menu

Friday 30 August 2013

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူ လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့

ရန်ကုန်၊ သြဂုတ် ၃၀

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့်
လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ်
အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့် မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၀၃၀ အချိန်တွင် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင်လမ်း၌ ယာဉ်လမ်းရှင်းရေးတာဝန်ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ် အုန်းကျော်အား ယာဉ်အားရပ်ကာ ဆဲဆိုပြီးဓါးနှင့်ထိုးမည်ဟု ကြိမ်းဝါး၍ မောင်းနှင်ထွက်သွားခဲ့ပါသည်။

ယာဉ်မောင်းခင်မောင်ဌေးမှာ ၁၅၃၀အချိန်တွင် ထပ်မံရောက်ရှိလာပြီး အသင့်ယူဆောင်လာသော စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သား လွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တပ်ဖွဲ့စုမှူးမှ ယာဉ်မောင်းခင်မောင်ဌေးအား အရေးယူပေးရန် တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီးတရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis