'အားနာတယ်' ဆိုသောဝေါဟာရမှာ ထူးထူးခြားခြား မြန်မာတွေသာ သုံးစွဲတတ်သော
အသုံးအနှုန်းတစ်ခုဖြစ်သည်ဟု မှတ်သားဖူးပါသည်။ နိုင်ငံခြားသားတွေမှာ
အထူးသဖြင့် ဥရောပသားတွေမှာ 'အားနာတယ်' ဆိုသော ဝေါဟာရမရှိ။ သည်ဝေါဟာရကို
သူတို့တစ်တွေ နားလည်လွယ် အောင်ရှင်းပြရလျှင် 'မိမိကြောင့် တစ်ဖက်သား
ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မလိုလားခြင်း'၊ 'မိမိ၏ ဧည့်ဝတ် မကျေပွန်မှုကြောင့်
တစ်ဖက်သား အနေအထိုင်ခက်မှာကို မလိုလားခြင်း'၊ 'မိမိ၏ မပြည့်စုံ၊
မကုံလုံမှုကြောင့် ဧည့်သည်အပေါ် အပြည့်အ၀၊ မပြုစု၊ မဧည့်ခံနိုင်ခြင်း'
စသည်ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်မည်ထင်သည်။ အလွယ်တကူ
နားလည်အောင်ပြောရလျှင်တော့ 'မိမိကြောင့် တစ်ဖက်သူ စိတ်အနှောင့်အယှက်
မဖြစ်စေလိုခြင်း' ဖြစ်သည်။
သည်အဓိပ္ပာယ်ကို ကြည့်လျှင် ကျွန်တော်တို့
မြန်မာတွေက တစ်ပါးသူ၊ သူစိမ်းတစ်ရံ၊ ဧည့်သည်များအပေါ်
ဘယ်လောက်ကိုယ်ချင်းစာတရား လက်ကိုင်ထားသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။
ကိုယ်က မြန်မာလူမျိုးတစ်ဦးဖြစ်သောကြောင့် ကိုယ့်ဆီလာလျှင်
ဧည့်ဝတ်ကျေချင်သည်။ ဧည့်သည် စိတ်အနှောင့်အယှက်ဖြစ်သွားမှာကို မလိုလား။
ကိုယ်က ဆင်းဆင်းရဲရဲနှင့် ဖြစ်သလိုနေနိုင်ပေမယ့် ဧည့်သည်ကိုတော့
ကိုယ်မပြည့်စုံမှုကြောင့် အနှောင့်အယှက် မဖြစ်စေလို။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးက
ကောင်းချီးသြဘာပေးခြင်း ခံနေရသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးကို ကမ္ဘာကြီးတစ်ခုလုံးက ငဲ့စောင်းကြည့်နေကြပြီဖြစ်သည်။
ယခင်က မြန်မာနိုင်ငံကို အကောင်းမမြင်ခဲ့သော နိုင်ငံကြီး၊ နိုင်ငံ
ငယ်တွေအားလုံး မြန်မာကို တလေးတစား ပြောဆိုလာကြပြီ။ အဖက်လုပ်လာကြပြီဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ယနေ့ကမ္ဘာတွင် မြန်မာ၏ ပုံရိပ် (Myanmar Image)က
လုံးဝအကောင်းဘက်သို့ ပြောင်းလဲသွားပြီဟု ဆိုနိုင်သည်။
နိုင်ငံခြားသားတွေနှင့် စကားဆုံမိတိုင်း သူတို့ထံမှ ကြားနေရတတ်သည်မှာ 'Your
country is changing' 'Your country is opening up' စသည့်
စကားများဖြစ်သည်။ ကျွန်တော်တို့နိုင်ငံက ယခင်ကလိုမဟုတ်တော့ဘဲ
ပြောင်းလဲနေပြီဟု သူတို့ချီးမွမ်းထောပနာ စကားပြောကြသည်။ ၀မ်းသာအားရလည်း
ဖြစ်ကြသည်။
ယခုအခါ ဥရောပနှင့် အမေရိကန်တို့သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ
ပိတ်ဆို့အရေးယူထားမှု အားလုံးနီးပါး ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်တို့ တွေ့ဆုံခဲ့ကြပြီး
သည့်နောက်ပိုင်း အနောက်နိုင်ငံများနှင့် အမေရိကန်တို့၏ မြန်မာနိုင်ငံ
တံခါးကြီးမှာ ပွင့်သွားခဲ့သည်။ ထိုအချိန်မှအစပြု၍ ဗြိတိန်၊ ပြင်သစ်၊
ဂျာမနီ၊ နော်ဝေ၊ အီတလီ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ချက်အစရှိသည့် နိုင်ငံများမှ
ထိပ်တန်းခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အလျှိုလျှိုလာရောက် ခဲ့ကြပြီး
မြန်မာနိုင်ငံရေး အခင်းအကျင်းကို လက်တွေ့ လာရောက်ကြည့်ရှုခဲ့ကြသည်။ အလားတူ
အာရှထိပ်သီးနိုင်ငံတွေဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများမှ
ခေါင်းဆောင်များ။ သြစတြေးလျ၊ နယူးဇီလန် အစရှိသည့် အရှေ့နိုင်ငံများကလည်း
မြန်မာ နိုင်ငံကို လာရောက်ခဲ့ကြသည်။ သည်နိုင်ငံများမှ ခေါင်းဆောင်ကြီးများ
ယခုကဲ့သို့ လာရောက်ကြခြင်းမှာ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်နေသော
ယနေ့ မြန်မာနိုင်ငံရေး အခင်းအကျင်း၏ ပကတိအနေအထားများကို မျက်မြင်ကိုယ်တွေ့
သိရှိလိုကြ၍ ဖြစ်သည်။ အားလုံးသောခေါင်း ဆောင်များထံမှ ရရှိခဲ့သော တူညီသည့်
အဖြေတစ်ခုမှာ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးလမ်းမပေါ်သို့
ရောက်ရှိနေပြီဆိုသော စကားဖြစ်ပြီး မြန်မာနိုင်ငံနှင့် အနာဂတ်မှာ
လက်တွဲအလုပ်လုပ်ဖို့ ပဏမ သဘောတူညီမှုတွေ ချမှတ်နိုင်ခဲ့သည်။ နှစ်ပေါင်း ၅၀
ကျော် သံတမန်အ ဆက်အသွယ် မရှိခဲ့သော နိုင်ငံများမြန်မာနိုင်ငံနှင့် သံတမန်
ဆက်ဆံရေး ထူထောင်ဖို့ စိတ်ဝင်စားလာကြသည်။ သံအမတ်ကြီးအဆင့် အဆက်အဆံ
မပြုခဲ့ဘဲ နှစ်ကာလ အတန်ကြာအောင် သွေးအေးနေသည့် မြန်မာ-အမေရိကန် ဆက်ဆံရေးမှာ
ယခုတော့ ဒဲရစ် မစ်ချယ်တည်းဟူသော သံအမတ်ကြီးတစ်ဦးရောက်ရှိ
တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ ပြီးခဲ့သည့်လအတွင်းက အမေရိကန်စီးပွားရေး
ကုမ္ပဏီကြီးအတော်များများသည် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံဖို့
လာရောက်စနည်းနာ ခဲ့ကြသည်။ ဒီအထဲမှာ 'ခရိုင်စလာ' လို၊ 'မော်တာရိုလာ' လို၊
'စတန်းဒတ် အင်န်ချာတာ' လို၊ 'ကိုလာကိုလာ' လို၊ 'ဂျီအီး' လို၊ 'အိုင်ဘီအမ်'
လို နာမည်ကျော်၊ ကမ္ဘာကျော် ကုမ္ပဏီ အများအပြားလည်း ပါဝင်ခဲ့သည်။ အမေရိကန်လို
ကုမ္ပဏီကြီးတွေ ၀င် လာတော့မည်ဆိုတော့အလွန်ဝမ်းသာ စရာ သတင်းစကားဖြစ်ခဲ့သည်။
သို့ သော် သူတို့စနည်းနာရုံ အဆင့်သာ ရှိသေးပြီး တကယ်လာရောက် ရင်း
နှီးမြှုပ်နှံဖို့ကျတော့ သည်ဘက်မှာ ဖြစ်ပေါ်နေသော အခြေအနေကြောင့်
ဝင်လာဖို့အသင့်မဖြစ်သေးဟုသုံးသပ် ကြသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
ဥပဒေကိုခုအချိန်အထိအပြီးသတ်မ ထုတ်ပြန်နိုင်သေးခြင်းကိစ္စအပြင်နှစ် ပေါင်း ၅၀
အတွင်းချွတ်ချုံကျနေသည့် အခြေခံအအောက်အအုံ(Infrastructure)များ
အသင့်အနေအထား မရောက်သေးခြင်းကို ထောက်ပြကြသည်။
အခြေခံအဆောက်အအုံတွေ မပြည့်စုံဘဲနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ
ဝင်လာဖို့ မဖြစ်နိုင်ပါ။ သည်စနစ်တွေ ကောင်းလာဖို့အတွက် အရေးအကြီးဆုံး
တစ်ချက်က ပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်ရေးစနစ် အမှန်တကယ်
ဖြစ်ပေါ်လာစေဖို့ပဲဖြစ်ပါသည် . . .
|
နိုင်ငံကြီးတွေက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို စိတ်ဝင်စားပြီး
လာရောက်ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင် နေသည့် သတင်းတွေကို ကြားတိုင်း
သူတို့ကို အလိုလိုနေရင်း အားနာ စိတ်တွေ ၀င်နေမိခဲ့သည်။ အဟုတ် ကြီးမှတ်လို့
ဝင်လာပြီးကာမှ တခြား နိုင်ငံတွေမှာ မကြုံဖူးသည့် ပြဿနာ မျိုးစုံ
အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ ရမှာစိုးရိမ်သည်။ ခုချိန်ထိ လျပ်စစ် မီးတွေက
မမှန်သေး၊ လမ်းမကြီး တွေက အပေါက်အပြဲဗရပွနှင့်ရှိနေ ဆဲ၊ အင်တာနက်တွေက
နှေးနေတုန်း၊ ဆက်သွယ်ရေးစနစ်က ခေတ်နောက် ကျနေတုန်း၊ သယ်ယူပို့ဆောင်ရေး
စနစ်ကလည်း ယိုင်နဲ့နေတုန်း၊ မြေ ဈေးတွေက မတန်တဆကြီးနေပြီး
ခေတ်မီဘဏ်လုပ်ငန်းစနစ်တွေလည်း မထွန်းကားသေး။ သူတို့ဆီမှာက
ပိုက်ဆံအိတ်ကြီးကိုင်ပြီး အလုပ်မ လုပ်ကြတော့ ဘဏ်ကတ်တွေအိတ် ထဲထည့်ပြီး
လေထဲမှာ အလုပ်လုပ်နေ ကြတာဖြစ်သည်။ သည်လိုအခြေအ နေတွေကြောင့် သူတို့ကို
အားနာမိ သည်။သည်ကြား အုပ်ချုပ်ရေးစနစ် မှာ ခေါက်ရိုးကျိုးနေသည့် အုပ်ချုပ်
ရေးဝန်ထမ်းများ၏အပြုအမူတွေ ကြောင့် မမျော်မှန်းနိုင်သည့် အခက်
အခဲတွေနှင့်လည်း သူတို့ရင်ဆိုင်ရ နိုင်သည်။ သူတို့က ဘာပဲလုပ်လုပ် စနစ်တကျ
လေ့လာ (Survey) ပြီး မှ လုပ်တတ်ကြမျိုးမို့ သည်ကအခြေ အနေမှန်တွေကို
သူတို့သိကြသည်။ ဒါကြောင့်လည်း ခုချိန်ထိ သူတို့ တစ်တွ ရဲရဲတင်းတင်း
ဝင်မလာကြ သေးတာဖြစ်သည်။
ကိုယ်ကသည်နိုင်ငံမှာနေသူမို့ ကိုယ့်အခြေအနေ၊ ကိုယ့်နိုင်ငံအနေ အထားကို
ကောင်းကောင်းသိသည်။ ထို့ကြောင့် 'မင်းတို့နိုင်ငံပြောင်းလဲ နေပြီ' (Your
country is changing) ဟုသူတို့ကဆိုတိုင်း အလိုလိုနေရင်း
အားနာစိတ်တွေဝင်နေမိသည်။ မြန်မာ ပြည်က အလွန်တရာလှပသော
နိုင်ငံအဖြစ်ကျော်ကြားပြီး ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဧည့်သည်
နိုင်ငံခြားသားသည် မြို့လည်ကောင်မှ ကျိုးပဲ့နေသောပလက် ဖောင်းများ၊
ကွမ်းတံတွေးများ၊ စည်းမဲ့ကမ်းမဲ့ မောင်းနှင်သွားလာနေကြသည့်
မော်တော်ယာဉ်များ၊ နွမ်းပါးသည့် ဈေးသည်များ၊ ပေါက်ပြဲနေသော
လမ်းများ၊အလင်းရောင်မပြည့်ဝသော လမ်းမီးများစသည်ဖြင့် နိုင်ငံတကာ
မြို့ကြီးအတော်များများတွင် မမြင် ရနိုင်သည့်(အလွန်ရှက်ဖွယ်ကောင်း
သော)စီးပွားရေးမြို့တော်ကြီးကို မြင် တွေ့သွားမှာ အားနာမိသည်။
အခြေခံအဆောက်အအုံမပြည့်စုံ မှုကို ပြည်ပရင်းနှီးမြုပ်နှံမှုဖြင့် အစား
ထိုးအသစ်တည်ဆောက်နိုင်ပါလိမ့် မည်။ သို့သော်အချိန်ကာလတစ်ခုထိ
စောင့်ကြရဦးမည်။ လျပ်စစ်ဓာတ် အားမလုံလောက်မှုကို ဖြေရှင်းနိုင် သည်။
လမ်းမကြီးတွေကောင်းဖို့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ခေတ် မီလာဖို့၊
အင်တာနက်တယ်လီဖုန်း ဆက်သွယ်ရေးစနစ်တွေ အိမ်နီးနား ချင်းနိုင်ငံများ
အဆင့်ရောက်ဖို့ အချိန် တစ်ခုစောင့်ရဦးမည်။ အခြေခံအ ဆောက်အအုံတွေ
မပြည့်စုံဘဲနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့ မဖြစ်နိုင်ပါ။
သည်စနစ်တွေကောင်း လာဖို့အတွက် အရေးအကြီးဆုံးတစ်
ချက်ကပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်ရေးစနစ်အမှန်တကယ်ဖြစ်
ပေါ်လာစေဖို့ပဲဖြစ်သည်။
ကျွန်တော်တို့ Market Economy ဆိုပြီး ပြီးခဲ့သည့် ၁၉၉၀
ပြည့်လွန်နှစ်များကတည်းက ကြွေးကြော်ခဲ့ကြသည်။ သို့သော် ပွင့်လင်းမြင်သာမှု
မရှိခဲ့သောစနစ်ကြောင့် လိုရင်းမရောက်ဘဲ ချွတ်ခြုံမြဲ၊ ချွတ်ခြုံဆဲ
ရှိနေခဲ့သည်။ လူတစ်စုချမ်းသာကြွယ် ၀ပြီး လူများစုဆင်းရဲတွင်းနက်နေ သော
လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။
အမိန့်ပေးစနစ်ဆိုဆို၊ အာဏာ
ရှင်စနစ် (Dictator) ပဲပြောပြော၊ အုပ် ချုပ်သူသည် အမြော်အမြင် (Vision)
ကြီးမားသူဖြစ်ပါက ထိုစနစ်ကို ပြည် သူတွေက လျစ်လျူရှုထားနိုင်သည့်
သာဓကတွေအများကြီးရှိခဲ့ပါသည်။ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနိုင်ငံ တွေမှာ
စစ်ဗိုလ်ချုပ်ကြီးများအုပ်စိုး ခဲ့သည်ကာလများရှိခဲ့သော်လည်း
အမြော်အမြင်ရှိမှုကြောင့် အသွင်ကူး ပြောင်းရေးကာလတွေမှာ လွယ်ကူချော
မွေ့မှုရှိခဲ့သည်။ လီကွမ်ယု၊ ဂိုချောက် တောင်၊ လီရှန်လွန်းတို့ ဦးဆောင်ခဲ့
သည့်စင်ကာပူမှာ အုပ်ချုပ်သူအမြော် အမြင်ရှိမှု၊ ပွင့်လင်းမြင်သာမှုကြောင့်
ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်နေတာ အားလုံးအသိဖြစ်ပါသည်။
စနစ်ကအဓိကမကျဘဲ ဦးဆောင်သူ၏ အမြော်အမြင်က အဓိကကျသည်ကို ယနေ့
တရုတ်ပြည်ကြီးနှင့် ထွန်းသစ်စ ဗီယက်နမ်တို့ကို ကြည့်လျှင်
မြင်တွေ့နိုင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များအထိ
ပြည်တွင်းစစ်နှင့် နပန်းလုံးနေရဆဲ ဖြစ်ခဲ့သည်။ လာအိုသည်လည်း စစ်အေးဒဏ်ခံ၊
ကုန်းတွင်းပိတ် နိုင်ငံတစ်ခုသာ ဖြစ်ခဲ့ပါသည်။ ယနေ့ သူတို့တစ်တွေ
တင့်တောင့်တင့်တယ် ဖြစ်နေကြပြီ။
နိုင်ငံခြားကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို
မျက်စိကျနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မတို့မထိရသေးသော (virgin land)
အဖြစ် သူတို့ရှုမြင် သုံးသပ်နေကြသည်။ အရှေ့တောင်အာရှမှာ အလားအလာ အကောင်းဆုံး
နိုင်ငံတစ်ခုအဖြစ် ကြိုတင်သုံးသပ် ခန့်မှန်းမှုတွေလည်း ရှိလာသည်။
တစ်ခါတုန်းက ပုံရိပ် (Image) မကောင်းခဲ့သော နိုင်ငံတစ်ခုကို
အလားအလာကောင်းသော (Potential) နိုင်ငံအဖြစ် သတ်မှတ်လာကြသည်။
သည်လိုအခြေအနေမျိုးမှာ သူတို့မျှော်လင့်သလိုမျိုး ကျွန်တော်တို့ဘက်က
ပြင်ဆင်ထားဖို့ လိုသည်။ အသင့်အနေအထားရှိနေဖို့ လိုသည်။ အခြေခံအဆောက်အအုံ
မပြည့်စုံမှုနှင့် ခြစားမြဲခြစားနေသော လူ့အဖွဲ့အစည်းတစ်ခုအဖြစ်
မြင်တွေ့သွားမှာကို ကျွန်တော်တော့ အားနာသည်။ ကုမ္ပဏီကြီးတွေ
ရင်းနှီးမြှုပ်နှံဖို့ လာရောက်စုံစမ်းသည့် သတင်းများကို ဖတ်ရတိုင်း
ကိုယ့်အခြေအနေကိုယ်သိပြီး သူတို့ကို အားနာနေမိသည်။ မြန်မာနိုင်ငံက virgin
land မဟုတ်ဘဲ mess land တစ်ခုအဖြစ်မြင်သွားမှာ ကျွန်တော် အထူးစိုးရိမ်သည်။
EMG |
No comments:
Post a Comment