menu

Thursday 23 August 2012

ဟောလိဝုဒ်စတား အင်ဂျလီနာဂျိုလီက သူမ၏ မင်္ဂလာပွဲသို့ ခင်ပွန်းဟောင်းများအား ဖိတ်ကြားသွားရန် စီစဉ်နေ

Photo: ဟောလိဝုဒ်စတား အင်ဂျလီနာဂျိုလီက သူမ၏ မင်္ဂလာပွဲသို့ ခင်ပွန်းဟောင်းများအား ဖိတ်ကြားသွားရန် စီစဉ်နေသည်ဟု channel 24 တွင်ရေးသားထားသည်။

ဧပြီလတွင် စေ့စပ်ပွဲဆင်နွဲခဲ့သော အင်ဂျလီနာဂျိုလီ နှင့် ဘရက်ပစ်တ် တို့၏ မင်္ဂလာပွဲအား လာမည့်ရက်သတ္တပတ်များတွင် ပြင်သစ်နိုင်ငံရှိ ၄င်းတို့၏ ဇိမ်ခံစံအိမ် Chateau ၌ ကျင်းပသွားမည်ဟု ယုံကြည်ထင်မြင်ရသော သတင်းများထွက်ပေါ်လာပြီးနောက် ဂျိုလီအနေဖြင့် သူမ၏ ခင်ပွန်းဟောင်းများဖြစ်သော ဘီလီဘော့ဂ် သောစ်တွမ်နှင့် ဂျွန်နီလီမေလာတို့အားမင်္ဂလာပွဲသို့ဖိတ်ခေါ်ရန်စီစဉ်နေသည်ဟု ရေးသားထားခြင်းဖြစ်သည်။သို့ရာတွင် ဘရက်ပစ်၏ ဇနီးဟောင်းဂျနီဟာ အင်နစ္စတန်အား ဖိတ်ခေါ်သွားရန် အစီအစဉ်ရှိ၊မရှိ နှင့်ပတ်သတ်၍မှု တစ်စုံတစ်ရာ သတင်းပေါ်ထွက်လာခြင်းမရှိပေ။ထို့ပြင် ၄င်းတို့၏ မင်္ဂလာပွဲတွင် သားသမီး ခြောက်ဦးအား မင်္ဂလာပွဲအမှတ်တရအဖြစ် ဒေါ်လာ ( ၃ )သန်း လက်ဆောင်ပေးမည်ဟုလည်းသိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis