menu

Tuesday 14 August 2012

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် VOA ဌာနမှူး အင်တာဗျူး

 
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် VOA ဌာနမှူး ဦးသန်းလွန်ထွန်းတို့သည် ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ (၁၃) ရက်နေ့ ညနေ (၀၄း၀၀)နာရီခန့်တွင် နိုင်ငံတော် သမ္မတရုံး၌ တွေ့ဆုံရန် ရခိုင်အရေး နှင့် ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးခဲ့မှုအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မေး။    ။ အခုရက်ပိုင်းတွင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက ရခိုင်ပြည် ရိုဟင်ဂျာကိစ္စပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့်အရေး ကော်မရှင်အစည်းအဝေးပွဲတွေလုပ်တော့မယ်။ ကုလသမဂ္ဂအစည်းဝေးတွေလုပ်မယ်။ နိုင်ငံတကာ အစ်စလန်မစ်ကောင်စီအစည်းအဝေးတွေလုပ် တော့မယ်ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာရှိ  နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူစလင်တွေအကြောင်း ပါရှိလာပါလိမ့်မယ်။ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်ရေး ချိုးဖောက်မူတွေရှိနေတယ်လို့ စွပ်စွဲမူတွေရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံကနေ ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေး ၀န်ကြီးက အကူအညီတွေပေးသွားတာတွေရှိနေတော့ မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာကနေပြီးတော့ လူအခွင့်ရေးဆိုပြီးထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မူ တွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေကြားနေရပါတယ်။ အဲကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။

ဖြေ။     ။ ဒီဟာလေးလဲ ကျွန်တော်ပြောချင်ပါဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက်နေတဲ့နေရာမှာ မမျှော်လင့်ပဲ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။  ဒီရခိုင်မှာဖြစ်ပျက်တဲ့ကိစ္စကလည်း တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့ ခုနကလိုဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုချင်းက ကြီးထွားလာတာ။ ကြီးထွားလာ ပြီးတော့ အချင်းချင်း သတ်တဲ့ဖျတ်တဲ့အဆင့်ရောက်လာတယ်။ နောက်တစ်ခါဆိုးတာက ခုနကလို တစ်ဘက်နဲ့တစ်ဘက် မီးရှို့တယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါဆိုရင် ကိုယ်အိမ်ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ရာဇာဝတ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်ဖြစ်တဲ့အတွက် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ အဲမှာနေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူးပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လဲ မတွေ့ခဲ့ရပါဘူး။ ကျွန်တော်ပြောချင်တာက ဒီလိုဖြစ်ပျက် မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေဖြစ်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက်ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ်တစ်ကယ်ကြတော့လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့စာရင် အင်မတန်အင်မတန်မှ နည်းပါတယ်။ သေဆုံးတာဆိုရင်လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာဆိုရင်လည်း တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အိမ်တွေကို တစ်ဖက်နဲ့တစ်ဖက် မီးရှို့ကြတဲ့အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါးလောက် မီးလောင်တဲ့ အတွက် ဒီအိမ်တွေမှာနေနေကြတဲ့ ဒီဘက်ကလည်း ရခိုင်တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေဆိုကြပါဆို့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြတာပေါ့ ။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက်လောက်ရှိလဲဆိုတော ဒီကနေ့  ခြောက်သောင်းလောက်ရှိတယ်။ ခြောက်သောင်းလောက်ရှိတဲ့အတွက် ကျွန်တော်တို့က အခု နှစ်ဖက်ပေါ့ တစ်ဖက်က လည်း ဆိုကြပါစို့  ရခိုင်တိုင်းရင်းသားဒုက်္ခသည် တစ်ဖက်ကလည်း ဘင်္ဂါလီ ဒုက်္ခသည် အခုဆိုရင် စခန်း (၅၃) ခုဖွင့်ပြီးတော့မှ ဒီကနေ့ သူတို့ကို ကူညီတဲ့လုပ်ငန်းတွေ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေလုပ်နေရပါတယ်။ ဒီလုပ်ငန်းတွေကို  ကျွန်တော်တို့ က ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ UN အေ့ဂျင်းစီကအဖွဲ့တွေနဲ့ပေါင်းပြီးလုပ်နေပါတယ်။ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်းပြီးပေါင်းပြီး ပွင့်လင်းမြင်သာမူရှိအောင် လုပ်နေပါတယ်။ ပထမအဆင့် ကတော့ စားဖို့အတွက်ပေါ့။ စားဖို့အတွက်ကလည်း လူခြောက်သောင်း လောက်ကို ကျွေးရပြုရတဲ့အလုပ်က တကယ်တော့လည်း ကျွန်တော်တို့နဲ့ ချည်းပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ UN အဖွဲ့စည်းတွေ အမ်ဂျီအို တွေ သူတို့ရဲ့ အကူအညီတွေလဲ များစွာယူရပါတယ်။ ဒီအဖွဲ့တွေလဲ ကျွန်တော် တို့ကျေးဇူး တင်ရမှာဖြစ်ပါတယ်။ တစ် အချက်က စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက်လုပ်ပေးနေရပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေဘာတွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေကကူညီတာတို့ဘာတို့ အများကြီးအကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များတဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက် ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင်သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေးဘာပေးနဲ့ နှစ်ဖက်စလုံးကို ဆောက်ပေးနေပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ခုနကလို မသင့်တင့်လို့ အုပ်စုချင်းဖွဲ့ပြီးတော့ ဖြစ်ရာကနေပြီးတော့ ဒီလိုကျွန်တော်တို့ အိမ်တွေ မီးလောင်မှုတွေ ဒုက္ခသည်အဖြစ်တွေရောက်လာတာပါ။ လူမျိုးရေးအရ ကျွန်တော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဒါတွေဟာ ကျွန်တော်တို့ကြားရတော့ တော်တော်လေးစိတ် မကောင်းဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာဖြစ်ပျက်တာတွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက် တွေမဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့စည်း တွေနဲ့ ပွင့်လင်းမြင်သာမူရှိအောင် ပူးပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေကို လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူစလင် နိုင်ငံက အကြီးအကဲတွေပေါ့ ဟိုတစ်လောကဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး လာပါတယ်။ နောက်တစ်ခါ ၀န်ကြီးချုပ်ရဲ့အမျိုးသမီးလဲပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက်ရှိပါတယ်။ ကျွန်တော်နဲ့လည်း တွေ့တယ် ကျွန်တော်ကလည်း ဒီကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲပို့ပေးပါတယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင်သွားပြီးတော့ ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ဘာတွေ  ဒါတွေလဲ နှစ်ဖက်မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခသည်တွေကို သွားပြီး တွေ့သလို တစ်ဖက်လည်း ရခိုင်ဒုက္ခသည်တွေကို တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူစလစ်ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သူတွေ သွားတဲ့လူကိုယ်တိုင်က မူစလင်ဘာသာဝင်ဖြစ်ပေမယ့် လဲ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ လေးလေးစားစားတွေ့တာပြုတာ တို့ ဒါမျိုးတွေတွေ့ပေးတာတို့ ကျွန်တော်တို့ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှားကနေပြီးတော့ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း ဥက္ကဌ မစ္စတာ ကာလာဆိုတာ ဟိုတုန်းက ဒုသမ္မတပါပဲ။ ဟိုတုန်းတည်းက ဒုသမ္မတတုန်းက ကျွန်တော် အင်ဒိုနီးရှားသွားလည်ပတ် ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့အတွက်ကြောင့် ကျွန်တော်ဝမ်းသာ သွားတယ်။ ဒါကြောင့်မလို့ သူ့လဲရှင်းပြတယ်။ သူသွားချင်တယ်ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူညီတွေဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက်လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံစွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကိုသက်သေ သာဓကနဲ့ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင်လုပ်နေတာတွေရှိပါတယ်။
မေး။    ။ သူတို့တောင်းဆိုနေတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ဆိုတာရော စုံစမ်းမူတွေလုပ်ပေးဖို့ဆိုတာရော ဖြစ်လာနိုင်မလားခင်ဗျာ။
ဖြေ။     ။ တစ်ခုကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ နောက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီမှာ Press Conference တစ်ခုလဲ လုပ်လိုက်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နိုင်ငံခြားသံတမန်တွေ ဒါတွေ ကျွန်တော်တို့အကုန်ဖိတ်ပါတယ်။ ကုလသမဂ္ဂ အေ့ဂျင်စီတွေ NGO တွေ ပြီးရင်အဲဒီမှာ တိုက်ဆိုင်မူလို့ပြောရပါ့မယ့်။ မြန်မာနိုင်ငံရဲ့လူအခွင့်ရေးကိစ္စလုပ်နေတဲ့ မစ္စတာကင်းတာနား ကလည်း ရောက်နေတယ်။ ရောက်နေတော့ သူ့လည်းကျွန်တော်တို့ ဖိတ်လိုက်ပါတယ်။ သူကိုယ်တိုင်တက်တယ်။ နောက်နေ့မှာ On Ground ကိုပြတယ်။  ဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာဖြစ်ပျက်တဲ့ ကိစ္စလေးတစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလဲမရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူစလင်တွေအများကြီးနေတယ်။ ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ ခရစ်ယန်တွေရှိတယ်။ ဟိန္ဒူတွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာဖြစ်တာပြုတာမရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေးတစ်ခုမှာပဲဖြစ်တာပါ။ ဒါ ကျွန်တော်တို့ ပြည်တွင်းရေးကိစ်္စသက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျွန်တော် တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလဲ ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ဒါလဲကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလဲ လွတ်လပ်တဲ့ လူအခွင့်ရေးကော်မရှင်ဖွဲ့ထားတာရှိပါတယ်။ လူအခွင့်ရေးကော်မရှင်ကိုလည်း ဒါလေးကို စစ်ဆေးပေးပါလို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့အတွက်ကြောင့် ပြည်ပကနေပြီးတော့ အင်တာနေရှင်နယ် အစ်ရှုး (Issue) တစ်ခုလို စစ်မယ်ပြုမယ်ဆိုရင်တော့ ဒါတွေကိုဒီမှာလာပြီးမလုပ်သင့်ပါဘူး။ ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ်ပြည်တွင်းရေးကိစ္စလည်းဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တာတွေလဲ ကျွန်တော်တို့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်ပအဖွဲ့တွေဖွဲ့ပြီးတော့ မှ ဒီလိုစစ်မယ်ပြုမယ်ဆိုရင် ဒါတော့ မဖြစ်သင့်တဲ့ကိစ်္စလို့ ကျွန်တော်ထင်ပါတယ်။
မေး။    ။ သမ္မတကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေးကိစ္စ မဟုတ်ဘူး။ အဓိကရုဏ်းမဟုတ်ဘူးဆိုပေမယ့်  ဒေသတွင်းမှာနေနေတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆိုတာက ကျွန်တော်တို့လဲငြင်း လို့မရတဲ့ ကိစ္စပါ။ အဲလို မုန်းတီးမှုဆိုတဲ့ကိစ္စ ဒီထက်ပိုပြီး ပြန့်ပွားမလာအောင် အတူယှဉ်တွဲပြီးနေနိုင်အောင် သမ္မတကြီးတို့အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုဖြေရှင်းမူတွေလုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။    ။ မှန်ပါတယ်။ ဒီကိစ္စက ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စ ပါပဲ။ အခုချိန်မှာ တန်းရှင်း Tension က အတော်လေးမြင့်နေတဲ့အချိန်မှာ Cool Down ဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်းသားပါတီ တွေရှိပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီအကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ ကမ္ဘာမှာလဲ လူအခွင့်ရေးဆိုတဲ့ ကိစ္စကို ရှေ့တန်းတင်ပြီးတော့ ပြောကြားလာတယ်။ အားလုံးလူသားဆိုတဲ့အမြင်နဲ့မြင်ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလိုမထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါးခွန်းပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီးတော့ အချိန်ယူပြောင်းရမယ့် သဘောဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ငြင်းလို့မရအောင် ဥပဒေနဲ့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ခုနှစ် ဥပဒေဆိုတာကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့ အကာအကွယ်ပေးထားတာတွေရှိပါတယ်။ အကြမ်းမျဉ်း ကျွန်တော်သိရသလောက် ဆိုရင် ၄၈ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ဆိုပြီးတော့ ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင်တင်ပြီးတော့ နေနေကြတာပေါ့။ ၄၈ခုနှစ်မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသားဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့် တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့လုပ်သွားရမှာဖြစ်တယ်။ အခုက ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက်ပိုင်းမှာ ဘင်္ဂလီတွေနဲ့ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင် ပညာရေးစနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေကမရှိသလောက်နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေကပေါက်ဖွားမူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စုဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။
မေး။    ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျွန်တော်ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံကနေပြီးတော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စမျိုး၊ နိုင်ငံတော်အစိုးရဆီကနေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့ကောင်းဒါပေါ့ ဒါသမ္မတကြီးတို့လည်း ကြေနပ်စရာဖြစ်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက်ဆိုပြီးတော့ ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေတဲ့ ဆော်သြော်ပေးနေတဲ့ အဖွဲ့အစည်းတွေကို တဆင့်ထောက်ပံ့ပေးလိုက်တဲ့အနေအထားမျိုးကိုရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။
ဖြေ။     ။ စိုးရိမ်ပါတယ်ခင်ဗျ ကျွန်တော်တို့ကလည်း သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြောနေတာပါ။ ခင်ဗျားတို့ ကူညီမယ်ပြုမယ်ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ကူညီပါ လက်တွေ့ခုနကလို ဒုက္ခခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့လည်း ခင်ဗျားတို့ကူညီပေးတဲ့ဟာတွေကို ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့က သူတို့နဲ့တွေ့တိုင်းတွေ့တိုင်း ဒီကိစ်္စနဲ့ပတ်သက်ပြီးတော့ပြောပါတယ်။ မသက်ဆိုင်တဲ့သူတွေဆီကိုရောက်သွားမှာလည်း ကျွန်တော်တို့စိုးရိမ်ပါတယ်။

မေး။    ။ ဒေသတွင်းကအခြေနေနဲ့ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာတွေရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်းမီဒီယာတွေက အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေး အခြေခံတွေကိုအကြောင်းပြုပြီးတော်တော်လေး ပြင်းပြင်းထန်ထန်ဖော်ပြတာတွေတွေ့ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ လူ့အခွင့်ရေးကိုအခြေခံပြီးဖော်ပြတယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဖက်ကကျူးကျော်လာတဲ့သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သမ်္မတကြီးအနေနဲ့ ပြည်ပမီဒီယာတွေပြောကြားချက်ကို တစ်စုံတရာများ စိတ်အနှောက်ယှက်ဖြစ်ခဲ့တာတွေရှိခဲ့လားခင်ဗျ။
ဖြေ။     ။     ကျတော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတွေ တော်တော်လေးကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေရှိသလို တစ်ဖက်က ခုနလို မွတ်စလင်ဘာသာ ကိုးကွယ်တဲ့သူတွေကို  နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေအင်တာနက်သတင်းတွေ ကျွန်တော်တို့အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျတော်တို့မှာတော်လေးစိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့ ကျွန်တော်တို့သံရုံးတွေထဲက  အီဂျစ်မှာရှိနေတဲ့သံရုံးဆိုရင် ဆန်္ဒလာပြတာတွေရှိခဲ့ပါတယ်။ သာမာန်ဆန်္ဒပြတာတော့ လူ့အခွင့်ရေးပါပဲပြသာနာမရှိပါဘူး သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေဘာတွေဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါအဲမှာရှိတဲ့ မိသားစုတွေသံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့စိုးရိမ်ရပါတယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျွန်တော်အနေနဲ့သက်ဆိုင်ရာနိုင်ငံအကြီးကဲတွေဆီ ကိုယ်တိုင်စာရေးပါတယ် ကုလသမဂ်္ဂမစ်္စတာ ဘန်ကီမွန်းထံကိုလဲ ကျွန်တော်စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလိုဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး တပြည်လုံးမှာဖြစ်နေတဲ့ကိစ်္စမဟုတ်ပါဘူး။ နေရာလေးတနေရာမှာ ကွက်ပြီးဖြစ်တဲ့ကိစ္စဖြစ်တယ်။ အဲဒီတော့ အင်ဒိုနီးရှားကသမ်္မတကလဲ ကျတော်နဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ကျွန်တော်စာရေးပါတယ်။ မလေးရှားက၀န်ကြီးချုပ်ဆိုလဲ ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာသိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့ ဒီပြသနာတွေကို ကျွန်တော်တို့မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေးစိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်းစာနာမှုအမြင်နဲ့မြင်ရမယ်။လူ့အခွင့်ရေးကို ကျွန်တော်တို့ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေသူတို့ရှိလာပါတယ်။ ဒါတွေကိုသူတို့သိလာတဲ့ ဒီလိုအမြင်ပြောင်းတဲ့ တချိန်ထဲမှာပဲ ပြည်ပကအမြင်တွေကတော့ ကျွန်တော်တို့နဲ့ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ်လာတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုးတွေမဖြစ်ရအောင် ခုနကလိုကျွန်တော်တို့ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော်ဖိတ်ထားပါတယ်။ လာပါခင်ဗျားတို့လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။ On Ground လဲလိုက် ပြပါမယ်။ နောက်ဒါမျိုးတွေဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ ကျွန်တော်တို့စိတ်ထဲမှာရှိပါတယ်။

Hot News သတင်းအဖွဲ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis