menu

Sunday 9 September 2012

သူတို့ဆီက ဘူတာဈေး



l5231 ထိုင်းနိုင်ငံဘန်ကောက်ရှိThe Nation Media Group သို့ Eleven Media Group မှတာဝန်ပေးချက် အရအတွေ့အကြုံရယူရန် ခရီးစဉ်၏ ပထမဆုံး သတင်းရယူမှုအဖြစ် Asia News Network အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ ပို့စ်မှသတင်းထောက် Ina Parlina နှင့် အတူတွဲ၍ သတင်းလိုက်ဖြစ်ခဲ့သည်။ သွားဖြစ်သည့်ခရီးစဉ်က တိုးရစ် အနည်းစုသာ အသိများပြီးသွားလေ့ရှိသော မီးရထားသံလမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ဈေးတန်းဖြစ်နေသည့် မဟာချိုင်ဒေသရှိ မက်ခလောင်ဈေးသို့ပင် ဖြစ်သည်။ မီးရထားသံလမ်းနှစ်ခုနှင့် ကပ်၍ ဈေးတန်းများ ခင်းကာရောင်းချလေ့ပြီး မီးရထားအချက်ပေးသံ ကြားမှသာ ရောင်းလက်စဆိုင်တန်းများကို အတန် ငယ်နောက်ဆုတ်ကြကာ မီးရထားပြန်လည်ထွက်ခွာသွားသည်နှင့် ပုံမှန် အတိုင်းသံလမ်းနှစ်ခုနှင့် နီးကပ်စွာ ရောင်းချတတ်ကြသည်မှာ မြင်တွေ့ရသူတို့အတွက် အံ့သြဖွယ်ရာတစ်ခုဖြစ် သည်ဟု အင်တာနက်တွင် လေ့လာချက်များအရ သိရသည်။ ယင်းကဲ့သို့ ဖတ်ရှုမိသည်နှင့်တစ်ပြိုင်နက် သတိရမိသည် ကမြန်မာပြည်မှ ဘူတာများတွင် ရထားရပ်နားချိန်တစ်ခဏအတွင်း အလုအယက် ဈေးရောင်းကြရသည့်၊ တစ်ခါ တစ်ရံရထားထွက်ခွာချိန်နှင့် ကြုံ ကြိုက်လျှင် အသက်အန္တရာယ်ကိုမမှု ဘဲ နောက်တစ်ဘူတာတွင် ခုန်ချနေရစ်ရသည့် ရထားဈေးသည်များကိုပင် ဖြစ်သည်။
ယင်းနှစ်ခုကြား ကွာခြားချက်ကို သိလိုစိတ်ကပင် သွားရမည့်ခရီးအတွက် ခြေလှမ်းများကို တက်ကြွစေခဲ့သည်။
ခရီးစဉ်ကို နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး ပထမဦးစွာ ဘတ်စ်ကား စတင်စီးရသည်။ ထို့နောက် မိုးပျံ ရထားနှစ်ဆင့်စီးကာ ၀မ်ဝေယမ်ရီ ဘူတာမှ မဟာချိုင်သို့ ရထားဖြင့် ခရီးဆက်ရသည်။ သန့်ရှင်းသပ်ရပ် နေသည့် ရထားခုံတန်းများကို တွေ့မြင်ရသည့်အချိန်တွင် စည်းစနစ်ကျနမှု နည်းပါးနေဆဲဖြစ်သည့် ရန်ကုန်မြို့ မှ မြို့ပတ်ရထားများကို သတိရစေသည်။ ဈေးနှုန်းကတော့ ၁၀ ဘတ် ဆိုသည့်အတွက် မြန်မာငွေနှင့် တွက်ကြည့်တော့ ငွေကျပ်သုံးရာနီးပါးကျသင့်သည်။ မြန်မာနိုင်ငံထက်တော့ ကုန်ကျငွေ ပိုမိုများပြားနေသည်။ မဟာချိုင်သို့သွားရာ ရထားလမ်းခရီးစဉ်တစ်လျှောက်တွင် တွေ့မြင်ရသည်များက မြန်မာပြည်တွင် တွေ့မြင်ရသည့် မြင်ကွင်းများနှင့်သိပ်မကွာခြားလှ။ ရထားသံလမ်းနှင့် နီးကပ်စွာရှိနေသည့် လူနေအိမ်များ၊ အမှိုက်ပုံအချို့၊ ဘူတာစင်္ကြံတွင် ရောင်းချနေသည့် ဆိုင်ငယ်အချို့တို့၏ မြင်ကွင်းများမှာ တူညီနေခဲ့သည်။ မဟာချိုင်ဘူတာ သို့ ရောက်ရှိလျှင် စက်လှေဖြင့်တစ်ဖက်ကမ်းသို့ ခရီးဆက်ခဲ့သည်။ မဟာချိုင်သို့ ရောက်ရောက်ချင်းမြန်မာရွှေ့ပြောင်း လုပ်သားများထံ အတွေးရောက် သွားသော်လည်း ဦးတည်လာသည့် ခေါင်းစဉ်က ရှိသေးသည့်အတွက် နောက်တစ်ရက် ထပ်လာရန် တေးမှတ်ထားခဲ့သည်။ မဟာချိုင်ဘူတာအနီး ၀န်းကျင်တွင် ရောင်းချနေသည်များ က ကဏန်း၊ ပုစွန်၊ ငါးမျိုးစုံနှင့် ပုစွန်ခြောက် များပင် ဖြစ်သည်။ မြန်မာပြည်တွင် ရောင်းချနေသည့် ဈေးနှုန်းများထက် များစွာ သက်သာနေသည့် ဈေးနှုန်းများကို ကြည့်ရင်း စိတ်မကောင်း ဖြစ်ရသည့်အပြင် မြန်မာ လုပ်သားများစွာ၏ လုပ်အားများပါဝင် နေနိုင်သည် ဆိုသည့် အတွေးက ခေါင်းထဲ ၀င်လာခဲ့သည်။
မဟာချိုင်ဘူတာမှ တစ်ဖက်ကမ်းသို့ ခရီးဆက်ပြီးနောက် ဆက်လက်ထွက်ခွာရမည့် ဘူတာသို့ရောက် ရန်လမ်းလျှောက်သွားစဉ်မြန်မာဘာသာဖြင့် ရေးသားထားသည့် ‘ကဏန်း ခွာ အလုပ်သမားအလိုရှိသည်’ ကြော်ငြာစာကိုမြင်တွေရသည့်အခါ ရင်ထဲဆို့နင့်သွားခဲ့သည်။ မြန်မာ အလုပ်သမားမည်မျှက ယခုကဲ့သို့ အလုပ်မျိုးပင်ပန်းစွာ လုပ်ကိုင်နေရပြီလဲ၊ မြန်မာမည်မျှ ရောက်ရှိနေသည့် အတွက် မြန်မာဘာသာဖြင့် အလုပ်ခေါ်စာ ရေးသားထားသည်လဲ ဆိုသည့် အတွေးများက ဖြေရှင်းရန်မလွယ်သေး သည့် ပုစ္ဆာတစ်ပုဒ်ကဲ့သို့ပင် ဖြစ်သည်။
မက်ခလောင်ဈေးမြင်ကွင်းကို တွေ့မြင်ရရန် ရောက်ရှိနေသည့် Ban Laem ဘူတာမှ မက်ခလောင်ဘူတာသို့ ရထားတစ်ဆင့်ဖြင့် ဆက်လက် ထွက်ခွာရသည်။ ရထားပေါ်တွင် လိုက်ပါလာသူအများစုက ထိုင်းလူမျိုးများမ ဟုတ်ကြဘဲ ခရီးသွားတိုးရစ်များသာဖြစ်ကြသည်။ တစ်နာရီခွဲ ၀န်းကျင်ခန့် ခရီးဆက်ရသည့် ရထား လမ်းဘေးတစ်လျှောက် မြင်ကွင်းများ ကတော့ မြန်မာပြည်၏မြို့ပြမှ ဒေသ အသီးသီးသို့ သွားရောက်သည့် ခရီးစဉ်မြင်ကွင်းများနှင့် များစွာမကွာခြားလှပေ။ သစ်ပင်မြက်ရိုင်းများစွာ တွေ့မြင်ရပြီး ကွင်းပြင်ကျယ်ကြီးများကိုလည်း တွေ့မြင်ရသည်။ အင်တာနက်တွင် ဖတ်ရှုစဉ်ကသိခဲ့ရသည့် ဆားကွင်း အများအပြားရှိသည့်နေရာ ဟူသည့်စာသားကို အမှတ်ရကာ ဆားကွင်းများဖြစ်နိုင်သည်ဟု တွက်ဆ ကြည့်မိသည်။ အအေးခန်းစက်ရုံ တချို့ကိုလည်းတွေ့မြင်ရပြီး စက်ရုံ တစ်ရုံ၏နံရံတွင်’မပန်းအေး’ဟု ရေး သားထားသည့် စာသားက ခံစား ချက်တစ်မျိုးကို ပေးစွမ်းခဲ့သည်။ မက်ခလောင်ဘူတာသို့ေ ရာက်ခါနီး တွင် လိုက်ပါလာသည့်ခ ရီးသည်များအားလုံး လှုပ်ရှားလာကြပြီး ကင်မရာကိုယ်စီဖြင့် အသင့်ပြင်နေကြသည်။ မကြာမီတွင် ရထားလမ်းသံဘေးနှင့် ကပ်ရပ်ရောင်းချနေသည့် လမ်းဘေးဈေးဆိုင်များစွာဖြင့် မက်ခလောင်ဘူတာသို့ ရထားမှာဝင်ရောက်သွားခဲ့သည်။ သံလမ်းနှင့် နီးကပ်နေသည့် ဆိုင်ခန်းများကြား ကျဉ်းမြောင်းသည့် နေရာအနည်းငယ်တွင်ပင် နိုင်ငံခြားသားအများစု ကင်မရာကိုယ်စီကိုင်ကာ ရထားဝင်ရောက်လာသည်ကို မှတ်တမ်းတင်နေကြပုံအား ရထားပေါ်မှတွေ့ မြင်ရသည်။ ရထားရပ်နားချိန်တွင် သံလမ်းဘေး တစ်ဖက်တစ်ချက်စီက အရောင်းဆိုင်များဆီသို့ လေ့လာကြည့် ရှုဖြစ်ခဲ့သည်။ ရထားသံလမ်းနှင့် ထိစပ်စွာ အရောင်းပစ္စည်းများအား ဗန်းများဖြင့်ရောင်းချနေခြင်းဖြစ်ပြီး ရောင်းချသည့်ပစ္စည်းများကစုံလင်လှ သည်။ ကြက်သား၊ ၀က်သား၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်၊ ငါးအမျိုးမျိုးတို့ကို တွေ့မြင်ရသကဲ့သို့ ဂေါ်ဖီ ထုပ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးစသည့် အသီးအနှံအစုံ တို့ကိုလည်း တွေ့မြင်ရသည်။ လက် ဆောင်ပစ္စည်း အရောင်းဆိုင်၊ အင်္ကျီဆိုင်စသည်တို့ကိုလည်း အနည်းငယ် တွေ့မြင်ရသည်။ ရောင်းချသည့်ပုံစံ က ရထားသံလမ်းနှင့်ထိစပ်၍ရောင်း ချခြင်းဖြစ်ပြီး ရထားအချက်ပေးသံ ကြားမှသာ တည်ခင်းထားသည့် ဗန်းများကိုနောက်ဆုတ်ခြင်းနှင့် အမိုးများ ရုပ်သိမ်းခြင်းတို့ ပြုလုပ်ခြင်းပင်ဖြစ် သည်။ ရထားချိန်ကလည်းတစ်နေ့ လျှင်သုံးလေးကြိမ်ခန့်သာရှိတတ်သည့် အတွက် ကျန်အချိန်များတွင်တော့ အေးဆေးစွာ ဈေးရောင်းနေနိုင်ကြသည်။ ဈေးရောင်းနေကြသူ အားလုံးနီးပါးမှာ ထိုင်းဘာသာ စကားကိုသာ နားလည် ကြသော်လည်း ခရီးသွားဧည့်သည် များနှင့် အရောင်းအ၀ယ်အဆင်ပြေအောင် လက်ဟန်ခြေဟန်ဖြင့်သာ အသုံးပြုကြသည်ကို တွေ့ရသည်။ မြန်မာ တစ်ဦးတစ်လေနှင့် တွေ့ခွင့်ရမည်လားဆိုသည့် မျှော်လင့်ချက်ကလည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားထားသည့် ကြော်ငြာ ချိတ်ဆွဲထားသော ဆိုင်အတွင်းသို့ ၀င်ရောက်မေးမြန်သော်လည်း ခေါင်းခါရမ်းပြသည်နှင့်သာ ကြုံကြိုက်ခဲ့ရသည်။
မက်ခလောင်ဘူတာ ဈေးမြင်ကွင်းမှာ ရထားဝင်လာချိန်ခဏတာ အလုပ်များကြသည့် ဈေးသည်များနှင့် သံလမ်းနှင့်နီးကပ်နေသည့် အရောင်းဆိုင်ခန်းများကို နိုင်ငံခြားခရီးသွားများက တအံတသြ လာရောက်ကြည့် ရှုနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ရှိေ’သအသီးသီးသို့ပြေးဆွဲနေသည့် ရထားခရီးစဉ် ဘူတာတစ်လျှောက် ရပ်နားချိန်ခဏအတွင်း ရထားပေါ် သို့တက်ရောက်ကာ အပြေးအလွှား ဈေးရောင်းရသည့် ရထားဈေးသည်များ၊ ဈေးရောင်းနေစဉ်ရထား ထွက်ခွာသွား၍ အသက်အန္တရာယ်နှင့်ရင်းကာ ခုန်ချနေရစ်ရသည့်ဖြစ်စဉ်များ၊ ဘူတာသို့ ရထားဝင်လာစဉ် အချိန်ခဏ အတွင်း ရထားပြတင်းပေါက်မှ တစ်ဆင့်အလုအယက် ရောင်းချကြရသည့် အသက်ငယ်ရွယ်သေးသည့် ကလေးဈေးသည်များ စသည့်မြင်ကွင်းများကို သာမြင်တွေ့မည်ဆိုပါက ခရီးသွားများ ရင်ထဲမည်သို့ ရှိမည်ကိုတွေးမိရင်း မက်ခလောင် ဘူတာဈေးမြင်ကွင်းက စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်များ ကိုကြီးစိုးစေခဲ့သည်။ သို့နှင့် တစ်ဆက်တည်းရန်ကုန်မြို့ပြမှလမ်း ဘေးပလက်ဖောင်း ဈေးသည်များကို ဖမ်းဆီးသည့်မြင်ကွင်းများကိုပါ မြင်ယောင်မိချိန်တွင်တော့ ရင်ထဲတွင် ပိုမိုလေးလံလာခဲ့သည်။ ဘန်ကောက်မြို့သို့ ရောက်ရှိစဉ်အချိန် အတွင်းပထမဆုံးအတွေ့အကြုံအဖြစ် သွားရောက်ချဲ့သည့် မက်ခလာင်ဘူတာ ဈေးမြင်ကွင်းမှာ မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့်တော့ မေးခွန်းပုစ္ဆာ ပေါင်းများစွာကို ခံစားစေခဲ့သည့် ခရီးစဉ်ပင်ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis