menu

Friday 26 October 2012

CPI ကုမ္ပဏီ မြစ်ဆုံစီမံကိန်းမှ လက်ကျန်စက်ပစ္စည်းများသိမ်း၍ ပြန်တော့မည်

ဧရာဝတီမြစ်ဆုံစီမံကိန်းမှ CPI (China Power Investment) ကုမ္ပဏီက ပြန်ရန်အတွက် နောက်ဆုံးကျန်ရှိသော စက်ပစ္စည်းများကို သိမ်းဆည်းနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။

“အခုပြန်ဖို့ နောက်ဆုံးအသုတ်ပစ္စည်းတွေ သိမ်းနေပြီ၊ ပစ္စည်းတွေသိမ်းပြီး ပြန်ကြတော့မယ်”ဟု ဦးအောင်မင်းက

အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။ မြစ်ဆုံစီမံကိန်းဆောင်ရွက်ခဲ့ရာတွင် မြေအတွင်းဝင်သွားသော ကုန်ကျစရိတ်တန်ဖိုးမှာပင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။

စက်ပစ္စည်းများ သယ်ယူရန် မြန်မာအစိုးရက ခွင့်ပြုပြီးဖြစ်သော်လည်း ကေအိုင်အေနယ်မြေအတွင်းရှိ ခုနစ်ရောင်ခြယ်တံတားကျိုးနေပြီး၊ ကေအိုင်အေက တံတားပြန်ဆောက်ရန် ခွင့်မပြုသည့်အတွက် သယ်မရသေးကြောင်း CPI ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ မစ္စတာ Xia Zhong က သြဂုတ်လကုန်ပိုင်းက ဘေဂျင်းမြို့ရှိ ၎င်းတို့၏ရုံး၌ 7Day News နှင့်တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။

အဆိုပါ စီမံကိန်းကြောင့် CPI ကုမ္ပဏီ၏ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရှိကြောင်းလည်း ဒုဥက္ကဋ္ဌကဆိုသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis