menu

Friday 21 September 2012

ဖွံ့ဖြိုးရေးဘဏ်များမှတစ်ဆင့် မြန်မာအပေါ်ငွေကြေးထောက်ပံ့မှုကန့်သတ်သည့်ဥပဒေဖယ်ရှားရေး အမေရိကန်အောက်လွှတ်တော်ထောက်ခံ

ဝါရှင်တန်၊ စက်တင်ဘာ - ၂၀

ကမ္ဘာ့ဖွံ့ဖြိုးရေးဘဏ်ကြီးများမှတစ်ဆင့် မြန်မာနိုင်ငံအပေါ် အမေရိကန်အကူအညီအထောက်အပံ့များပေးခြင်းအပေါ် ကန့်သတ်ထားသည့် အရေးယူမှုဥပဒေတစ်ရပ်ကို ဖြေလျှော့ပေးရန် အမေရိကန်ကွန်ဂရက်၏ အင်အားအကြီးဆုံးအစိတ်အပိုင်းဖြစ်သည့် အောက်လွှတ်တော်(House of Representatives)က အတည်ပြုထောက်ခံလို

က်ပြီဖြစ်ကြောင်း The Washington Post သတင်းဌာနကရေးသားဖော်ပြသည်။

ယင်း ဥပဒေ ဖြေလျှော့သည့်ကိစ္စကို ဆီးနိတ်(အထက်လွှတ်တော်)တွင် အတည်ပြုရန် ကျန်ရှိနေသေးကြောင်း၊ ဖြေလျှော့ပြီးပါက အမေရိကန်အနေဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်(WB)၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့မှတစ်ဆင့် ငွေကြေးအကူအညီများပေးနိုင်မည်ဖြစ်ကြောင်း သတင်းကဆိုသည်။ အောက်လွှတ်တော်သည် ယင်းဖြေလျှော့မှုကို စက်တင်ဘာလ ၁၉ ရက်နေ့၊ ကွန်ဂရက်က ဒေါ်အောင်ဆန်းစုကြည်အား အမြင့်ဆုံးဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ပြီးနောက် နာရီပိုင်းအကြာတွင် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါဘဏ်ကြီးများသို့ ပေးရန်ရှိသည့် ကြွေးကျန်များမဖြစ်မနေရှင်းလင်းသွားမှသာ ချေးငွေရယူမှုများပြန်လည်ပြုလုပ်နိုင်မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာသမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ယခင် ပိတ်ဆို့အရေးယူမှုများကို တဖြည်းဖြည်းချင်း လျှော့ချသွားရန်ကြိုးပမ်းလျက်ရှိသည်ကိုတွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု၏ ကျန်ရှိနေသေးသော ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ဖယ်ရှားပေးရန် အမေရိကန်အစိုးရကို တိုက်တွန်းပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis