ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊
အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ
(၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့်
လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။
ဓားဖြင့်
လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊
အသက်(၄၆) နှစ်ဟာ ကျောင်းကြိုဖို့ အာဿက(၂၂) လမ်း အအတိုင်း ဆိုက်ကားစီး
လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ မျက်နှာပြင် အား ဓားဖြင့်လှီးခံရ၍
သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် (၁၆)ချက် ချုပ်လိုက် ရကြောင်း
သိရတယ်။
အိမ်နီးချင်း ရန်ငြိုးထားပြီး ဒေါ်ချိုချိုဝင်း နှင့်
အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း
စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင်မလုပ်ဘဲ လူငှားပြီး
လုပ်ခိုင်းတာကြောင့် ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး
ဖမ်းဆီးထားကြောင်း သိရပါတယ်။
အဆိုပါ တရားခံတွေကတော့ ရာကွတ်
(၃၅)နှစ် ၊ ဟိန်းမင်းထက် (၃၂)နှစ်၊ လှတိုး(၅၃)နှစ် ၊ မိုးသူ (၂၇)နှစ်
(မျက်နှာအား ဓားဖြင့်လှီးခဲ့သူ) နှင့် လှဌေး (၅၉)နှစ် (ငှားရမ်းစေခိုင်းသူ)
တွေ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။
by Myanmar News Now
No comments:
Post a Comment