menu

Friday 27 December 2013

ဖီဖာသတ်မှတ်ချက်အရ တစ်နှစ်တာအတွင်း မြန်မာအမျိုးသား ဘောလုံး အသင်း အမြင့်ဆုံးရောက်

Photo: ဖီဖာသတ်မှတ်ချက်အရ တစ်နှစ်တာအတွင်း မြန်မာအမျိုးသား ဘောလုံး အသင်း အမြင့်ဆုံးရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အဖွဲ့ဝင် နိုင်ငံများ၏ အဆင့်သတ်မှတ်ချက် များကို လစဉ် ထုတ်ပြန်လျက်ရှိရာ ၂၀၁၃ ခုနှစ်၏ နောက်ဆုံးလ ဖြစ်သည့် ဒီဇင်ဘာလအတွက် ထုတ်ပြန်ချက်တွင် မြန်မာအမျိုးသား ဘောလုံးအသင်းသည် ယခုတစ်နှစ်တာအတွင်း အဆင့် ၁၃၀ ဖြင့် အမြင့်ဆုံးအဆင့် သို့ ရောက်ရှိလာခဲ့သည်။

ယခုနှစ်လယ်ပိုင်းကစ၍ ဆက်တိုက် အဆင့်တက်လာသည့် မြန်မာ အသင်းသည် နှစ်စက ကမ္ဘာ့အဆင့် ၁၆၄၊ အာရှအဆင့် ၂၉ နှင့် အာဆီယံဒေသတွင် အဆင့် (၇) သာ ရပ်တည်နိုင်ခဲ့သော်လည်း နှစ်ကုန်ဆုံးချိန်တွင် ကမ္ဘာ့အဆင့် ၁၃၀၊ အာရှအဆင့် ၁၉ နှင့် အာဆီယံဒေသတွင် အဆင့် (၂) နေရာ သို့ တက်ရောက်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) က ထုတ်ပြန်ခဲ့သည့် FIFA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ရပ်တည်နိုင်ခြင်းသည် ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အာရှဘောလုံး အင်အားကြီး မြောက်ကိုရီးယား အသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းကြောင့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အုပ်စုအဆင့်ကပင် ထွက်ခဲ့ရသည့် မြန်မာအသင်းမှာ (၁၄) ကြိမ်မြောက် ရွှေတံဆိပ်ဆု ကိုင်မြှောက် နိုင်ခဲ့သည့်၊ ထိုင်း၊ ၂၀၁၁ SEA Games ချန်ပီယံဟောင်း မလေးရှားနှင့် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူအသင်းတို့ကို ကျော်ဖြတ်ကာ အာဆီယံဒေသတွင်း ဖိလစ်ပိုင်၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာမူ နှစ်စက ကမ္ဘာ့အဆင့် ၆၄၊ နှစ်ကုန်ဆုံးချိန်၌ ကမ္ဘာ့အဆင့် ၄၂ သာ ရပ်တည်နိုင်ခဲ့ကြောင်း၊ အာရှအဆင့် သတ်မှတ်ချက်အရ အဖွဲ့ဝင် ၃၆ နိုင်ငံအနက် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့၏ နောက်အဆင့် (၉) နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အဖွဲ့ဝင် နိုင်ငံများ၏ အဆင့်သတ်မှတ်ချက် များကို လစဉ် ထုတ်ပြန်လျက်ရှိရာ ၂၀၁၃ ခုနှစ်၏ နောက်ဆုံးလ ဖြစ်သည့် ဒီဇင်ဘာလအတွက် ထုတ်ပြန်ချက်တွင် မြန်မာအမျိုးသား ဘောလုံးအသင်းသည် ယခုတစ်နှစ်တာအတွင်း အဆင့် ၁၃၀ ဖြင့် အမြင့်ဆုံးအဆင့် သို့ ရောက်ရှိလာခဲ့သည်။

ယခုနှစ်လယ်ပိုင်းကစ၍ ဆက်တိုက် အဆင့်တက်လာသည့် မြန်မာ အသင်းသည် နှစ်စက ကမ္ဘာ့အဆင့် ၁၆၄၊ အာရှအဆင့် ၂၉ နှင့် အာဆီယံဒေသတွင် အဆင့် (၇) သာ ရပ်တည်နိုင်ခဲ့သော်လည်း နှစ်ကုန်ဆုံးချိန်တွင် ကမ္ဘာ့အဆင့် ၁၃၀၊ အာရှအဆင့် ၁၉ နှင့် အာဆီယံဒေသတွင် အဆင့် (၂) နေရာ သို့ တက်ရောက်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) က ထုတ်ပြန်ခဲ့သည့် FIFA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ရပ်တည်နိုင်ခြင်းသည် ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အာရှဘောလုံး အင်အားကြီး မြောက်ကိုရီးယား အသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အုပ်စုအဆင့်ကပင် ထွက်ခဲ့ရသည့် မြန်မာအသင်းမှာ (၁၄) ကြိမ်မြောက် ရွှေတံဆိပ်ဆု ကိုင်မြှောက် နိုင်ခဲ့သည့်ထိုင်း၊ ၂၀၁၁ SEA Games ချန်ပီယံဟောင်း မလေးရှားနှင့် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူအသင်းတို့ကို ကျော်ဖြတ်ကာ အာဆီယံဒေသတွင်း ဖိလစ်ပိုင်၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာမူ နှစ်စက ကမ္ဘာ့အဆင့် ၆၄၊ နှစ်ကုန်ဆုံးချိန်၌ ကမ္ဘာ့အဆင့် ၄၂ သာ ရပ်တည်နိုင်ခဲ့ကြောင်း၊ အာရှအဆင့် သတ်မှတ်ချက်အရ အဖွဲ့ဝင် ၃၆ နိုင်ငံအနက် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့၏ နောက်အဆင့် (၉) နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
 
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis