menu

Friday 30 August 2013

ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်ဖြုတ်ခြင်း ပညာရေးဝန်ကြီးဌာန မဖြေရှင်းက အဖွဲ့အစည်းများနှင့် ပူးပေါင်း ကိုင်တွယ်မည်


ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ် ဖြုတ်လိုက်ခြင်းနှင့် ပတ်သက်၍ ပညာ ရေးဝန်ကြီးဌာနက ၁၅ ရက်အတွင်း ပြေ လည်အောင်မဖြေရှင်းပေး ပါက ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဖြေရှင်းရလိမ့်မည်ဟု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ၅ ခုက ကြေညာချက် ထုတ်၍ အသိပေးလိုက်သည်။
ပညာရေးဝန်ထမ်းများ၏ ဘဝလုံ ခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ရပ်တစ် ခုအား ပြုလုပ်ခဲ့သည်ဟုဆိုကာ ပညာ ရေးဝန်ကြီးဌာနကို သြဂုတ် ၂၆ ရက် ရက်စွဲဖြင့် ထိုသို့ တောင်းဆိုမှုပြုခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်က တရားဝင်ဖွဲ့စည်း ခဲ့သော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ တက္ကသိုလ် ဆရာ၊ ဆရာမအသင်းတို့က စုပေါင်း၍ တောင်းဆိုခြင်းဖြစ်သည်။ ၄င်းတို့၏ ကြေညာချက်၌ လုပ်သက် ၁၈ နှစ်ပြည့် သည်အထိ တာဝန်ကိုကျေပွန်စွာ ထမ်း ဆောင်ခဲ့သူအား ခွင့်မဲ့ ၅ ရက်ပျက်ကွက် ရုံမျှဖြင့် ပြစ်မှုနှင့် ပြစ်ဒဏ်လုံးဝ မမျှတမှု ကို ပညာရေးဝန်ကြီးဌာနက ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများ မျက်ကွယ် ပြု၍ ပုဂ္ဂိုလ်ရေး အာဃာတဆန်ဆန် လုပ်ပိုင်ခွင့်အာဏာကို လွန်ကဲစွာအ သုံး ပြုကြောင်း ၄င်းတို့အသင်းများက သုံးသပ် ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြထားသည်။


ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမအသင်းဥက္ကဋ္ဌ ဦးသန်းထိုက်အောင် က ''ဒီလိုမှ မလုပ်တော့ရင် ပညာရေး ဝန်ကြီးဌာနရဲ့လုပ်ရပ်က ပိုဆိုးလာတော့ မှာ။ ဆရာ၊ ဆရာမတွေကို အကြောက် တရားသွင်းနေတာ''ဟု ပြောသည်။

အငြိမ်းစား ပညာရေးပညာရှင် ဒေါက်တာ ခင်ဇော်က ''ပညာရှင်ဆိုတာ မျိုးကို ချောင်ထိုးထားချင်ကြတဲ့ စိတ် ဓာတ်နဲ့နောက်ကြောင်းပြန်ဆွဲချင်ပြီး ရာ ထူးအာဏာတည်မြဲရေးဆိုတဲ့ ခံယူချက် တွေနဲ့ လုပ်နေကြတာကို ဒီခေတ်အထိ တွေ့နေရသေးတာကိုက ပညာရေးရဲ့ အကြီးမားဆုံး လိုအပ်ချက်ကြီးပဲ''ဟု သူ့အမြင်ကို ပြောသည်။

အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာ ဦးသန်းထိုက်အောင်က တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း၏ တောင်း ဆိုမှုကို ပညာရေးဝန်ကြီးဌာနက စက် တင်ဘာ ၁ဝ ရက်နေ့တွင်အပြီးသတ် ပြေလည်အောင် ဖြေရှင်းပေး ရမည် ဖြစ်ပြီး မဖြေရှင်းပေးပါက အဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ လုပ်ဆောင်သွား ရန် အဆင်သင့်ဆောင်ရွက်ထားပြီးဖြစ် ကြောင်းနှ င့် နောက်ပိုင်းတွင် ပညာရေး ဝန်ကြီးဌာနကို တရားစွဲ/မစွဲ စုပေါင်း ဆုံးဖြတ်ကြမည်ဟု ဆိုသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်ကို ပညာရေး ဝန်ကြီးဌာနက မယူမနေရ အငြိမ်းစား ပင်စင်ပေးလိုက်ကြောင်း ကြေညာပြီး ရက်ပိုင်းအကြာတွင် မယူမနေရ အငြိမ်း စားပင်စင်ကိုပါ ပယ်ဖျက်၍ အလုပ်မှ ထုတ် ပယ်ကြောင်း ပြစ်ဒဏ်ကို ထပ်မံ တိုးမြှင့်လိုက်သည်။

ဆရာမ ဒေါ်စိုးစိုးခိုင်က ''အံ့သြမိ တယ်လို့ပဲ ပြောချင်ပါတယ်''ဟု ပြော သည်။

တက္ကသိုလ်ဆရာ၊ ဆရာမအသင်း ၏ ကြေညာမှုနှင့်ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန၏ သဘောထားကို ချိတ် ဆက်မေးမြန်းခဲ့ရာ မဖြေဆိုကြပေ။ သို့ သော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်က ထိုကိစ္စကို ပြန် လည်စစ်ဆေးပေးမည်ဟု ဆိုသည်။

အမှတ်(၅)အခြေခံပညာ အထက် တန်းကျောင်းဇမ္ဗူသီရိမြို့နယ်မှ အလယ် တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်သည် ပြီးခဲ့ သောဇွန်လကတော်ဝင်နှင်း ဆီတွင်ကျင်း ပသည့် ၈၈ မျိုးဆက်အရေး တော်ပုံ အခမ်းအနားကျင်းပရေး သတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ခြင်းအပါအဝင် ခွင့်မဲ့ပျက်ကွက်နှင့် ခွင့်ပြုမဲ့ ခရီးထွက်ခွာ ခြင်းပြစ်ချက်များဖြင့် သြဂုတ်လအတွင်း ပညာရေးဝန်ကြီးဌာနက အရေးယူခဲ့ သည်။

Popular  Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis