menu

Sunday 22 July 2012

Dell Inspiron 14z


အသေးစိတ်ဖော်ပြချက်
ဈေးနှုန်းသင့်တင့်ပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည်တွေ မြင့်မားကောင်းမွန်တဲ့ Dell Insprion 14z ကို 1.7GHz Intel Core i5-3317U ပရိုဆက်ဆာနဲ့ထုတ်လုပ်ထားပြီး 1,333MHz DDR3 memory 8GB ထည့်သွင်းပေးထားပါတယ်။


Hard drive အနေနဲ့ကတော့ HDD 500GB အပြင် 5,400rpm နဲ့အသုံးပြုနိုင်မယ့် SSD 32GB လည်းပါဝင်ပြီး Intel HM77 chipset နဲ့ AMD Radeon HD 7570M/ Intel HD Graphics 4000 ဂရပ်ဖစ်တို့ကိုလည်း အသုံးပြုပေးထားတာတွေ့ရပါတယ်။ Windows 7 Home Premium (64-bit) နဲ့အသုံးပြုနိုင်ပြီး 1,366x768-pixel resolution ရှိတဲ့ ၁၄ လက်မအရွယ် display တပ်ဆင်ပေးထားကာ HDMI video output စနစ်လည်းပါဝင်ပါတယ်။ အချက်အလက်တွေ ရွှေ့ပြောင်းဖို့အတွက် USB 3.0 port နှစ်ခုအပြင် SD card reader တစ်ခုလည်း ထည့်သွင်းပေးထားပြီး Ethernet, 802.11n Wi-Fi, Bluetooth စတဲ့စနစ်တွေနဲ့ ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။


ဒီဇိုင်း
ယခင် Insprion မော်ဒယ်တွေထက် ကိုယ်ထည်ပိုမိုပါးလွှာအောင် ထုတ်လုပ်ထားတဲ့ Dell Insprion 14z ကို အလျား ၃၄၈ မီလီမီတာ၊ အနံ ၂၄၁ မီလီမီတာနဲ့ကိုယ်ထည်အထူ ၂၀.၃ မီလီမီတာ အသီးသီးနဲ့ ထုတ်လုပ်ထားပြီး စုစုပေါင်းအလေးချိန်ကတော့ ၁.၇၈ ကီလိုဂရမ်ရှိပါတယ်။ Screen အရွယ်အစား ၁၄ လက်မရှိပြီး 1,366x768-pixel resolution နဲ့အသုံးပြုနိုင်မှာဖြစ်ကာ touchpad ကလည်း အရွယ်အစား ကြီးမားပါတယ်။ ၂၀၁၂ မော်ဒယ်ကို ယခင်ဗားရှင်းထက်ပိုမိုပြီး ဆန်းသစ်ကောင်းမွန်အောင် ပြုလုပ်ထားကာ island-style ကီးဘုတ်ကို လည်း ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

သုံးသပ်ချက်
Dell Insprion 14z (2012) ဗားရှင်းဟာ တန်ဖိုးအားဖြင့်သင့်တင့်ပြီး ဒီဇိုင်းပိုင်းမှာလည်း ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ထားသလို စွမ်းဆောင်ရည်ပိုင်းလည်း မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။

အားသာချက်
အလွန်ပါးလွှာတဲ့ ဒီဇိုင်းနဲ့အတူ ဟာ့ဒ်ဝဲနဲ့ဂရပ်ဖစ်ပိုင်းတွေမှာ အဆင့်မြှင်တင်ထားပြီး တန်ဖိုးအားဖြင့်လည်း သင့်တင့်ပါတယ်။

အားနည်းချက်
Laptop ရဲ့အချို့အပိုင်းတွေက အရည်အသွေးနည်းပါးပြီး ဘက်ထရီသက်တမ်းအနေနဲ့ကလည်း အကောင်းဆုံးလို့ မဆိုနိုင်သေးပါဘူး။

ဘက်ထရီ
ဘက်ထရီ သက်တမ်းအနေနဲ့ကတော့ အားအပြည့်သွင်းထားရင် ၄ နာရီနဲ့ ၅၂ မိနစ်ခန့် ကောင်းမွန်စွာအသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီသက်တမ်း အကောင်းဆုံးလို့ မဆိုနိုင်ပေမယ့် အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Internet Jouenal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis