menu

Tuesday 2 October 2012

မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းအား အယုံအကြည်မရှိကြောင်း ABSDF မြောက်ပိုင်းကျောင်းသား ရဲဘော်ပောာင်းများအဖွဲ့က သမ္မတထံ စာပို့သွားမည်

မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းအား အယုံအကြည်မရှိကြောင်း ABSDF မြောက်ပိုင်းကျောင်းသား ရဲဘော်ပောာင်းများအဖွဲ့က သမ္မတထံ စာပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးမြို့တော်ဝန်ပာာ ပြည်သူတွေရဲ့အသံကိုနားထောင်မှုမရှိဘဲ လုပ်ချင်ရာကိုလုပ်နေပါတယ်။ ဒီကိစ္စတွေအတွက် သမ္မတဆီကို မန်းမြို့တော် ဝန်ကို အယုံအကြည်မရှိကြောင်း စာပို့သွားမှာပါ။ လက်ရှိမှာလည်း ပြည်သူတွေရဲ့ ဆန္ဒမဲလက်မှတ်တွေကို ရယူနေပါတယ်။ ပြီးတော့ ပြည်သူတွေ အပေ

ါ် မတရားတရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့လည်း တိုင်ကြားသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မန်းမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်းတိုင်စာအား စက်တင်ဘာလကုန်တွင် သမ္မတထံသို့ပေးပို့သွားမည်ဖြစ်ပြီး ယင်းသို့တိုင်ကြားနိုင်ရန် ABSDF မြောက်ပိုင်းကျောင်းသား ရဲဘော်ပောာင်းများသာမက အခြားအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးအောင်မောင်းသည် ၎င်း၏ မန္တလေးမြို့တော်ဝန်အဖြစ် စတင်တာဝန်ယူသည့် သက်တမ်းခြောက်လအတွင်း ဈေးချိုပျံကျကုန်စိမ်းဈေး အပြောင်းအရွှေ့ကိစ္စရပ်များ၊ ချမ်းမြေ့ သာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လယ်ယာမြေပြဿနာများတွင် တပ်ဖွဲ့အင်အား အများအပြားအသုံးပြု၍ မန္တလေးဒေသခံပြည်သူများအား နှိမ်နင်းခဲ့ကြောင်း သိရသည်။

(Transparency Myanmar သတင်းစဉ်)
 အဘ ဥက္ကာကိုကို
Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis