၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်အတွင်း အချုပ်သားများကိုပို့ဆောင် သည့်
ဟောင်းနွမ်းနေသော ယာဉ်များကို လဲလှယ်ပေးသွား မည်ဟု ပထမအကြိမ်
ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ
ရဲချုပ် ကျော်ကျော်ထွန်း က ပြောကြားသည်။
သင်္ဃန်း ကျွန်းမဲဆန္ဒနယ်မှ
ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အင်းစိန်အကျဉ်း ထောင်မှ တရား
ရုံးများတွင် အချုပ်တရားခံများနှင့် အမှုထပ်တိုးအကျတရားခံများကို ရုံး
ချိန်းအလိုက် သက်ဆိုင်ရာတရားရုံး များသို့ ရုံးထုတ်သည့် အခါ အထူး သဖြင့်
ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးသို့ ရုံးထုတ်တရားခံများ ပို့ဆောင်ရာ တွင်
အင်အားမမျှ မတဖြစ်နေ သဖြင့် အချုပ်သားများ ကျဉ်းကျဉ်းကျပ်ကျပ်
ဒုက္ခကြီးစွာလိုက်ပါနေရသည်နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြည်သူ့
လွှတ်တော်တွင် မေးမြန်းရာ၌ ပြည် ထဲရေးဝန်ကြီးဌာနမှ ရဲချုပ်ကျော် ကျော်ကျာ်ထွန်းက
အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
Yangon Media Group

No comments:
Post a Comment