menu

Monday 3 September 2012

Sky Net ရုပ်သံက ဂစ်တာ တစ်လုံးကို ၅၈၈ သိန်းဖြင့် လေလံဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂

၈၈ မျိုးဆက် ကျောင်းသားများ၏ စေတနာဝဿန် ဂီတ ရန်ပုံငွေပွဲတွင် ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီ ရေးဆွဲထားသော ဂစ်တာကို ၅၈၈ သိန်း ဖြင့် လေလံဆွဲ ဝယ်ယူခဲ့ကြောင်း Sky Net ၏ General Manager ဦးဝင်းနိုင်က ပြောကြားသည်။

" ၈၈မျိုးဆက် ကျောင်းသားတွေကို ပြည်သူတွေ ကိုယ်စား အလှူငွေ ထည့်ဝင် ပေးတာပါ " ဟု ၄င်းက အဆိ

ုပါ ဂစ်တာကို ဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်ပြီး The Voice Weekly သို့ရှင်းပြသည်။

အဆိုပါပွဲတွင် ဂစ်တာကို လေလံ စတင်ခဲ့ရာ ၈ သိန်း ၈ သောင်းနဲ့ ပရိတ်သတ် တစ်ဦးမှ လေလံ စတင် ပေးခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ သိန်း ၅၀၀ထိ နောက်ဆုံးပေးပြီးနောက် SKY Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားခဲ့ကြောင်း အဆိုပါ ဂစ်တာလေလံပွဲစဉ် ကြေညာသူ ဦးအရိုင်းက ပြောဆိုသည်။

" ဂစ်တာ လေလံပွဲက ပရိသတ်ကို စိတ်လှုပ်ရှားစေပါတယ်။ မြန်မာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးက ဖုန်းနဲ့ သိန်း၃၀၀ကျော်ကနေ စပြီး ဈေးပေးတယ်။ ဒီဘက်က Sky Net က အဲဒီ ဈေးထက် ပိုပေးတယ်။ နောက်ဆုံး Sky Net က ရသွားတယ်။ " ဟု အဆိုပါ ဂီတပွဲသို့ လာကြည့်သူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ငွေများထဲမှ သိန်း ၂၀၀ ကို ကချင် စစ်ဘေး ဒုက္ခသည်များ၊ ကချင်ဒေသ ကလေးများအတွက် နှင့် နောက် သိန်း ၁၀၀ ကို ရခိုင် ဒုက္ခသည်များ အတွက် ၈၈မျိုးဆက် ကျောင်းသားများက ချက်ချင်း လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း ဂစ်တာ လေလံ အောင်မြင်ခြင်း မရှိသော်လည်း ကျပ်သိန်း ၅၀၀ ကို ၈၈ မျိုးဆက် ကျောင်းသားများအား လှူဒါန်းခဲ့သည်။

ယင်းနေ့ညတွင် ၈၈မျိုးဆက် ကျောင်းသားများက ရရှိခဲ့သည့် အလှူငွေ များထဲမှ ကချင် စစ်ဘေး ဒုက္ခသည် များအတွက် သိန်း၃၀၀ နှင့် ရခိုင် ဒုက္ခသည်များ အတွက် သိန်း ၂၀၀ လှူဒါန်း လိုက်ပြီး ရေဘေး ဒုက္ခသည်များအတွက် သိန်း ၁၀၀ အပါအ၀င် စုစုပေါင်း သိန်း ၆၀၀ ကို ချက်ချင်း လှူဒါန်းခဲ့သည်။

ယမန်နေ့ညက မင်းဓမ္မလမ်းရှိ MCC ခန်းမ ၌ ပြုလုပ်သော အဆိုပါ ဂီတ ဖျော်ဖြေပွဲ သို့ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါဝင် နိုင်ငံရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ABSDF ဥက္ကဋ္ဌဟောင်းများ အပါအဝင် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာသော ပြည်ပ အခြေစိုက် နိုင်ငံရေး အင်အားစုဝင်များ တက်ရောက်ခဲ့ကြသည်။
 The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis