menu

Saturday 20 October 2012

တောင်းတောင် ကြေးနီစီမံကိန်း လုံခြုံရေး တာဝန်ကျနေတဲ့ ရဲအရာရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ကလက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့် ပေးဖို့ တောင်းဆိုတဲ့ ပြည်သူ့ ညီလာခံကျင်းပ နေစဉ်မှာပဲ စီမံကိန်း လုံခြုံရေး တာဝန်ကျနေတဲ့ ရဲအရာရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။

လုံခြုံရေး တာဝန်ကျ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ် အောင်ဝင်းထွန်း တို့ နှစ်ဦးဟာ မုံရွာမြို့  အမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးခံနေရတာပါ။


ကြေးနီစီမံကိန်း လုံခြုံရေး အလှည့်ကျ တာဝန်ချထားခံရတ
ဲ့ စစ်ကိုင်းတိုင်းပုလဲမြို့နယ်ရဲတပ်ဖွဲ့က ရဲ အုပ်အောင်ကြည်စိန်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းတာဝန်ရှိသူတွေက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်ခိုင်းစေမှုတွေရှိနေတဲ့အကြောင်းပြောပြထားတဲ့ ဗီဒီယို အင်တာနက်မှာ ပြန့်နှံခဲ့တဲ့အတွက် စစ် ဆေးခံရတာလို့ ရဲစခန်းမှာ သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ မုံရွာ အခြေစိုက် ရှေ့နေ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီမိုကရက်တစ် မြန်မာအသံ ရုပ်မြင်သံကြား ကနေ ပြည်တွင်းက ပြည်သူပြည်သား သတင်းသမား များ ပေးပို့တဲ့ အဲဒီမှတ်တမ်းကို ထုတ်လွင့်ခဲပြီးဖြစ်ပါတယ်။

အဲဒီ ဗီဒီယို မှာ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုအကြပ်အောင်ဝင်းထွန်းတို့ကနေ လက်ပံတောင်းတောင် စီမံကိန်းမှာ အနေအထိုင် ဆင်းရဲရပုံတွေ ၊ တရုတ်ကုမဏီက တစ်ရက် ငွေ ၂ ထောင်ပေးပြီးခိုင်းတာကို မလုပ်ချင်ပဲ ရဲတပ်ဖွဲ့ရဲ အလုပ်တွေကို သာ လုပ်ချင်ကြတယ်လို့ ပြောပြထားတာတွေ ပါဝင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ၂ ဦးဟာ မုံရွာရဲအချုပ်မှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း မညှာမတာ ဆက်ဆံခဲ့ရတယ်လို့ လည်း ရဲအုပ်အောင်ကြည်စိန်ရဲ့ ပြောဆိုချက်ကိုကိုးကားပြီးေ၇ှ့ နေကပြော ပါတယ်။

ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုအကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး ဗီဒီယိုရိုက်ကူးစဉ်က ထိုင်ခဲ့တဲ့ မုံရွာ ပုလဲ ကားလမ်းပေါ် ဖေါင် ကားရွာအနီးက Gold Star စားသောက်ဆိုင်က ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း အမှတ် ၂ ရဲစခန်းကို ခေါ်ယူ စစ်ဆေးထားတယ်လို့ သိရပါတယ်ခင်ဗျာ။

မင်းလွင် DVB ၁၉ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis