menu

Wednesday 1 August 2012

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုရန်အတွက် ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးရန် ကမ္ဘာ့ဘဏ် ပြင်ဆင်




5187
ကမ္ဘာ့ဘဏ်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ သြဂုတ်လ ၁ ရက်နေ့က ပြုလုပ်စဉ်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုရန် အတွက် ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးရန် ပြင်ဆင်နေကြောင်း ကမ္ဘာ့ဘဏ်အုပ်စုက သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။
ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကောက်စ်က အဆိုပါ ထောက်ပံ့ကြေးငွေကိစ္စကို ရန်ကုန်မြို့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ကြေးငွေ များကို ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က သဘောတူညီပါက အောက်တိုဘာလ တွင် စတင်ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ ပေးအပ်မည့် ထောက်ပံ့ကြေးများသည် မြန်မာနိုင်ငံ၏ လူထုအဖွဲ့အစည်းအလိုက် ဖွံ့ ဖြိုးမှုအစီအစဉ်ကို ကူညီမည်ဖြစ်ပြီး အစီအစဉ်အရ နယ်စပ်ပဋိပက္ခနေရာ များ အပါအ၀င် ဒေသတွင်း လူထု အဖွဲ့အစည်းများအတွက် ရန်ပုံငွေ ချမှတ်ပေးမည့် အမျိုးသားဖွံ့ဖြိုးမှု အစီအစဉ်တစ်ခုကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရပ်ရွာလူထု အဖွဲ့အစည်းများမှ အဖွဲ့ဝင်များက ၎င်းတို့ လိုအပ်သည့် ဖွံ့ဖြိုးရေးစီမံချက်များ ကို ရွေးချယ် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ် ရုံးခန်းသစ်ကို ရန် ကုန်မြို့တွင် အဆိုပါနေ့၌ ဖွင့်လှစ်ခဲ့ပြီး ရုံးခန်းသစ်ကို ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယ ဥက္ကဋ္ဌ ပန်မလာကောက်စ်၊ အာရှ ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌ ကာရင်ဖင်ကယ်လ်စတန်တို့က ပူးတွဲဖွင့် လှစ်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဆင်းရဲ နွမ်းပါးမှုကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ချက်ချထားတာဖြစ်လို့ ယခုလို မြန်မာနိုင်ငံမှာ ရုံးသစ်ဖွင့်လှစ်လိုက်ခြင်းဖြင့် အရှေ့အာရှမှ အဆင်းရဲဆုံးလူ တွေကို ကူညီနိုင်ဖို့ အခွင့်အလမ်း တစ်ခု ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။ သူတို့တွေဟာ ကမ္ဘာ့စီးပွား ရေးလောကနဲ့ အဆက်အသွယ်ပြတ် ခဲ့တာ အတော်ကြာပြီ ဖြစ်တယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေက နေသူတို့အတွက် စစ်မှန်တဲ့အကျိုး အမြတ်တွေရဖို့ တကယ်တမ်း အရေးကြီးပါတယ်”ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်းမ်ယမ်းကင်းမ်က သတင်းထုတ် ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်၏ အကြီးတန်း အုပ်ချုပ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မှုသည် အရပ်သားအစိုးရသစ် လက်ထက် ပထမဆုံးအကြိမ်ဖြစ်သည်။
ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့်ပစိ ဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကောက်စ်နှင့် အာရှ ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌ ကာရင်ဖင်ကယ်လ် စတန်တို့သည် မြန်မာနိုင်ငံခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်၊ အခြားလွှတ်ေတော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ တင်နေသည့် ကြွေးကျန် အမေရိကန်ဒေါ်လာ ၃၉၇ သန်းကို ရှင်းပြီးသည့်အခါ အတိုးမဲ့ချေးငွေ များကို ကမ္ဘာ့ဘဏ်မှ အဆင်းရဲဆုံး နိုင်ငံများအတွက် ရန်ပုံငွေထားရှိ သည့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု အဖွဲ့အစည်း(IDA) မှ ရရှိမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံ က ပေးဆပ်ရန်ရှိတဲ့ကြွေးကျန်တွေကို ရှင်းဖို့အတွက် ဆောင်ရွက်နေ ပါတယ်။ ဒီရှင်းလင်းမှုတွေကို ဇန်န၀ါရီလနောက်ဆုံးထား လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌပန်မလာကောက်စ် က သတင်းထောက်များအား ပြော ကြားခဲ့သည်။
ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ က ပေးဆပ်ရန်ရှိသည့်ကြွေးမြီများ ကို ပေးဆပ်ခြင်းရပ်ဆိုင်းပြီး နောက်ပိုင်း ရန်ကုန်အစီအစဉ်ကို ၁၉၈၇ ခုနှစ်တွင်ရပ်ဆိုင်းခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်နှင့် ကြွေးမြီ ပေးဆပ်ရေး ဆွေးနွေးညှိနှိုင်းပြီးပါက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ကို နှစ်စဉ်ချေးယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်အုပ်စုသည် “ကြား ကာလမဟာဗျူဟာ”အသစ်တစ်ခုကို  မြန်မာနိုင်ငံအစိုးရနှင့်လည်းကောင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်မှုများနှင့်လည်း ကောင်း ပူးပေါင်းဖော်ထုတ်လျက်ရှိ ကြောင်းနှင့် ယင်းသည် နိုင်ငံအတွက် ပြည့်စုံသောအစီအစဉ်တစ်ခုကို ကြို တင်ပြင်ဆင်ရာတွင် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းကဏ္ဍကို ကျောထောက် နောက်ခံပြုမည်ဖြစ်ကြောင်း သိရ သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအ၀င် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုအချို့ကို ဖယ်ရှား ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန် မာနိုင်ငံသည် ကမ္ဘာ့ဘဏ်ကဲ့သို့သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှ အကူအညီများ၊ ဆက်သွယ်မှုများပြန် လည်ရရှိခြင်း ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis