menu

Tuesday 14 August 2012

ရေနံတွင်းမီးလောင်လူသုံးဦးသေဆုံးအမှုမှန်မပေါ်ပေါက်

 မကွေးတိုင်းဒေသကြီးသရက်ခရိုင် မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမြေ ဦးစိုင်းဝဏကျော်၏ S-5 company တွင် ၂၆.၇.၂၀၁၂ ရက်နေ့နံနက် ၀၆း၃၀ နာရီခန့်အချိန်တွင်ရေနံလက်ယက်တူးဖော်ရေးတွင်းအမှတ် ၁၁၀၂ ကန်ထရိုက် ငသော်ပိုင်တွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ဖြစ်စဉ်မှာ ၎င်းမီးလောင်သောရေနံတွင်းမှာ တရက်လျှင်ရေနံပေပါ အလုံး ၂၀၀ခန့် ထွက်သောလျှံတွင်းဖြစ်ပြီး ထိုတွင်းမှ gas များထွက်လာကာထမင်းချက်တဲမှ တဆင့်မီးကူးဆက်လောင်ခဲ့ရာ ရေနံခတ်နေသောထွန်းဝင်း(ကွမ်းတောရွာ)မင်းလှမြို့နယ် မီးလောင်သေဆုံးသဖြင့် ဦးခေါင်းရိုး နှင့် တင်ပါးဆုံးရိုးသာ ကျန်ရှိ အလောင်းမတွေ့ရသရက်မြို့ နယ်နေပေသီးဆိုသူ မီးပုံထဲတွင် ရှာဖွေရာ အလောင်းမတွေ့ရပဲ အူအခွေလိုက်သာတွေ့ရှိရမင်းလှမြို့နယ် မိုးနတ်ကုန်းရွာနေခင်မောင်ဆွေအား မီးလောင်ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ပြီး ချောက်မြို့နေရဲနိုင်ဦးမှာ မီးလောင်ဒဏ်ရာဖြင့် မင်းဘူးဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိပါသည်။
၎င်းဖြစ်စဉ် နှင့် ပတ်သက်ပြီး အခင်းဖြစ်နေရာသို့ စစ်ဆေးရန် ရောက်ရှိလာသော ဒုရဲမှူးကြီးလှမျိုးရှိန် မင်းဘူး ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် သရက်ခရိုင် ရဲတပ်ဖွဲ့မှူးတို့ အားလင်းကယ်၇ဲစခန်းမှူး ကျော်ဇေယျ၏ အကူအညီဖြင့် တွင်းပိုင်ရှင် ငသော် နှင့် စပ်တူလုပ်ဖော်ကိုင်ဖက် အောင်ဝင်း(ခ)ကြီးပြားကြီးတို့ က ငွေကျပ်သိန်းတစ်ရာကျပ်ကိုလာဘ်ငွေအဖြစ်ပေးခဲ့ပါသည်။၎င်းနောက် အမှုကိုသေဆုံးသွားသူ ထွန်းဝင်းအားတရားခံအဖြစ် နှင့် မင်းလှရဲစခန်းတွင် ဖွင့်စေခဲ့ပါသည်။ နောက်သုံးရက်အကြာ ၂၉.၇.၂၀၁၂ ရက်နေ့ ညနေ ၀၄း၃၀ ခန့် အချိန်တွင် စမ်းအင်ဌာန အထွေထွေမန်နေဂျာဦးစက်အောင်မှ ခွင့်ပြုသဖြင့် ငသော်နှင့်အဖွဲ့မှ ရေနံပြန် ခတ်ကြပြီး စွမ်းအင်ဌာနပိုင်ဆီဘောက်ဆာအပေါ်ဆီစုပ်တင်နေစဉ်ထပ်မံမီးလောင်ခဲ့ပါသည်။ ထိုသို့မီးထပ်မံလောင်ကျွမ်းမှုအပေါ်နှုတ်ပိတ်ခအဖြစ်ငွေကျပ်သိန်းလေးရာကို ငသော် နှင့် အောင်ဝင်း(ခ)ကြီးပြားကြီးတို့မှ မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ်ရဲတပ်ဖွဲ့ မှူးစခန်းမှူးစွမ်းအင်အထွေထွေမန်နေဂျာဦး စက်အောင်တို့အားပေးဆောင်ခဲ့ပါသည်။ သေဆုံးသူထွန်းဝင်းအတွက် လေးဆယ့်ငါးသိန်းသာပေးကြောင်းနှင့် အလောင်းဖျောက်ထားခြင်းခံရသူများ၏ ဆွေမျိုးသားချင်းများမှ စုံးစမ်းသောအခါ ၀ိုင်းဝန်းဖုံးကွယ်ထားကြပါသည်။ ငသော်၏ စေခိုင်းချက်အရေသေဆုံးသူပေသီး၏ ဦးခေါင်းခွံကိုအောင်ဝင်းမှ ဖျောက်ဖျက်ခဲ့ပါသည်။ ၎င်းရေနံမြေမှာ ရဲကင်းရှိသော်လည်း တရားဥပေဒေစိုးမိုးမှုကင်းမဲ့နေပါသည်။ လူသုံးဦးသေဆုံးခဲ့သော်လည်း သေဆုံးသူများအပေါ်တာဝန်ယူခြင်းမရှိပါ။ ကွမ်းတောရွာနေ ငသော်သည် ဒဟတ်ပင်ရေနံမြေမှထွက်သော အစိုးရရေနံစမ်းများကို အထွေထွေမန်နေဂျာဦးစက်အောင် နှင့် ပူးပေါင်းပြီး လိုင်စင်မဲ့ HILUX ကားအစီး ၃၀ ခန့် ဖြင့်သယ်ယူခိုးရောင်းလျှက်ရှိနေပါသည်။ ထို့ကြောင့် တရားဝင်လုပ်ပိုင်ခွင့်ရ S-5 Company နှင့် မကြာခဏဆိုသလိုပြဿနာဖြစ်ပါသည်။ မန်နေဂျာဦးစက်အောင် နှင့် ဒုစရိုက်သမားများထိုကဲ့သို့ ပြုလုပ်နေခြင်းကို သက်ဆိုင်ရာ ဥပဒေဘက်တော်သားများမှ လစ်လျူရှူ လက်ပိုင်ကြည့်နေကြသည်မှာ အဂတိလိုက်စားထားကြောင်းပေါ်လွင်လှပါသည်။ထိုကြောင့် နိုင်ငံတော် သမ္မတကြီး နှင့် တကွ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ကြီးသိရှိစေရန် တင်ပြအပ်ပါသည်ခင်မျာ။

အမှုမှန်ပေါ်ပေါက်စေချင်သူ
Hot News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis