menu

Saturday 20 October 2012

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာမည့်လ သွားမယ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ 

ဒါဟာ နှစ်ပေါင်း ၄၀ လောက် ကင်းကွာခဲ့တဲ့ အိန္ဒိယ နိုင်ငံကို ပြန်လည် ရောက်ရှိ မှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraph သတင်းစာတွေက ဆိုပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အိန္ဒိယအရာရှိတွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေလီမြို့ပြင်ကိုလည်း သွားရောက်နိုင်တယ်လို့ ဆိုပေမယ့် ခရီးစဉ် အတိအကျကိုတော့ မသိရသေးပါဘူး။ 

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်ကလည်း ဒီနှစ် အစောပိုင်း ရန်ကုန်ကို သွားတုန်း က ဒေါ်အောင်ဆန်း စုကြည် ကို အိန္ဒိယ နိုင်ငံကို လာဖို့ ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း မိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားခဲ့ပါ တယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်က နိုင်ငံတကာ နာလည်မှုအတွက် ဂျဝါဟာလာ နေရူး ဆုကို လည်း ချီးမြှင့်ခံခဲ့ရတာပါ။ မိခင်ဒေါ်ခင်ကြည်အနေနဲ့ ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ခန့်အပ်ခံရပြီး ၁၉၆၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ ကို ရောက်လာခဲ့စဉ် နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။ 
Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis