မြန်မာနိုင်ငံမှာ အီရန်နိုင်ငံ သံရုံး ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အီရန်
နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi က ပြောလိုက်ပါတယ်။
သံရုံး ဖွင့်လှစ်နိုင်ဖို့ မြန်မာအစိုးရ အရာရှိတွေနဲ့ ဆွေးနွေးနေတဲ့ အကြောင်းနဲ့၊
မြန်မာနိုင်ငံ တွင်းက မူဆလင်ေ

တွနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို နှစ်နိုင်ငံ ပူးပေါင်းပြီး ထိထိ ရောက်ရောက် ဖြေရှင်းပေးနိုင်ကြောင်း အီရန်
နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက ဘင်ဂါလီ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ကို မေးမြန်းကြရာမှာ အီရန် နိုင်ငံခြားရေးဝန်ကြီး က အဲဒီလို ဖြေကြားခဲ့ကြောင်း Tehran Times သတင်းဌာနက
ဖော်ပြထားပါတယ်။
အီရန် လွှတ်တော်ဥက္ကဋ္ဌ ကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေ စေလွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းထားပါတယ်။

RFA
No comments:
Post a Comment