menu

Thursday 7 June 2012

ခရီးသွားလုပ်ငန်းပင်မစီမံကိန်းအတွက် နော်ဝေနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်က ကူညီမည်


သဘာဝအခြေခံခရီးသွားနေရာတစ်ခုဖြစ်သည့် အလောင်းတော် ကဿဖသို့ သွားရာလမ်းတစ်နေရာ။၊
ဓာတ်ပုံ-အောင်ရှင်
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် နော်ဝေနိုင်ငံ အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ကူညီဆောင်ရွက်သွားမည် ဖြစ်သည်ဟု မေလ ၂၈ ရက်နေ့က နေပြည်တော် ဇမ္ဗူ သီရိဟိုတယ်တွင် ကျင်းပသည့် ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲ၌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။
"ကိုယ့်နိုင်ငံက ခရီးသွားလုပ်ငန်းအတွက် အလွန်အရေးကြီးတဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းကို နော်ဝေ အစိုးရနဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ရဲ့ အထောက်အပံ့နဲ့ ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေပါပြီ"ဟု ၎င်းက ပြောသည်။

ပင်မစီမံကိန်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြို့းတိုးတက်ရေးကိုသာ အဓိကထား ဆောင်ရွက်မည်ဟု ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာ သင်တန်းများကို နိုင်ငံတကာအဆင့်သို့ ရောက်ရှိရန်အတွက် လာမည့်နှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ World Tourism Origanization) နှင့် ပူးပေါင်း၍ သင်တန်းများ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်း၏ အရေးကြီး အချက်ဖြစ်သည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် တတ်မြောက်မှုများလည်း အထူးလိုအပ်လျက်ရှိ သည်ဟု ဦးတင် ဆန်းကပြောသည်။
"သင်တန်းဆင်းပြီးသားလူတွေကို ဦးစားပေးအနေနဲ့ တက်ခွင့်ပေးပါမယ်။ သင်တန်းဆင်းလက်မှတ်ကိုလည်း နိုင်ငံတကာ လက်မှတ် ပေးသွားမှာပါ" ဟု လာမည့်နှစ်တွင် ဆက်လက်ဖွင့်မည့် သင်တန်းနှင့် ပတ်သက်ပြီး ၎င်းက သင်တန်းသူ/သားများအား ပြောကြား သည်။ လက်ရှိအချိန်တွင် မြန်မာ့ခရီးသွား လုပ်ငန်းအတွက် အကြီးမားဆုံးအဟန့် အတားဖြစ်သည့် အခန်းခဈေးနှုန်းမြင့် မားနေခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ၎င်းက "ခုချိန်မှာ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းရဲ့ ကောင်းနေတဲ့ ပုံရိပ်တွေ ဆက်လက် ထိန်းသိမ်းဖို့ လိုတယ်။ အခန်းခတွေက နာမည်ကြီးနိုင်ငံတွေရဲ့ နှုန်းထားအတိုင်း ဖြစ်နေပေမယ့် ၀န်ဆောင်မှုအပိုင်းတွေ မှာ အားနည်းနေသေး ပါတယ်"ဟု ပြော ကြားသည်။
မကြာမီနှစ်များတွင် နိုင်ငံတကာခရီး သွားများ၊ အားကစားဆိုင်ရာနိုင်ငံခြား ဧည့်သည်အများအပြား ရောက်ရှိမည် ဖြစ်သည့်အတွက် ငှားရမ်းနိုင်သည့် အခန်းများလိုအပ်နေကြောင်း၊ တည်းခို ရိပ်သာငယ်များကိုလည်း နိုင်ငံခြား ဧည့်သည့်များ တည်းခိုနိုင်ရေးအတွက် အခန်းများကို အဆင့်မြင့်မွမ်းမံ ပြင်ဆင် သွားကြရန် မှာကြားခဲ့သည်။
"ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆို အခြေခံ အဆောက်အအုံတွေလုံ လောက်ရမယ်။ သယ်ယူပို့ဆောင်ရေး နဲ့ဆက်သွယ်ရေးဖြစ်တဲ့ အိုင်တီကဏ္ဍက လည်း တိုးတက်မြန်ဆန်ဖို့လိုတယ်။ အရေးအကြီးဆုံးက ကိုယ့်နိုင်ငံရဲ့ သဘာဝအရဖြစ်တည်နေတဲ့ စွဲဆောင်မှု ရှိတဲ့ နေရာတွေကို ဖော်ထုတ်ပြီး လူသိ အောင်ကြေညာမယ်ဆို ဒီလုပ်ငန်းကြီး က အောင်မြင်မှာ အသေအချာပဲ" ဟု နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ် မှ အထွေထွေမန်နေဂျာ ကိုအောင်နိုင်ထွန်းက ပြောသည်။
နေပြည်တော် ဟိုတယ်အသိုင်းအ၀ိုင်းအနေဖြင့် ဧည့်ဝတ်ဖော်ရွေမှုယှဉ်ပြိုင်ကြရမည့်အပိုင်းတွင် လာရောက်သည့် နိုင်ငံတကာ ခရီးသွား များအား နိုင်ငံတကာ အဆင့် တည်ခင်းဧည့်ခံနိုင်ဖို့နှင့် မိမိတို့၏ ရိုးရာ အစားအစာများကို မိတ်ဆက်ပေး နိုင်ဖို့ကို လည်းကြိုးစားရမည်ဟု ၎င်းက ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis