menu

Wednesday 13 November 2013

ကမ္ဘာ့အမြန်ဆုံးဖြစ်လာမည့် Koenigsegg ပြိုင်ကား

Photo: ကမ္ဘာ့အမြန်ဆုံးဖြစ်လာမည့် Koenigsegg ပြိုင်ကား

ဆွီဒင်နိုင်ငံ အခြေဆိုက် Koenigsegg ပြိုင်ကားကုမ္မဏီမှ ကမ္ဘာ့အမြန်ဆုံး ကားကို မိတ်ဆတက်ပြသ လိုက်ပါပြီ။ ပုံမှာ မြင်တွေ့နေရတဲ့ ကား ဖြစ်ပြီး One:1 လို့ အမည်ပေးထား ပါတယ်။ 

သူ့ကို စူပါကားရယ်လို့တောင် မဟုတ်တော့ပဲ ဟိုင်ပါကားလို့ အမည်ပေး ထားပြီး One:1 လို့ အမည်ပေး ရခြင်းကလည်း အကြောင်း ရှိပါတယ်။ ကားရဲ့  ပေါင်ချိန်နဲ့ မြင်းကောင်ရေအားက ၁ အချိုး ၁ ကျလို့ ဖြစ်ပါတယ်။ ကားရဲ့  အလေးချိန်က ပေါင် ၁၄၀၀ ဖြစ်ပြီး မြင်းကောင်ရေအား ကလည်း ၁၄၀၀ hp ရှိပါတယ်။ Top Speed က တစ်နာရီ ၂၇၉ မိုင် ဖြစ်ပါတယ်။ ဒါဆိုရင် Bugatti ထပ် မြန် သွားပါပြီ။ သို့ပေမယ့်ပြိုင်ကွင်းမှာ လက်တွေ့စမ်းသပ်ထားခြင်း မဟုတ်ပဲ simulation နဲ့ တင်ထားတဲ့ စံချိန် ဖြစ်ပါတယ်။ 

ဝမ်းနည်းစရာပဲလား၊ ဝမ်းသာစရာပဲလားတော့ မသိဘူး။ ယင်းကားကို အစီးရေ စုစုပေါင်း ၆ စီးပဲ ထုတ်လုပ် မှာပါ။ လောလောဆယ် တရုတ်ပြည်က အော်ဒါမှာယူထားသူတွေ ရှိနေပြီလို့ ဆိုပါတယ်။ ကမ္ဘာ့ ဈေးအကြီးဆုံး ကား စာရင်းထဲလည်း ပါဝင်လာအုံးမှာပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းအထပ် ရှိမယ့် ကားဖြစ်တယ်လို့ ဈေးနှုန်းခန့်မှန်းထားကြောင်း သိရပါတယ်။
.
Ref: autoblog
အောင်ခမ်း ( ရိုးရာလေး ) 

http://www.yoyarlay.com/science-tech/134-inventions/38651-koenigsegg-would-be-the-fasted-car-in-the-world

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis