menu

Monday 21 January 2013

တပ်မတော်စစ်ဗိုလ်တစ်ဦးပါအဖွဲ့နှင့်အရပ်သားတို့ခိုက်ရန်ဖြစ်ပွားပြီးအပြန်အလှန်အမှုဖွင့်


အစိုးရတပ်မတော်မှ သုံးပွင့် အဆင့်ရှိစစ်ဗိုလ်တစ်ဦးပါ အဖွဲ့နှင့် အရပ်သားပြည်သူများခိုက်ရန်ဖြစ် ပွားခဲ့ကြပြီးကမာရွတ်ရဲတပ်ဖွဲ့စခန်းတွင် အပြန်အလှန်အမှုဖွင့်တိုင်ကြားမှုတစ်ခုဇန်နဝါရီလ ၁၆ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းမှသိရသည်။
ဖြစ်စဉ်မှာဇန်နဝါရီလ ၁၅ ရက်နေ့ည ၁၁ နာရီ ၃ဝ မိနစ်အချိန် က မဥမ္မာကျော် (၃၄) နှစ်၊ ဈေးရောင်း၊ (ဘ) ဦးဝင်းထိန်၊ မ-၂ဝ၊ စံပယ်ခြံ (၁)လမ်း (၃) ရပ်ကွက်၊ ကမာရွတ် မြို့နယ်နေသူသည် အမှတ် (၃)ရပ်ကွက်၊ စံပယ် (၂)လမ်းတွင် မောင်တော်စပ်သူတင်မောင်ဌေး (၃၁)နှစ်နှင့် တစ်ဝမ်းကွဲမောင်တော် သူကျော်ဝေတို့နှင့်အတူစကားထိုင် ပြောနေခဲ့ကြသည်။
ထိုအချိန်တွင် ဗိုလ်ကြီး နန္ဒမင်း (၃၁)နှစ်၊ ကြည်း ၃၆၉၂၅ ရမက (လားရှိုး)၊ (ဘ) စိုးသောင်းထွန်း၊ မ-၄၊ စံပယ်(၂ ) လမ်း (၃) ရပ် ကွက်ကမာရွတ်မြို့နယ်၊ (နောက်မှ သိရသူ) အောင်ဟိန်းစိုး (၁၉)နှစ် (ပ)နှစ်ဥပဒေ၊ (ဘ) ဦးတင်တိုး (ဗိုလ်ကြီးနန္ဒမင်း)နှင့် လိပ်စာတူနှင့် နောက်မှသိရသူအမည်မသိ (စုံစမ်းဆဲ) တို့ (၃) ဦးရောက်ရှိလာ ပြီးခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


၎င်းတို့ (၃) ဦးသည် ယခင်နေ့ က ၄င်းတို့စကားများရန်ဖြစ်စဉ် တင်မောင်ဌေးမှ ဝင်ရောက်ဆွဲသည့် ကိစ္စအားမကျေနပ်ဖြစ်ပြီးအဆိုပါ လူ(၃)ဦးအနက်မှ တစ်ဦးကအဆင် သင့်ပါလာသည့် သံတုတ်ဖြင့် စတင် ဝင်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် တင်မောင်ဌေး၏ ယာမျက်လုံးအနီးတွင် ဖူးယောင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီးအောင် ဟိန်းစိုးနှင့် အမည်မသိတစ်ဦးကိုလည်းလက်သီးဖြင့် ဝိုင်းဝန်းထိုး ကြိတ်ပြီးမကြားဝံမနာသာအောင် ညစ်ညမ်းစွာဆဲဆိုခဲ့ကြသဖြင့် ဗိုလ် ကြီး နန္ဒမင်းပါ(၃)ဦးအပေါ် အရေးယူပေးရန် မဥမ္မာကျော်ကတရားလို ပြုလုပ် တိုင်ကြားခဲ့သဖြင့် ကမာရွတ်ရဲစခန်းက(ပ) ၂၂/၁၃၊ ပုဒ်မ-၂၉၄/ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် ထားသည်။
ယင်းဖြစ်စဉ်တွင် တင်မောင် ဌေး၊ ခင်ဇော်(စုံစမ်းဆဲ) တို့နှင့် အ ပေါင်းအပါများမှ ဗိုလ်ကြီးနန္ဒမင်း နှင့် အောင်ဟိန်းစိုးတို့အားလက် သီးနှင့် ထိုး၊ ဝါးတုတ်၊ သံတုတ် တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဗိုလ်ကြီးနန္ဒမင်းတွင် ယာနားသွေးထွက်၊ ဝဲလက်ဖျံပေါက်ပြဲဒဏ်ရာများ၊ အောင်စိုးဟိန်းတွင် လည်ပင်းနာကျင်ဒဏ်ရာများရရှိပြီးရန်ကုန် ဆေးရုံကြီးဦးနှောက်နှင့် အာရုံကြောကုသဆောင်တွင် အတွင်းလူနာ (မစိုးရိမ်ရ) အပြင် တက် ရောက် ကုသခဲ့သည်။
ထို့ကြောင့် တင်မောင်ဌေးနှင့် အပါင်းအပါများအပေါ် အရေးယူပေးရန် ဗိုလ်ကြီးနန္ဒမင်း၏ အစ်မဝမ်းကွဲ ဖြစ်သူကတရားလို ပြုလုပ်လုပ် တိုင်တန်းခဲ့သဖြင့် ကမာရွတ်ရဲစခန်း (ပ)၂၃/၁၃၊ပုဒ်မ ၂၉၄/ ၃၂၅/၁၁၄ ဖြင့်အမှုဖွင့်ထားသည်။
အမှုအားအမှုစစ် ဒုရဲအုပ် ထွန်းမင်းအောင်ကအမှုအားစစ် ဆေးလျက်ရှိပြီး ဖြစ်စဉ်အား (ရ. က.တ)မှ ဗိုလ်ကြီးသက်ပိုင်စိုးနှင့် တပ်ထိန်း(၃)မှ တပ်သားဝင်းမြင့် တို့ထံဆက်သွယ်သတင်းပို့ထားကြောင်းသိရသည်။

Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis