''ကားတွေဗျာ၊ အတော်ကောင်း နေတာပဲ၊ ဘာလို့ ဖျက်ဆီးပစ်လိုက်တာလဲ 'အမေရိကန်
ပြည်ထောင်စုကို ရောက်ရှိနေစဉ် ပါးစပ်မှ ထွက်သွားသော စကားပါ။
ကျွန်တော်သည်ကားတွေကို ဖိညှစ်ကာအတုံးများဖြစ်အောင် ပြုလုပ်ထားသည်များကို ၁၂
ဘီးကားကြီးများဖြင့် သယ်သွားသည် ကို မကြာခဏ တွေ့ရပါသည်။ ဒီလိုတွေ့တော့
စိတ်မကောင်းစွာဖြင့် ပြောလိုက်ခြင်းပါ။
''ဒီကားတွေက ၁၀
နှစ်သက်တမ်းကျော်သွားပြီ၊ တစ်ခါတစ်ခါလည်း နှစ်၂၀ လောက်ရှိသွားတယ်၊
ကားအဟောင်းတွေနဲ့ အသစ်တွေကိုလဲတဲ့ ၀န်ဆောင်မှုတွေကို ကုမ္ပဏီတွေက
လုပ်ပေးတာလည်း ရှိတယ်။ ကားကိုဖျက်ဖို့ ပို့တာလည်း ရှိတယ်။ ကားအစစ်တွေ
စီးတာပေါ့''
''ဘာလို့ အသစ်စီးချင်ရတာလဲ''
''ကားအသစ်က ပိုကောင်းလို့''
''ပိုက်ဆံတော့ ပိုပေးရတယ် မဟုတ်လား''
''ဟုတ်တယ်၊ ရေရှည်ကို ကြည့်တာပါ''
ကျွန်တော့်အမေးကို
သူဖြေလိုက်တာ အရှည်ကြီးပါပဲ။ ကားများကို တဖြည်းဖြည်းပြုပြင်ကာ
တိုးတက်လာကြသည်။ ကုမ္ပဏီများသည် ကမ္ဘာ့ပြိုင်ပွဲကိုဝင်ရန်အတွက် R & D
ဟူသော ဌာနတွေကို ထားရှိကြသည်။ ဒါကို Research and Development ဟု
နားလည်နိုင်ပါသည်။ သုတေသန လုပ်သည်။ တိုးတက်အောင် ဆောင်ရွက်သည်။ ထိုဌာန
မရှိရင်တော့ ကမ္ဘာ့ပြိုင်ပွဲကနေ ထွက်ရပေမည်။ ယနေ့ပစ္စည်းကောင်းများ
ထွက်လာသည်မှာ ထိုပြိုင်ပွဲများကြောင့်ပင်ဖြစ်သည်။
''ကားတွေဟောင်းလာရင်
လောင်စာဆီ ပိုကုန်တာပေါ့။ ကျွန်တော်တို့နိုင်ငံက အချို့လောင်စာတွေကို
နိုင်ငံခြားက ၀ယ်ရတာပါ။ နှစ် ၂၀ ကျော်ကြာတဲ့ ကားတွေဟာ ကားအသစ်တွေထက်တော့
လောင်စာဆီ တစ်နေ့တစ်ဂါလန် အနည်းဆုံး ပိုစားတယ်၊ ကားတစ်သိန်းဆို တစ်နေ့
ဂါလန်တစ်သိန်းပေါ့'' တဲ့။ သူပြောတော့မှ သတိထားမိတယ်၊
ကျွန်တော်တို့နိုင်ငံမှာ နှစ်သုံးလေးဆယ် အိုတဲ့ကားတွေ အများကြီးပါပဲ။
''ကားအဟောင်းတွေဟာ
အန္တရာယ်လည်း ကြီးတယ်၊ လမ်းမှာပျက်တော့ လမ်းတွေပိတ်ဆို့တယ်''သူ့စကားကို
ထောက်ခံမိပါတယ်။ မရှိသုံးသုံးသည်က ပိုဆိုးနေပါကလား။ ''Spare Parts တွေလည်း
ရှားကုန်တယ်လေ။ အချိန်ကုန် လူပန်းပေါ့'' ဟု သူရှင်းပြသည်။
''ဒီခတ်မှာ ဒီလိုကားတွေကို ပြိုင်ပွဲလုပ်နေတာ အင်မတန်ကောင်း တာပဲ''ဟုသူကဆက်ပြီးပြောပြသည်။
ဒီတော့ သူ့ကို ပြိုင်ပွဲအကြောင်း မေးကြည့်မိသည်။
''ခင်ဗျားပြောတာ ဘာပြိုင်ပွဲလဲ''
''အကောင်းပြိုင်ပွဲ''
သူက ဈေးကွက်မှာ အကောင်းတွေကို ပြိုင်ကြကြောင်း ပြောပြပါသည်။ ဒါကို Excellence ဟု ခေါ်သတဲ့။
''ကမ္ဘာ့ဈေးကွက်က
အကြီးကြီး၊ ဥပမာ ဂျပန်က ကားထုတ်မယ်ဆိုရင်
သူ့ရဲ့ကားကိုအကောင်းဆုံးဖြစ်အောင် ထုတ်ရတယ်၊ Research and Develop ment
ဌာနတွေထားရတယ်။ ပြီးတော့ သူ့ကို ယှဉ်ပြိုင်တဲ့ကုမ္ပဏီတွေထက် မညံ့အောင်
ကြိုးစားရတယ်။ နောက်ပြီး အထိုင်ဈေးကွက်ရှိရတယ်''
''ဘာလဲအထိုင်ဈေးကွက်ဆိုတာ''
''သူက ဂျပန်တွေကိုရောင်းတာ ပေါ့။ သူ့မှာ အမာခံ Customers တွေ ရှိရတယ်''
''ဒါဆိုရင် သူတို့က ပြည်တွင်းဖြစ်ကို အားပေး၊ ဂျပန်လုပ်ကိုစီး ဆိုတာမျိုး ဆောင်ရွက်တာပေါ့ ဟုတ်လား''
''အဲဒီလို မဟုတ်ဘူး။ ခင်ဗျား ဂျပန်ရောက်ရင် မာစီဒီးတို့ ဘီအမ် ဒဘလျူတို့
အများကြီးတွေ့မှာပါ။ ကားကောင်းတယ် ဆိုရင်သူတို့က စီးတာပဲ။ ဒါတွေကို
ကျော်လွန်အောင် ဂျပန်က ထုတ်လုပ်ဖို့ ကြိုးစားတယ်'' ''သြော် ဒါကြောင့် Research and Development ဆိုတာလိုတာပေါ့''
''အစစ်ပေါ့၊ခုခေတ်မှာ
R & D မရှိလို့ မရဘူး။ R & D ရီ ဟာလည်း အင်မတန် စရိတ်စက ကြီးတယ်၊
ဒါပေမဲ့ သူ့ဆီကရတဲ့ အမြတ်အစွန်းဟာလည်း ကြီးမားပါတယ်'''ကျွန်တော်ကတော့
အရင်ဂျပန်တွေက အီလက်ထရွန်နစ်တွေ ထုတ်လုပ်တဲ့အခါ R & D တွေနဲ့
တိုးတက်လာတယ်လို့ ကြားဖူးတာပါ။ Sony ရဲ့ Walkman ဆိုရင် ကမ္ဘာကျော်ခဲ့တယ်''
ကားဟောင်းတွေကို ဖျက်၍ ကားသစ်များ ၀င်လာပေပြီ၊ ကျွန်တော်တို့
မျှော်လင့်ထားသော ကားအသစ်များဝင်လာသည်ကို မျက်ဝါးထင်ထင် မြင်နေရပါပြီ။
သို့သော် ကားဟောင်းတွေနှင့် ဆီစားသောကားများ အ၀င်များနေပါသေးသည်။
လိုင်းကားနှင့် အခြားလွယ်သော သယ်ယူပို့ဆောင်ရေးစနစ်ကို ကြည့်ဖို့ လိုသေးသည်
. . .
|
''ကားမှာလည်းဒီလိုပဲ၊ Toyota ကားဆိုရင် ကမ္ဘာမှာရှိတဲ့ ဘယ်ကားကုမ္ပဏီသုံးခုပေါင်းထက် အမြတ်ပိုသတဲ့''
''သူတို့ဂျပန်မှာ ဈေးလျော့ရောင်းလား''
''ဂျပန်မှာ
ဈေးလျော့ မရောင်းပါဘူး။ ဒါပေမဲ့ မြန်မာတွေက ဒိုလို့ခေါ်တဲ့ ဂျပန် Demestic
ပစ္စည်းတွေ အားလုံးဟာ တန်းဝင်ပြီး ပိုကောင်းလေ့ရှိတယ်''
''အစိုးရကော အခွန်လျော့ ကောက်လား''
''လျော့ကောက်လို့ မရဘူး။ ပြိုင်ဆိုင်မှုတွေ ဖြစ်အောင် လုပ်ပေးတာပဲ၊ ဥပမာ မလေးရှားက ကားထုတ်တယ်''
''ပရိုတွန်လားဆရာ''
''ဟုတ်တယ်၊ ပရိုတွန်အတွက် မလေးအစိုးရက အခွန်တွေလျော့တယ်၊ ဒီတော့ ပရိုတွန်ကို ဈေးသက်သက်သာသာနဲ့ ၀ယ်လို့ရတယ်''
''ကောင်းလိုက်တာ''
''မကောင်းပါဘူး။ ပရိုတွန်ကားတွေဟာ တဖြည်းဖြည်း ဈေးကွက်မှာ နေရာမရတော့ဘူး''
''ဘာဖြစ်လို့လဲ''
''သူတို့က
ရောင်းနေရတော့ မကြိုးစားတော့ဘူးလေ။ ဒါနဲ့ အရည်အသွေးကျတဲ့ ကားတွေပဲ
ထွက်လာတယ်။ ဒါကို ရိပ်စားမိတဲ့ အစိုးရက ပုံမှန်အတိုင်း
အခွန်တွေတိုးကောက်တော့မှ ပြန်ပြီး တိုးတက်လာတယ်''ကျွန်တော်က သူပြောသည်ကို
အတော်အတန် ရိပ်မိလာသည်။
''လူထုကို သက်သာချောင်ချိစေဖို့နဲ့ ကိုယ့်အမျိုးသားတွေကို ဖေးမဖို့ဆိုတာ''ပြည်တွင်းဖြစ်ကို အားပေးပါ'' ဆိုရုံနဲ့တော့ ဖြစ်မလာဘူးကွ''
''အပြိုင်အဆိုင်လိုတာပေါ့ ဟုတ်လား''
''ဟုတ်ပါတယ်၊ ဒီလိုပြိုင်တဲ့အခါမှာ နည်းပညာတွေ အရည်အသွေးတွေ ရှိဖို့လည်းလိုတယ်၊ ဂျပန်အောင်မြင်တာက သူဟာ Quality သမားလေ''
''ဘယ်လို Quality သမားလဲ''
''သူတို့ဟာ
ဘာလုပ်လုပ်ကောင်းအောင် လုပ်တယ်၊ စစ်အပြီးမှာ ဂျပန်ကုမ္ပဏီတွေဟာ
ပစ္စည်းတွေကို ဖြစ်သလို ထုတ်ကြတယ်၊ ၁၉၅၀ ပြည့်နှစ်တွေက ဂျပန်ပစ္စည်းတွေဟာ
အတော်ညံ့တယ်၊ သူများတွေကို တုထားတဲ့ အတုတွေပဲ ထွက်တယ်''
''ကျွန်တော်တို့လည်း အဲဒီခေတ်ကို မီတယ်၊ ဂျပန်ပစ္စည်းဆိုရင် ခုခေတ် တရုတ်ပစ္စည်းကို လူတွေ မကြိုက်ကြသလိုပဲ၊ မရှိသုံးပဲ သုံးကြတယ်''
''ဟုတ်ပါတယ်၊
၁၉၆၀ပြည့်နှစ် နောက်ပိုင်းမှာ အကြီးအကျယ် ပြောင်းလဲသွားတယ်၊
အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မက်အာသာက W. Edward Deming ဆိုသူဖိတ်ပြီး
အရည်အသွေးမြင့် ပစ္စည်းတွေထုတ်နိုင်ဖို့ ဆွေးနွေးတယ်၊ သူက Total Quality
Management ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျပန်တွေကို စည်းရုံးပြီး Deming Award
ဆိုတဲ့ဆုတစ်ခုကို တီထွင်ချီး မြှင့်ခဲ့တယ်။ ဂျပန်တွေက နဂိုက Quality
သမားတွေပါ။ သူတို့ဟာ အသေးစိတ်ကို အရမ်းကျွမ်းတယ်၊ ဒါနဲ့ပဲ ဂျပန်တွေဟာ
အရည်အသွေးတွေ တက်လာပြီးနောက် သူတို့က ကမ္ဘာ့ဈေးကွက်ထဲကို ၀င်လာတာပါပဲ''
''အေးဗျ၊ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်က ဒါတွေကိုတော့ လေ့လာဖို့ လိုတယ်''
''ဟုတ်ပါတယ်၊
ကပ်စေးနည်းနေပြီး ရိုးသားကြိုးစားတာ တစ်ခုနဲ့တင် မရပါဘူး။
အရည်အသွေးပြည့်စုံတဲ့ ပစ္စည်းတွေ တစ်နေ့တခြား များလာပြီ၊ ခုခေတ် Hybrid
ကားတွေဆိုရင် လောင်စာဆီအစား အတော်နည်းသွားပြီ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုလည်း
သက်သာစေတာပေါ့''
''ကားဟောင်းတွေကို ကျွန်တော်တို့ နိုင်ငံမှာ ဖျက်ကြမယ်မထင်ဘူး''
''ဖျက်စရာမလိုပါဘူး။
မဖျက်လို့လည်း ရပါတယ်၊ ကားအသစ်တွေ ကားကောင်းကောင်းတွေ သွင်းခွင့်ပြုပြီး
လူတွေက သဘောပေါက်ရင်တော့ သူတို့ရဲ့ အဆင်မပြေတဲ့ ကားတွေကို တစ်နည်းနည်းနဲ့
စွန့်သွားကြမှာပါပဲ''
''အေးဗျာ၊ ကျွန်တော် ရန်ကုန် ပြန်ရောက်တဲ့အခါ ကားကိုဖိကြိတ်ပြီး သံတုံးတွေဖြစ်တဲ့ ခေတ်တော့ ရောက်မလားလို့ စောင့်ကြည့်နေမှာပါ''
''တစ်နေ့တော့ ရောက်မှာပေါ့''
မှတ်ချက်
ဤဆောင်းပါးကို
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ရက်က ရေးသားခဲ့ပါသည်။ ယနေ့ ကားဟောင်းတွေကိုဖျက်၍
ကားသစ်များ ၀င်လာပေပြီ၊ ကျွန်တော်တို့ မျှော်လင့်ထားသော ကားအသစ်များ
ဝင်လာသည်ကို မျက်ဝါးထင်ထင် မြင်နေရပါပြီ။ သို့သော် ကားဟောင်းတွေနှင့်
ဆီစားသောကားများ အ၀င်များနေပါသေးသည်။ လိုင်းကားနှင့် အခြားလွယ်သော
သယ်ယူပို့ဆောင်ရေး စနစ်ကိုကြည့်ဖို့ လိုသေးသည်။ ရထားများ စက်ဘီးများကို
လူအများစွဲနိုင်ဖို့ သင့်တော်သလို စီမံခန့်ခွဲရပေမည်။ ကားတွေ ၀င်လာသည်။
စည်းကမ်းမရှိသော ကားများ ပို၍ပို၍ များလာနေပါသည်။ ဘတ်စ်ကားများလည်း
စည်းဖောက်သည်။ တက္ကစီများလည်း စည်းဖောက်ပါသည်။ ယာဉ်ထိန်းရဲများ တိုးချကာ
အခြေအနေကို ယခုကတည်းက ထိန်းဖို့လိုပါသည်။ လမ်း တွေပိတ်ဆို့သောအခါ
ယာဉ်ထိန်းများကို ပို၍တာဝန်ပေးရှင်းထုတ်ရန် ယာဉ်ထိန်းဌာနက သိကြပါမည်။
ဘာကြောင့် မလုပ်ပါသလဲ။ စည်းမဲ့ ကမ်းမဲ့ ရပ်ခွင့်ပြုထားသကဲ့သို့
ဖြစ်နေပါသည်။ ယာဉ်ထိန်းဌာနတွင် တာဝန်ရှိပါသည်။ ယာဉ်ထိန်းရဲများ ထပ်မံ
ခန့်ထားပြီး ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
EMG |
No comments:
Post a Comment