menu

Sunday 22 July 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ စာပေဟောပြောပွဲ စင်ကာပူတွင် ကျင်းပမည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ စာပေဟောပြောပွဲကို စင်ကာပူနိုင်ငံတွင် သြဂုတ်လ ၁၉ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
စာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ်၊ ဆရာကျော်ဝင်း၊ ဆရာမောင်ဝံသတို့က ဟောပြောမည်ဖြစ်ပြီး ပရိသတ်နှင့် အမေး၊ အဖြေကဏ္ဍလည်း ပါဝင်သည်။
ဆရာအော်ပီကျယ်က `ဤခရီးမနီးသေးပါ´ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကျော်ဝင်းက `အကောင်းဆုံးအနာဂတ်ကို ဦးတည်ခြင်း´ခေါင်းစဉ်ဖြင့်လည်းကောင်းနှင့် ဆရာမောင်ဝံသက `သတင်းသည် ပြည်သူ့အတွက်´ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောကြမည်ဖြစ်သည်။
ဟောပြောပွဲကို စင်ကာပူနိုင်ငံရှိ Singapore Poly Convention Center တွင် သြဂုတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီမှ ည ၇ နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များကို ပင်နီစူလာပလာဇာရှိ ရနံ့သစ်စားသောက်ဆိုင်နှင့် သပြေနုတို့တွင် ၀ယ်ယူနိုင်သည်။


လက်မှတ်တန်ဖိုးအဖြစ် စင်ကာပူဒေါ်လာ ၁၅၊ ၂၀၊ ၂၅ သတ်မှတ်ထားသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး သီရိသုဓမ္မဒေါ်ခင်ကြည်၏ နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုတည်ထောင်ထားခြင်းဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတို့တွင် ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် ဖောင်ဒေးရှင်းဖြစ်သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis