menu

Tuesday 2 October 2012

ချင်းတွင်းမြစ်အတွင်း အစုန်စက်လှေ တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိကြောင်းသိရ



စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ချင်းတွင်းမြစ်အတွင်း အစုန်စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် သုံးရာ ခုနစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ ကလေးဝမှ စုန်ဆင်းလာသော မြင်းကောင်ရေ ၂၅ တရုတ်အင်ဂျင် တပ်ဆင်ထားသော အစိမ်းနုရောင် စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁၃၃၇၅တန်ဖိုးရှိ မူးယစ်ဆေးများ မုံရွာမူးယစ်အထူးအဖွဲ့ ဦးဆောင်သော အဖွဲ့ က တရားခံ ၅ ဦးနှင့်အတူ တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလျား၄၅ ပေ အနံ ၃ ပေခွဲ ရှိ အဆိုပါစက်လှေပေါ်မှ ဆူဒိုအက်ဖ်ဒရင်း အာနိသင်ပါ နှာစေးပျောက်ဆေးပြား ၂သောင်းပါဆေးထုပ် ၁၀ ထုပ်ပါသည့် ဆာလာအိတ်တစ်အိတ်လျှင် ၃၆ ကီလိုပါ ၁၄အိတ် ဆေးပြားပေါင်း ၂၈သိန်း စုစုပေါင်းတန်ဖိုး သိန်း ၂၈၀၀ ၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂၇အိတ် ဆေးပြား ၅၄ သိန်းပြား တန်ဖိုး ကျပ်သိန်း ၅၄၀၀၊ ဆူဒိုအက်ဖ်ရင်းအာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂၁ အိတ် ဆေးပြား ၄၂သိန်းပြား တန်ဖိုး ကျပ်သိန်း ၄၂၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂ အိတ် ဆေးပြား ၄ သိန်းပြား တန်ဖိုး ကျပ်သိန်း ၄၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါနှာစေးပျောက်ဆေး လိမ္မော်ရောင်ပါ ဆာလာအိတ် ၁အိတ် ဆေးပြား၂ သိန်း ၆ သောင်းပြား တန်ဖိုး ကျပ်သိန်း ၂၆၀၊ ဂျပ်ဖာ အတွင်းမှ အက်ဖ်ဒရင်း ဟုယူဆရသည့်  ၉ ကီလိုဂရမ် အဖြူရောင်အမှုန့်  တစ်ထုပ် တန်ဖိုး၃၁၅ သိန်း တို့ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန်ဖိုး ၁၃၃၇၅ သိန်းတန်ဖိုးရှိသော မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။

“စက်တင်ဘာ ၂၉ ရက် ညပိုင်းက ကနီမြို့ နယ် လက်ပံစုရွာအနီးမှာ ဝင်းမနားရဲစခန်းက ရဲတွေနဲ့အတူ မုံရွာမူးယစ်အထူးအဖွဲ့ က ဖမ်းမိတာလို့ သိရတယ်။ စက်လှေပေါ်မှာ တရားခံ ၅ ဦီး နဲ့ အတူ လက်ကိုင်ဖုန်း ၃ လုံး တို့နဲ့အတူ မိတယ်လို့သိရတယ်။ ကလေးဝက စုန်ဆင်းလာတဲ့ စက်လှေလို့ သိရပြီး အိန္ဒိယဘက်က မူးယစ်ဆေးပြားတွေ သယ်ယူမှုတွေ အဖမ်းခံရမှု များတယ်လို့ သိရတယ်။” ဟူ၍ ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါအမှုအတွက် ကနီမြို့ နယ် ဝင်းမနားရဲစခန်းမှ မူးယစ်ဆေးဝါးမှုဖြင့် မူးယစ်(ပ) ၁/၁၂   ပြစ်မှုပုဒ်မ ၁၅၊၁၆(ခ)၊၂၁ တို့ဖြင့်  တရားခံများဖြစ်သော သူရစိုး ခေါ် စိုးကြီး ခေါ် ဇော်ဝင်းကို ၃၄ နှစ်(ဘ-ဦးကျော်စိုး) ဈေးရောင်း ခမိတ်ရွာ တမူးမြို့ နယ်၊  ဆောင်းလင်း ၃၅ နှစ် (ဘ-ဦးတင်မြင့်) တောင်သူ မြို့ မ ၇ ရပ်ကွက်တမူးမြို့ ၊ ကျော်ကျော်ဝင်း ၄၉နှစ် (ဘ- ဦးညွန့် တင်) ဘက်ထရီ လုပ်ငန်းချိုင်ရွာ ကနီမြို့ နယ်၊ မောင်လှိုင် ၃၇ နှစ် (ဘ- ဦးတင်ရှိန်) တောင်သူ ခမိတ်ရွာ တမူးမြို့ နယ်၊ ဖိုးသဲ ၂၅ နှစ် (ဘ-ဦးအေးမြင့်  ) တောင်သူ ခမိတ်ရွာ တမူးမြို့နယ် တို့  ၅ ဦးအား အေ၇းယူထားကြောင်း သိရသည်။EMG
    

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis