menu

Friday 26 October 2012

ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံ ဥပဒ အခန်း (၁၁) ပါ ပါ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ရာ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအ

နေ ကြေငြာသည့်ကိစ္စရပ်တွင်

-(ခ)နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိလည်းကောင်း ၊ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့်တရားစီရင်ရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့်တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း (သို့မဟုတ်) သင့်လျော်သည့် စစ်ဖက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

The Voice Weekly 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis