menu

Friday 27 December 2013

အွန်လိုင်း ဈေးကွက်ထဲကို ထိုးဖောက်ဝင်လာတဲ့ မာရဇ္ဇ နဲ့ တွေ့ဆုံခြင်း

 
ဂီတလောကမှာ နှစ်နှစ်ဆယ်ကျော် နီးပါး ရပ်တည်နေပြီး၁၈ ခွေနီးပါး ထွက်၇ှိထားနိုင် သူကတော့ မာရဇ္စပါ။၂ဝဝ၅ ခုနှစ်ကျော် ကာလ တွေမှာ ဇာတ်ပေါင်း ဆိုတဲ့ အခွေက စလို့ ဂီတပုံစံ သစ် အလှည့် အပြောင်းနဲ့ သူ့ ပရိသတ် အားလုံးကို အံ့အားသင့်စေခဲ့သူ။ အခု သူက တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အွန်လိုင်းကနေ သီချင်းသစ် တပုဒ်ကို လွှင့်တင် ရောင်းချခဲ့ပြန်ပါပြီ။ သူ့ အရှေ့ မှာတော့ တေးသံ၇ှင် လေးဖြူ ကလည်း တစ်ပုဒ် ဖြန့် ခဲ့ပါသေးတယ်။ ဒုတိယမြောက် အနေ နဲ့ အွန်လိုင်း ဈေးကွက် မှာ ပွဲထွက် လာ တဲ့ မာရဇ္ဇနဲ့ တွေ့ ဆုံဖြစ်သမျှ ကို ဖော်ပြလိုက်ပါတယ်။
အခုလို အွန်လိုင်းမှာ သီချင်း ဖြန့်ဖို့ အိုင်ဒီယာ ဘယ်အချိန် လောက်ကစခဲ့ရလဲ။ “အသစ်က ပြန်စ မယ်”ဆိုတဲ့ နာမည်နဲ့ ဝင်လာတာက ရော ဒီနာမည်မှာ ဘယ်လို အဓိပ္ပာယ် တွေရှိနေလဲ။အခွေသစ် မထွက်ခင် မှာSingle  ထွက်ရှိလာတဲ့ ဒီသီချင်းရဲ့ မြူးဇစ်ပုံစံက အခွေသစ်ထဲက သီချင်း ပုံစံတွေကို ထင်ဟပ်ပြနေလား။
ကျွန်တော်နဲ့ ကိုကိုလွင် တို့က ဟိုးအရင် ကတည်းက ဘာလုပ်လုပ် တိုင်တိုင်ပင်ပင် လုပ်ဖြစ်တယ်။ ခေတ် တစ်ခေတ်ကို အမြဲတမ်း ပြောင်းလဲနေ ဖို့ တိုင်ပင်ဖြစ်ကြတယ်။ ဟိုတုန်း က အမှတ်တရ တစ်ခုကို ပြန်ပြောရရင် သူ Iron Cross Entertainment ဖွင့် တဲ့အချိန်မှာ အရင်တုန်းက ကာဗာ ကတ်စနစ် မှာ ခုနစ်ကျပ်လောက် ပဲရ တယ်။ အဲဒီလို ကာလ သူ့ဆိုင် စဖွင့်တဲ့ အချိန်မှာ ကျွန်တော် နဲ့ ကိုလေးဖြူ နဲ့ အားလုံး စုတိုင်ပင်ကြပြီး ကာဗာကတ် စနစ်ကို ၂၅ ကျပ်ထိ ဆွဲတင်ခဲ့ကြ တယ်။ အဲဒီလို အမှတ် တရလေးတွေ ရှိတယ်။ အခုလည်း အဲဒီလိုပဲ။ ဒီဈေး ကွက်ကို စပြီးဖောက်ကြတဲ့ အခါ လက်ရှိ အနေအထားမှာ ကိုလေးဖြူ က ခွန်အား အကြီးဆုံးနဲ့  current ထဲမှာ လည်း ရပ်တည်နေ သူဖြစ်တော့ သူ့ သီချင်းနဲ့  single ဈေးကွက်ကို စဖွင့် တယ်။ ပြီးတော့ ကျွန်တော့် သီချင်း တင်မယ် ဆိုပြီး တိုင်ပင်ရင်း စခဲ့တာ။ ဒီသီချင်းလေး ကိုတော့ ပရိသတ် အသစ်ရော၊ အဟောင်းရော အတွက်ပါ အဆင်ပြေစေမယ့် အကြောင်းလေး ရွေးမယ်။
“အသစ်က ပြန်စမယ်” ဆိုတဲ့နာမည် မှာလည်း အဓိပ္ပာယ်တွေ အများကြီး ရှိတဲ့ နာမည်ပေးဖြစ်တာ။ အရာ အားလုံးကို အသစ်က ပြန်စ ချင်တယ်ပေါ့။ ကျွန်တော့် အနေနဲ့က သိပ် မလုပ်ဖြစ်တော့ဘဲ အားလုံးကို စိတ်ပျက် ပြီး ဘေးထွက် ထိုင်နေတာ တော်တော် ကြာပြီ။ ဒါပေမဲ့ ကိုယ်က လည်း မြူးဇစ်ကို ချစ်တဲ့အတွက် မလုပ်ဘဲလည်း မနေနိုင်ဘူး။ အဲဒီ တော့ ဘယ်လို ပုံစံနဲ့ ပြန်လုပ်ကြမလဲ ဆိုပြီး စဉ်းစား ရင်း အသစ်က ပြန်စ မယ် ဆိုတာကို စဖြစ်ခဲ့တာပဲ။ မြူးဇစ် ကတော့ နဂိုက တည်းက ရော့ခ်ပဲ။ ရော့ခ်ကိုမှ current ရော့ခ်လို့ပဲ ပြောရမှာပဲ။ အဲဒီထဲမှာမှ ပရိသတ် အများစု နဲ့ တည့်မယ့် ပုံစံမျိုးရွေးထား တယ်။သီချင်း ဆယ်ပုဒ်ပါမယ့် အခွေ မှာမျိုးစုံအောင် လုပ်ထားတယ်။ ဒါပေမယ့်လည်း ပေါ့ပ်တွေ၊ ကန်းထရီး တွေ မဟုတ် ဘူး။ ရော့ခ်ခေါင်း စဉ် အောက်က မထွက်ဘူး။ ကျွန်တော်က ပရိသတ်ကို ပြန်ကြည့်ရမယ်။ ကျွန်တော် လုပ်ချင်တာတွေ သိပ်များခဲ့ပြီ။ ခုအခွေမှာတော့ ကျွန်တော် လုပ်ချင်တာ ကို တော်တော် လျော့ပြီး လုပ်ထားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီလောကထဲ မှာ နေ လာတာ အချိန်တွေ လည်း ကြာလာ ခဲ့ပြီ။ အယ်လ်ဘမ်ဖြစ် မှသာလျှင် ဆက်ပြီး ရပ်တည်ဖို့ လွယ်မယ်။ ဒါပေမဲ့ ကိုယ်က သီချင်းတစ်ပုဒ် ပေါက် ချင်တာနဲ့ ကန်းထရီးတွေ၊ ပေါ့ပ်တွေ ဆင်းဆိုမှာ မဟုတ်ဘူး။
ခုနပြောတဲ့အထဲမှာ အားလုံးကို စိတ်ပျက်ပြီး ဘေးထွက်ထိုင်နေတာ လို့ ပြောတယ်။ အဲဒါက ဘယ်အချိန် လောက်ကစပြီး ဘယ်လိုအကြောင်း တွေကြောင့် ဖြစ်ခဲ့တာလဲ။
စိတ်ပျက်နေတာတော့ တော် တော်ကြာပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လုပ် ချင်တာတွေနဲ့ ပရိသတ်နဲ့ လွဲချော်နေတာတွေ က တော်တော် များနေပြီ။ ကြိုက်တဲ့ သူလည်း ရှိပါ တယ်။ ဒီ မြူးဇစ် ခပ်ကြမ်းကြမ်းတွေ ကို ကြိုက်တဲ့ ပရိသတ်က သက်သက် ရှိတယ်။ သူတို့နဲ့ တစ်သားတည်းရှိ တယ်။ ဒါပေမဲ့ လူနည်းစု ဖြစ်နေ တယ်။ ကျွန်တော့် မှာ ပြဿနာက ဘာလဲ ဆိုတော့ အရင်တုန်းက အရမ်းအောင်မြင် ခဲ့တဲ့ သီချင်းတွေ က တစ်မျိုး။ ဒီဘက်မှာ တကယ်လုပ် ချင်နေတဲ့ ပုံစံက တစ်မျိုးဖြစ်နေ တယ်။ အဲဒီမှာ မလျှော့ချင်တဲ့ အခါကျတော့ စိတ်ပျက် လက်ပျက်နဲ့ ဘေးထွက် ထိုင်နေတာ။ ခုကျတော့ သေချာပြန် စဉ်းစားပြီး အလယ် အလတ် ကျကျ ပြန်လုပ်မယ် ဆိုပြီး ဒီအခွေလေး ကို တည်ဖြစ်တာ။
အခုဆိုရင် ရော့ခ်ဂီတက ကိုယ် ပိုင်ဝိုင်းလေးတွေ အသီးသီးနဲ့ ဖြစ် လာပြီ။အဲဒီအပေါ်မှာကော ရော့ခ် အဆိုတော် တစ်ယောက် အနေနဲ့ ဘာ ပြောချင်လဲ။ ကိုယ်တိုင်ကော အဲဒီလို ဝိုင်းလေးတွေ ဖန်တီးဖို့ ရှိလား။
ကျွန်တော်က အဲဒါကို ရူးသွပ်ခဲ့ တာကြာပြီ။ ကိုယ်ပိုင် Band လေးနဲ့ ရပ်တည်ခဲ့ချင်တာ ကြာပြီ။ ဒါပေမဲ့ ကျွန်တော်က ကံမကောင်းဘူး။ ကြား ထဲမှာ အမျိုးမျိုး ဖွဲ့ခဲ့ပေမယ့် အဆင် မပြေခဲ့ဘူး။ အခုလည်း ကြိုးစားနေ တုန်းပဲ။ အခု ကိုဇော်လတ်တို့ Rose of Shron ဆိုလည်း ကျွန်တော်နဲ့ လက်တွဲအညီဆုံး Band ပဲ။ Metal Zone ကတည်းက လက်တွဲလာ တာ ဘယ်လိုပဲ နာမည်တွေ ပြောင်း ပြောင်း  ဒီလူတွေပဲ။ အဲဒီ Team Work ကို ကြိုက်လို့ သူတို့နဲ့ပဲ လက်တွဲဖြစ်တယ်။ ကျွန် တော် ကတော့ ကိုယ်ပိုင် Band လေးနဲ့ ရပ် တည်နိုင်ဖို့ကို ကြိုး စားနေမှာပါ။ မသေ ခင်တော့ ကိုယ် ပိုင် တီး ဝိုင်း လေး တစ်ခုလောက် ဖွဲ့ သွားချင်တယ်။ ခု လူငယ်တွေကို လေးစားတယ်။ အားလည်း အားကျ ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် ဖန်တီး မှုတွေကို ကြိုက် တယ်။ ကျွန်တော် ကတော့ အကောင် အထည်မဖော် နိုင်သေးဘူး။
နောက်ဆုံး အနေနဲ့ မေးရရင် ဘေးထွက် ထိုင်ကြည့်နေသူ တစ် ယောက် အနေနဲ့ လက်ရှိမြန်မာ့ဂီတ လောက အပေါ်မှာ ဘယ်လိုမြင်မိလဲ။
အားလုံး ကတော့ သူ့ဟာနဲ့သူပုံမှန် လည်ပတ်နေတာပါပဲ။ တစ်ခုရှိတာ ပရိသတ်က ကိုရီးယား မှာလိုဖြစ်နေတယ်။ ပေါ့ပ်သီချင်း အများစုကိုပဲ ကြိုက်ကြ တယ်။သီချင်း ဆိုရင် ချိုမှ ၊အေးမှ ဆို တာတော်တော် ပြဿနာတက်နေ တယ်။ တချို့က ရော့ခ်ကာကြီး ဘာဖြစ် တယ်၊ ညာဖြစ်တယ် ဆိုပြီး သူတို့ တောင်းတဲ့ သီချင်း ကပေါ့ပ် သီချင်း တစ်ပုဒ် ကို လက်သီး လက်မောင်း တန်း ပြီး လိုက် ဆိုနေကြသူတွေ များတယ်။ tempo 60 ကျော်လာပြီ။ ဖြောင်း ဖြောင်းဖြောင်း ဖြောင်းဖြောင်း နဲ့ မြူး ဇစ် ကြမ်းလာရင် ပရိသတ်က မကြိုက် တော့ဘူး။ ပရိသတ်ကလည်း သူတို့ ကိုယ်သူတို့ ရော့ခ်လို့ ခေါင်းစဉ်တပ် တယ်။ပြီးတော့ ကန်းထရီးတွေ ၊ ပေါ့ပ် တွေနဲ့ ခုန်ပေါက်နေ ကြတာ မြင် ရတယ်။ ပရိသတ်တွေရော၊ ဖန်တီးသူရော နှစ်ဖက်စလုံး လိုတယ်။ ရော့ခ်လိုလို ပေါ့ပ်လိုလို လူတွေလည်း များတယ်။ ပရိသတ်က နဂိုကမှ ဟိုလိုလို ဒီလိုလို ဖြစ်နေတာ မျိုးကို ဖန်တီးတဲ့ ဆိုက်က လည်း ဟိုလိုလို ဒီလိုလိုနဲ့ ခေါင်းစဉ် မတပ်ပါနဲ့။ ဆိုတဲ့သူတွေက ရှိသေး တယ်။ ခေါင်းစဉ် မတပ်လို့မရဘူး။ ကိုယ် ဆိုနေတာ ဘာဆို တာတော့ သိရမှာ ပေါ့။ ဖန်တီးသူ ကိုယ်တိုင်က မသိဘူး ဆို ပရိသတ်က ဘယ်လိုသိမှာလဲ။ ကျွန်တော်က အဲဒါကို စိတ်ပျက်တယ်။ ကျွန်တော် အရင်က လုပ်ခဲ့တာ ထက် ဒီဘက် ဇာတ်ပေါင်း အခွေကစလို့ “ရော့ခ်” ခေါင်းစဉ်အောက် မှာပဲ ခိုင်ခိုင်မာမာ နေနေပါတယ်။
ရဲရဲ
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis