာ လူမသိအောင်ခိုးရန်ပင် ဖြစ်ပြီး၊ လူသိပါက ထွက်ပြေးခြင်းကိုသာအားကိုး မည်ဖြစ်ကာ၊ ဓားပြတစ်ဦး၏  ရည်ရွယ် ချက်မှာ မူပိုင်ရှ င်နှင့်ရင်ဆိုင်တွေ့၍ တိုက် ယူရန် လိုအပ်ပါက ရန်ပြုအနိုင်ယူရန် ဟူ၍ သဘောသဘာဝကွဲပြားကြောင်း သိရသည်။
”သူခိုးဆိုတာကတော့ဗျာ အိမ်ရှင် မသိအောင်ပစ္စည်းကိုယူဖို့ပဲဗျ။ အိမ်ရှင် သိရင် လွတ်အောင်ထွက်ပြေးဖို့ဆိုတာကို လက်နက်အဖြစ်အသုံးချမှာပဲ။ အဲ…ဓား ပြကျတော့ သူနဲ့မတူဘူး။ လာကတည်း က လက်နက်ပါလာချင်ပါလာမယ်။ အ ကြမ်းဖက်ပြီး ပစ္စည်းကိုယူမယ်။ လိုအပ် ရင် အထိနာအောင်ရန်ပြုမယ်။ ဟိုတ လောက အစ်ကိုကြီး တို့အိမ်နားမှာ ခုလို ပဲ အိမ်ရှေ့ကဝင်ခိုးတာလေ အိမ်ရှင်သိ သွားလို့ ခုန်ချတာကြောင့် ကျွန်တော်တို့ ဖမ်းမိခဲ့တဲ့အမှုလိုပေါ့။ ပြီးတော့ အလုံ စက်တွင်းလမ်းမှာဖြစ်ခဲ့တဲ့ ဓားပြမှု။ လာ ကတည်းက ဓားပါလာတယ်။ အိမ်ရှင် တွေကို ခြိမ်းခြောက်ပြီး ပစ္စည်းယူတယ်။ ပစ္စည်းရတော့လည်း ဓားနဲ့တောင် ထိုး သွားသေးတယ်။ အဲဒီဥပမာတွေကိုပဲ ကြည့်ပါ။ သူခိုးနဲ့ဓားပြရဲ့ ဆိုက်ကိုလိုဂျီ တွေဟာမတူပါဘူး” ဟု ဦးဝင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေ နှင့် ဥာဏ်ရည်ဥာဏ်သွေးနှင့် ဆုံးဖြတ်ချက်ချမှု၊ စီမံခန့်ခွဲမှုတို့ ကောင်းမွန်ထက် မြက်နေသည့်တိုင်အောင် အထောက် အကူပစ္စည်းပိုင်း ဆိုင်ရာ ပြည့်စုံစေရေးက လည်း လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်းသိရပါသည်။ ”ဥပမာဆိုပါစို့ဗျာ အမျိုးသမီးတစ်ဦးကို အမျိုးသားလေးဦးက အခန်းတစ် ခန်းထဲ ခေါ်သွားပြီး မတရား ကျင့်တယ်။ အခန်းမီးကိုမှိတ်ထားတော့ ဘယ်သူတွေ ဘယ်လိုလုပ်မှန်း အမျိုးသမီးက သေသေချာချာမသိဘူး။ ဒါကို ဆေးစစ်ချက်ယူမယ်။ အမျိုးသမီးဆီမှာ အမျိုးသားသုက်ပိုးတွေ တွေ့ရတယ်။ ဒါကြောင့် အမျိုးသားလေးဦးစလုံးကို  မုဒိမ်းမှုနဲ့ စီရင်ချက်ချလိုက်ရတယ်ဆိုလို့ ရှိရင် အဲဒီလေးဦးအနက် ဘာမှမလုပ်ခဲ့ သူတစ်ဦးဦး ပါနေတယ်ဆိုရင် အဲဒီလူ အတွက် နစ်နာမှုရှိသွားပါပြီ။ ဒီတော့ ကာ လူဘယ်နှယောက်ရဲ့ သုက်ပိုးတွေ လဲ။ စသည်ဖြင့်ပေါ့လေ…သုက်ပိုးပိုင် ရှင်ရဲ့ ရုပ်လက္ခဏာ ကိုပါ ဖေါ်ပြနိုင်တဲ့ DNA စစ်ဆေးမှုမျိုး လုပ်နိုင်ဖို့လိုပါမယ်။  အဲဒီလိုစစ်ဆေးနိုင်ဖို့ အထောက်အကူပြု ပစ္စည်းတွေလိုပါတယ်။ ပြီးတော့ ဆက် သွယ်ရေးစက်တွေ၊ ရုံးသုံး ပစ္စည်းတွေ၊ CCTV ကင်မရာတွေ၊ ပြီးတော့ မော် တော်ယာဉ်၊ စက်သုံးဆီ ဒါတွေလဲပြည့်စုံ ဖို့လိုပါတယ်။ ဒီတော့မှသာလျှင် အနောက် တိုင်းရုပ်ရှင်တွေထဲကလို အမှုတိုင်တဲ့သူ ကို ကျွန်တော်တို့ ငါးမိနစ်အတွင်းရောက် လာမှာပါ။ စိတ်မပူပါနဲ့လို့ ရဲရဲကြီးပြော နိုင်မှာပါ။ ဒါတွေကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စလုပ်နေပါပြီ။ ဒါပေမဲ့ လူ အင်အားပြည့်စုံဖို့လည်း လိုသေးသဗျ။ ရဲတပ်ဖွဲ့သင်တန်းတွေအနေနဲ့ ကာယ အားထက် Óဏအားမြှင့်တင်ပေးဖို့ လို အပ်ပါတယ်။ စာတွေအလွတ်ရဖို့ထက်  ကိုယ်ပိုင် အတွေးအခေါ်နဲ့ ကောက်ချက် ချနိုင်ဖို့လိုအပ်ပါတယ်။  အကြောင်းအ ရာတစ်ခုကိုချပြပြီးမှ အဲဒီအပေါ်မှာ မင်း ဘယ်လို သုံးသပ်မလဲဆိုတာ ကိုယ်ပိုင် သုံးသပ်ချက်ပေါ့။ အဲဒီလိုကိုယ်ပိုင်အတွေး ကိုယ်ပိုင်သုံးသပ်ချက် ထုတ်နိုင်အောင် သင်ပေးဖို့လိုတယ်ဗျ။ဒါကလည်း အင်မ တန်အရေးကြီးပါတယ်ဗျာ။ ပညာတတ် နဲ့ ပညာရှင် ကွာခြားသ လိုပေါ့”ဟု ဦးဝင်း နိုင်က ဆွေးနွေးပြောပြသည်။
မိမိကိုယ်တွေ့ကြုံရသော အမှုသည် ကြီးကြီးကျယ်ကျယ်မဟုတ်။ သာမန်ခိုးမှု လေးတစ်မှုသာဖြစ်သည်။ ထို့ထက်ကြီး ကျယ်သောအမှုတွေကို ရဲတပ်ဖွဲ့ကဖော် ထုတ်နိုင်ခဲ့ သည်တို့ ရှိသလို၊ နာမည် ကျော် ငါးလောင်းပြိုင် လူသတ်မှုကဲ့သို့ သောမဖော်ထုတ်နိုင်ခဲ့ကြသည့်အမှုတွေ လည်းရှိပါသည်။ အရေးကြီးသည်ကတော့ ကြိုးပမ်း အားထုတ် အလုပ်လုပ်ကြခြင်းပင်ဖြစ် ၏။ လိုအပ်ချက်များ မပြည့်စုံမှုများ အဘက်ဘက်ကရှိနေ သည့်တိုင်အောင် လုပ်လိုစိတ်၊ စီမံခန့်ခွဲမှုနှင့် ဥာဏ်ရည် ဥာဏ်သွေးတို့အားဖြင့် အားလုံး တညီ တညွတ်တည်း ကြိုးပမ်းအားထုတ်ကြ လျှင် ရာဇဝတ်မှုများသည်လည်း အမှန် တကယ်ပင် လျော့ကျသွားပေလိမ့်မည်။ မကြာမီသော ကာလများတွင် မိမိ တို့ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန် ယူရတော့မည်ဖြစ်သည့် အားလျော်စွာ အခြားအာဆီယံနိုင်ငံများနှင့်အဘက်ဘက် ကရင်ပေါင်တန်းလိုက်နို င်စေရန်ကို လည်း ကြိုးစားအားထုတ်ကြရတော့မည်။
အမှန်အားဖြင့်ဆိုရသော် မြန်မာ တွေမညံ့ကြောင်းကို မြန်မာတွေသာလျှင်  အသိဆုံးဖြစ်၏။ တလွဲဆံပင်ကောင်း နေမှုကလေးအချို့ကိုသာ ပြန်လည်တည့် မတ်ပေးနိုင်လျှင် အားလုံးထက်မသာ လျှင်သော်မှ အောက်တန်းသို့မရောက် မည်မှာကတော့ သေချာပါသည်။  အိမ်ရှေ့တံခါးများ ဖွင့်ထားမိပါက သူခိုး အိမ်ထဲသို့ ဝင်လာနိုင်ေ သ်ာငြား နိုင်ငံ တစ်ခုအေးချမ်းသာယာစွာဖြင့် ဖွံ့ ဖြိုးတိုးတက်လာစေရန်အတွက်ကတော့ ပိတ်ထားသောတံခါးများအားလုံးကို ပွင့် လင်းမြင်သာစွာ ဖွင့်ပေးရန်လိုအပ်သည် ဟု ယူဆမိပါကြောင်း။
ဖိုးနိုင်လင်း

Popular Myanmar News 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis