menu

Tuesday 3 July 2012

မြန်မာ့နည်း ၊ မြန်မာ့ဟန်ဖြင့် ဓမ္မစေတီခေါင်းလောင်းကြီးကို ၁၄ ရက်အတွင်း ဆယ်ယူနိုင်သည်ဆိုသော ဦးစံလင်း၏ သတင်းစာရှင်းလင်းပွဲ

 
သမိုင်းရာဇ၀င်ကြီးမားသော ဓမ္မစေတီခေါင်းလောင်းကြီး ပြန်လည်ပင့်ဆောင်ဆယ်ယူပြီး ရွှေတိဂုံစေတီတော်ပေါ်တွင် မူလ နေရာသို့ ပြန်လည်ကပ်လှူပူဇော် နိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက် ၍ ယခင်က သုတေသနပြု ရှာဖွေဖူးသော ဦးစံလင်းမှ ဓမ္မ စေတီခေါင်းလောင်းကို မြန်မာ့ နည်း၊ မြန်မာ့ဟန်ဖြင့် ဆယ်ယူဖူး ခဲ့ကြောင်းနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို City Star Hotel ပထမထပ်တွင် ၂-၆-၂၀၁၂ ညနေ ၄း၀၀ နာရီအချိန် တွင် ပြုလုပ်ခဲ့ပါသည်။

သမိုင်းဝင် ဓမ္မစေတီခေါင်း လောင်းကြီးကို ဆယ်ယူခဲ့သူ၊ စိတ်ဝင်စားသူများထဲတွင် တစ် ယောက်အပါအ၀င်ဖြစ်သော ဦးစံလင်းမှ ““ဓမ္မစေတီခေါင်းလောင်း တော်ကြီးကို ပထမအကြိမ် ရှာဖွေဆယ်ယူခြင်း ကိစ္စများကို (၁၀-၈-၁၉၉၇)မှ (၁၁-၉-၁၉၉၇) ထိ ရက်ပေါင်း(၃၂)ရက်တိတိ လုပ်ဆောင်ခဲ့ဖူးကြောင်း၊ သို့သော် ပထမအကြိမ် ရှာဖွေဆယ်ယူ မြင်ကွင်းလိုအပ်ချက်ဖြစ်သော ကော့သောင်းမြို့မှ ရေငုပ်သမား များ အချိန်မီ ရောက်ရှိလာခြင်း မရှိ၍ ရန်ကုန်မြို့မှ ရေငုပ်သမား များကို ငှား၍ လုပ်ဆောင်ခဲ့ သော်လည်း ရန်ကုန်မှ ရေငုပ် သမားများက စည်းကမ်းမစောင့် ထိန်းသောကြောင့် လုပ်ငန်းအား (၁၁-၉-၁၉၉၇)ရက်နေ့တွင် ရပ်ဆိုင်းခဲ့ကြောင်း၊ ၁၉၉၈ ခု ဇူလိုင်လ (၂၆)ရက်နေ့မှစပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင် ရောက်ပြီး သောင်တူးစက် အမှတ် (၁၅၀၂)ဖြင့် ရှာဖွေခြင်း လုပ်ငန်းကို ဒုတိယအကြိမ် လုပ် ဆောင်ခဲ့ရာ (၁၁-၈-၁၉၉၈၇) ရက်နေ့ ညနေ ၃း၃၀ နာရီအချိန် တွင် ဓမ္မစေတီခေါင်းလောင်း တော်ကြီးရှိသော နေရာအား တွေ့ရှိခဲ့ကြောင်း၊ သောင်တူးစက် အမှတ် (၁၅၀၂)ကို ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဖေသန်းမှ ကူညီ ခဲ့၍ ရှာဖွေတွေ့ရှိခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ပြီး တတိယအကြိမ် ခေါင်းလောင်း တော်ကြီးကို သောင်ထူးစက် အမှတ် (၁၀၀၀)ဖြင့် တူးဖော်ရာ တွင် လုပ်အားမနိုင်သည့်အတွက် ကြောင့် လုပ်ငန်းကို (၃)ရက်ဖြင့် ရုပ်သိမ်းခဲ့ရကြောင်း၊ မသေခင် တွင် ခေါင်းလောင်းတွေကို ဖော် ပေးချင်ခဲ့ကြောင်း သို့ပေမယ့် အထက်ပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ အကူအညီများ အထူးလိုအပ်လျက်ရှိပြီး၊ အကူ အညီများ ရရှိပါက (၁၄)ရက် အတွင်း အပြီးကုန်းပေါ်သို့ အရောက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း”” ရှင်းလင်းပြောကြား သွားခဲ့သည်။
 Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis