အဆိုပါ ပြစ်မှု ကျူးလွန်သူ သည် ၄င်းနှင့် ချစ်ကြိုက် ခဲ့ဖူးသူ မိ
န်းကလေးနှင့်
မိသားစုရှိရာ ယာခင်းဘက် သို့ ငှက်ကြီးတောင် ဓါးကိုင်ကာ အဆိုပါ မိန်းကလေး
နှင့် တွေ့ဆုံရန် ကြိုးစားစဉ် တွေ့ခွင့် မပေး သည့် ၄င်း၏ ရည်းစားနှင့်
မိသားစုဝင် နှစ်ဦးကို ဓါးဖြင့် ခုတ်ပြီး ပြန်လာစဉ် လွန်ခဲ့သော
သုံးနှစ်ခန့် က အမှု ရင်ဆိုင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို လမ်းတွင် တွေ့ဆုံ
သဖြင့် ထပ်မံ၍ ဓါးဖြင့် ခုတ်ခဲ့ကြောင်း၊ အဆိုပါ ဓါးဖြင့် ခုတ်ခံခဲ့ရသူ
ငါးဦးထဲမှ နှစ်ဦး သေဆုံးပြီး သုံးဦး မှာ အောင်လံ ပြည်သူ့ဆေးရုံ တွင်
တက်ရောက် ဆေး ကုသမှု ခံယူ နေရပြီး ပြစ်မှု ကျူးလွန်သူ ကို အောင်လံ မြို့နယ်
ရဲစခန်းက ပ ၁၇၆ / ၁၂ ၊ ပုဒ်မ - ၃ဝ၂ / ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေး နေကြာင်း
ယင်း ရဲစခန်း ထံမှ သိရသည်။
The Voice Weekly
The Voice Weekly

No comments:
Post a Comment