menu

Friday 21 September 2012

ရုရှား Pussy Riot တီးဝိုင်းအဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနိုင်ငံတွင် အစိုးရက ဖမ်းဆီးထားသော Pussy Riot တီးဝိုင်းအဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ်အတွင်း တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စက်တင်ဘာလ ၂၀ ရ
က်နေ့တွင် ပြုလုပ်ခဲ့သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သည် Pussy Riot တီးဝိုင်းအဖွဲ့ဝင်တစ်ဦး၏ မိသားစုထံမှ ပန်းစည်းတစ်ခုကို လက်ခံရရှိခဲ့သည်။


ရုရှားနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Pussy Riot အမျိုးသမီး ပန့်ရော့ခ်တီးဝိုင်းသည် ရုရှားနိုင်ငံရေးလောကအပေါ် သရော်ဝေဖန်သည့်သီချင်းများ သီဆိုတင်ဆက်သည့် တီးဝိုင်းဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ မော်စကိုရှိ ထင်ရှားသည့် ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား လှောင်ပြောင်သရော်သည့်သီချင်းကို သီဆိုခဲ့၍ အဆိုပါတီးဝိုင်းအဖွဲ့မှ အဖွဲ့ဝင်များသည် ပြီးခဲ့သည့် သြဂုတ်လက ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis