menu

Friday 21 September 2012

စင်ကာပူနိုင်ငံတွင် Rဇာနည်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်





Rဇာနည်၏ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာလအတွင်း၌ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် Lucky Boss ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး မှ သိရှိရပါသည်။ အဆိုပါ ဖျော်ဖြေပွဲနှင့်အတူ စင်ကာပူ အလည်အပတ် ခရီးစဉ်လိုက်ပါ လိုသူများအတွက်လည်း လေးညအိပ် ငါးရက်ခရီး စီစဉ်ထားကြောင်း သိရသည်။ ယင်းခရီးစဉ်တွင် Mustafa Shopping Mall ၊ SANTOSA နှင့် Underwater World အပြင် Garden's by the Bay ဥယျာဉ် အလည်အပတ် အစီအစဉ်များကို ဖျော်ဖြေပွဲကြည့်ရှုမှု အစီအစဉ်နှင့်အတူ ထည့်သွင်းထားကြောင်း သိရသည်။

“ ဒီဖျော်ဖြေပွဲကို စင်ကာပူမှာရှိတဲ့ မြန်မာပရိသတ်ကို အဓိကထားပြီး ကျင်းပတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံကနေ စင်ကာပူကို ရက်တိုအလည်အပတ် သွားချင်သူတွေအတွက် လေးညအိပ် ငါးရက်စင်ကာပူ ခရီးစဉ်ကို ဒီရှိုးပွဲနဲ့အတူ ထည့်သွင်းစီစဉ်ထားပါတယ်။ စင်ကာပူခရီးစဉ်အတွက်ကိုတော့ Thousand Island Travel & Tour က စီစဉ်တာပါ” ဟု Lucky Boss မှ ဦးသိန်းဇော်က ဆိုပါသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ တွင် စင်ကာပူနိုင်ငံရှိ Kreata Ayer  People's Theatre  တွင် ကျင်းပမည် ဖြစ်ပြီး The Tree Band ၏တီးခတ်မှုဖြင့် R ဇာနည်နှင့်အတူ ထွန်းအိန္ဒြာဗို၊ အိမ့်ချစ်နှင့် ၀ိုင်းစုခိုင်သိန်းတို့က ပါဝင်သီဆိုမည် ဖြစ်သည်။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis