menu

Sunday 9 September 2012

ပဋိပက္ခကြောင့် သေဆုံးခဲ့သူများကို ဂုဏ်ထူးဆောင်ဆုချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၈

လူ ၉၀ နီးပါး သေဆုံးခဲ့သော ပဋိပက္ခ အတွင်း သေဆုံးခဲ့သည့် ရခိုင် တိုင်းရင်းသားများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ နေ့လည်က ကျင်းပခဲ့သည်။


ရခိုင်ပြည်နယ် အတွင်း ဇွန်လ ၈ ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှု သုံးလပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ယင်းသို့ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့အခြေစိုက် ဝံလက် ဒေသ
ဖွံဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးအောင်ကျော်ဝင်းက ဆိုသည်။

"တစ်မျိုးသားလုံးအတွက် အသက်စွန့် သွားခဲ့တဲ့ သူတွေကို ကျွန်တော်တို့က အမျိုးဂုဏ်ဆောင် သူရဲကောင်းဆု ချီးမြှင့်တာပါ" ဟု ၄င်းကရှင်းပြသည်။


ယင်းသို့ ဆုချီးမြှင့်ရာတွင် အပြန်အလှန် ပဋိပက္ခ ဖြစ်စဉ် အတွင်း သေဆုံးခဲ့သူ ၃၃ ဦးနှင့် ရမ်းဗြဲမြို့ နယ် ကျောက်နီ ကျေးရွာ အုပ်စု သပြေချောင်း ကျေးရွာမှ မသီတာထွေး အပါအဝင် စုစုပေါင်း ၃၄ ဦးကို ပေးအပ်ခဲ့

ကြောင်း၊ ယင်းအပြင်သေဆုံး သူများ၏ မိသားစု တစ်စုစီကို ကျပ်ငွေ ၅ သိန်းကျော် လှူဒါန်း ခဲ့ကြောင်း ယင်းပွဲ စီစဉ်ခဲ့သူများက ဆိုသည်။

ယင်းသို့ ကျင်းပရာတွင် ဒေသခံများ၊ မိသားစုဝင်များနှင့် သံဃာတော်များက ပဋိပက္ခအတွင်း ကျဆုံးခဲ့သူများအား ရေစက်ချ အမျှ ပေးဝေခြင်း၊ ဆူပူ အကြမ်းဖက်မှု သုံးလပြည့် အထိမ်းအမှတ် အဖြစ် ငြိမ်းချမ်းရေး သီချင်းခွေများ

ရောင်းချခြင်း စသည် တို့ကို ပြုလုပ်ခဲ့ကြောင်း စစ်တွေမြို့ ဝံလက်ဒေသ ဖွံဖြိုးရေး ဖောင်ဒေးရှင်း ထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis