menu

Monday 3 September 2012

“မီးလောင်သေဆုံးခဲ့သော ရဲအုပ်ဝင်းမြင့်သန်းမှာ ယင်းနေ့နံနက် ရှစ်နာရီထိ ဖုန်းဆက်သွယ်မှုရှိခဲ့ဟုသတင်းရှိပြီး ၎င်းအမှုအားစီအိုင်ဒီ မှ ကိုင်တွယ်ဖြေရှင်လျှက်ရှိဟုသိရ”

နေပြည်တော်၊စက်တင်ဘာ၊၂

Photo: ပုရ၀ုဏ်အတွင်းရှိ ညောင်ပင်မှာ ရင်ပြင်အထက်ပေနှစ်ဆယ်ကျော်ထိ
မီးဟက်ခံထားရသည်။
ပျဉ်းမနားမြို့နယ်၊ရွာကောက်ရပ် မဟာလေးကျွန်းစင်္ကြာရှင်စေတီတော်
ရင်ပြင်တွင် မီးလောင်းသေဆုံးနေသောရဲအုပ်ဝင်းမြင့်သန်း သည်သြဂုတ်လ
၂၈ ရက်နေ့နံနက်ပိုင်းအချိန်တွင် မီးလောင်သေဆုံးဖွယ်ရှိသည်ဟု
ယင်းဘုရားတည်ရှိသော ရွှေဗျိုင်းအင်းတောရကျောင်းမှ သံဃာအချို့ က
ပေါ်ပြူလာနယူစ်းနှင့်တွေဆုံစဉ်သုံးသပ်သည်။ သေဆုံးသူမှာ ရဲအုပ်
အဆင့်ဖြစ်ပြီး အသက်(၄၁)နှစ်အရွယ် ဦးဝင်းမြင့်သန်းဖြစ်ကြောင်း
စက်တင်ဘာလ(၂)ရက်နေ့ထုတ်ကြေးမုံသတင်းစာ၏ နာရေးကြော်ငြာ
ကဏ္ဍမှ သိရသည်။၎င်းသည်နေပြည်တော်၊သတင်းတပ်ဖွဲ့မှဖြစ်ပြီး
မည်သို့မည်ပုံ သေဆုံးသည်ကို စီအိုင်ဒီ ဌာနမှ စုံစမ်းစစ်ဆေးလျှက်
ရှိကြောင်းသိရသည်။အခင်းဖြစ်ပွားပုံအသေးစိပ်ကို စုံစမ်းဆဲဖြစ်ပြီး၊
သေဆုံးရုပ်အလောင်းကို တွေရှိရာ မဟာလေးကျွန်းစင်္ကြာရှင်စေ
တီတော်တည်ရာ ရွှေဗျိုးအင်းကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံသို့လဲ
ဆိုင်ရာကသွားရောက်မေးလျှောက်လျှက်ရှိသည်ဟုသိရသည်။ယင်း
အမှုဖြစ်စဉ်နှင့်ဆက်လျှင်း၍ ပေါ်ပြူလာနယူစ်းဂျာနယ်မှ ရွှေဗျိုင်းအင်း
တောရကျောင်း ကျောင်းထိုင်ဆရာတော်အားတွေဆုံမေးမြန်းရာ
ဆရာတော်က“၂၈ရက်နေ့ ကဆွမ်းစားပြီးချိန်မှာ ဘုရားပေါ်မှ မီးလာဆင်
ကြတဲ့ ပန်းခင်းရပ်ကွက်နေဒကာအချို့က ဦးဇင်းကို ဘုရားပေါ်မှာ လူသေ
အလောင်းတစ်ခုတွေ့တယ်လို့လာပြီး လျှောက်ကြတယ်။
ဒါနဲ့ ဦးဇင်းကလည်း မဖြစ်ဘူးဆိုပြီး ရပ်ကွက်လူကြီးတွေနဲ့ ဆက်သွယ်ပြီး
နယ်ထိန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်။အပိုင်နယ်ထိန်းရောက်လာ
တော့ နေ့လည်တစ်နာရီခွဲ ကျော်ကျော်ပေါ့ ။အဲ့ဒီကြမှ ရပ်ကွက်လူကြီးတွေရယ်၊
အပိုင်နယ်ထိန်းရယ်၊ဦးဇင်းတို့ရယ် ဘုရားပေါ်တက်ကြည့်ကြတယ်။ပြီးနယ်ထိန်း
က သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားတယ်။
နယ်ထိန်းအကြောင်းကြားလို့မကြာခင်ဆိုင်ရာကရောက်လာကြတယ်။ဦးဇင်း
မြင်ခဲ့တာကတော့ ဘုရားအရှေ့ဖက်မုခ်ရဲ့မြောက်ဖက်အခြမ်း၊ညောင်ပင်ရဲ့
အနောက်ဖက်မှာ မီးလောင်ဒါဏ်ရာတွေနဲ့ အုတ်တံတိုင်ကိုမှီပြီး သေဆုံးနေ
တာကိုတွေ့ ရတယ်။လျှာလည်းထွက်နေတယ်။ခဏနေ သက်ဆိုင်ရာအဖွဲ့အစည်း
တွေရောက်လာပြီး သေမှုသေခင်းဆိုင်ရာမှတ်တမ်းတင်ကြတယ်။ဓါတ်ပုံ
ရိုက်ကြတယ်။မြေပုံအကြမ်းဆွဲကြတယ်။
ပြီးတော့ဦးဇင်းကို မေးလျှောက်တာလေးတွေရှိတယ်။နောက်ကနဦးမျက်မြင်
သက်သေဖြစ်တဲ့ ဦးဇင်းဆီကို လာလျှောက်ကြတဲ့ ဒကာတွေကိုမေးတယ်။သူတို့ရဲ့
ကိုယ်ေ၇းအချက်အလက်တွေယူတယ်။ အဲ့ဒီနေ့ကတော့ဒီလောက်နဲ့ပြီးသွားခဲ့တယ်။”
ဟုဆရာတော် အရှင်တိလောကာလင်္ကာရ ကပြောသည်။
သြဂုတ်လ(၃၀)ရက်နေ့နံနက်ရှစ်နာရီတွင်မှု သေဆုံးသူ၏ အမျိုးသမီးဟုယူဆရသူ
နှင့် မိတ်ဆွေများရွှေဗျိုင်းအင်းဘုန်းကြီးကျောင်းသို တစ်ဖန်ထပ်မံရောက်လာပြီး
ဦးဇင်းလေးပါနှင့် အခင်းဖြစ်ပွားရာရင်ပြင်တွင် ဆွမ်းသွပ်အမျှဝေခြင်းများပြု
လုပ်ခဲ့ကြောင်း၊လာမည့် စက်တင်ဘာလ ၄ရက်နေ့အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကပ်
လှူမည်ဖြစ်ကြောင်းသိရသည်။
“၂၉ရက်နေ့မှာ စီအိုင်ဒီက ဦးဇင်း ကိုအခင်းမဖြစ်ခင်ဘာထူးခြားသေးလဲမေးတော
ဦးဇင်းက အခင်းဖြစ်ရက်မတိုင်မှီသုံးလေးရက်လောက်ကစပြီး ဘုရားပေါ်မှာ
မီးလာဆင်တဲ့ဒကာတွေရှိခဲ့တယ်လို့ပြောခဲ့တယ်။ဦးဇင်းကို အသိမပေးဘဲ သူတို့
အသိစိတ်နဲ့သူတို့လာဆင်တာဖြစ်တယ်လို့ပြောခဲ့တယ်။ပြီးတော့ဘယ်သူလာထား
သွားမှန်းမသိတဲ့ တစ်ဆယ့်ရှစ်လက်မလောက်ရှိတဲ့ ပလာစတာ ဘိုးဘိုးအောင်၊ဘိုး
မင်းခေါင် အရုပ်တွေရောက်လာလို့ရှင်းပြစ်လိုက်တာရယ်၊ဘယ်ကမှန်းမသိတဲ့
သစ်ခေါက်ဆိုးရောင်ဝတ်စုံ၊ခေါင်းပေါင်း ၀တ်တဲ့ ထွက်ရပ်ပေါက် ပုံသဏ္ဍန်
အမျိုးသားးတစ်ဦးကိုတွေ့ခဲ့တာရယ်၊ပြောပြလိုက်တယ်။
စက်တင်ဘာလ၂ရက်နေ့မြင်ကွင်း အရ မီးလောင်သေဆုံးခဲ့သည့် အခင်းဖြစ်
ပွားရာနေရာမည်သူမည်ဝါပြုပြင်သွားသည်ကို မသိရဘဲ ပြုပြင်ထားသည်ကို
တွေရကြောင်းသတင်းရရှိသည်။မီးလောင်စဉ် ကမီးအဟက်ခံရသော ဘုရား
ပုရ၀ုဏ်အတွင်းရှိ ညောင်ပင်မှာ ရင်ပြင်အထက်ပေနှစ်ဆယ်ကျော်ထိ
မီးဟက်ခံထားရသည်ဟုလည်းထပ်လောင်းသိရသည်။

စွမ်းရဲထွဋ်
Popular Myanmar News 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis