ဇွန်လ ၃ ရက် နံနက် ၆ နာရီတွင် တောင်ကုတ်မြို့ပေါ်ရှိ လူစည်ကားတဲ့
နေရာများမှာ လွန်ခဲ့သော မေလ ၂၈ရက်နေ့က ကျောက်နီမော် ကျေးရွာအုပ်စု၊
သပြေချောင်း ကျေးရွာနေ မသီတာထွေးအား ရက်စက်စွာ အစော်ကားခံရသော ဖြစ်စဉ်နှင့်
ပတ်သက်၍ သေဆုံးသူ၏ ဓာတ်ပုံနှင့် မွတ်ဆလင် ကုလားများ၏
ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက် ယုတ်မာမှုများကို
တောင်ကုတ်မြို့ပေါ်နေ ပြည်သူများသိစေရန် "အသိပေးနှိုး ဆော်ခြင်း"
ခေါင်းစဉ်ဖြင့် ၀ံသာနုရက္ခိတအဖွဲ့ (တောင်ကုတ်မြို့) အမည်ဖြင့်
စာများဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ ယင်းသို့စာများ ဖြန့်ဝေခဲ့ပြီးနောက်
ညနေ ၄ နာရီတွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာ
မော်တော်ယာဉ်လိုင်းမှ မှန်လုံယာဉ်သည် တောင်ကုတ်မြို့ အေးရိပ်ငြိမ်
ကားကြီးဝင်းသို့ ရောက်ရှိခဲ့ပြီး ခရီးသည်များ အတင်အချ ပြုလုပ်ရန်
ခေတ္တရပ်နားစဉ် ယာဉ်ပေါ်တွင် မွတ်ဆလင်ကုလား လူမျိုးများ ပါလာကြောင်း
သတင်းပြန့်သွားခဲ့ပြီး မြို့ခံလူထုများ ၀ိုင်းအုံရောက်ရှိ လာခဲ့ကြောင်း၊
ထိုသို့လူအုပ်စု ၀ိုင်းအုံလာသဖြင့် ဂိတ်မှူးက အဆိုပါ မော်တော်ယာဉ်အား
အမြန်ထွက်ခွာစေခဲ့ရာ ထွက်ခွာသွားသည့် မော်တော်ယာဉ် နောက်သို့ ဆိုင်ကယ်ဖြင့်
လူအချို့ လိုက်ပါသွားပြီး မော်တော်ယာဉ်အား မြို့အတွင်းသို့ ပြန်လည်
မောင်းနှင်ရန် စေခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြန်လည် မောင်းနှင်ခဲ့ရာမှ
သံတွဲ-တောင်ကုတ် ကားလမ်းဆုံ (တောင်ကုတ်မြို့တွင်း ပြည်မြို့အထွက်) သို့
ရောက်ရှိစဉ် အသင့်စောင့်နေသည့် လူ ၃၀၀ ခန့်အုပ်စုက ပိတ်ဆို့တားဆီးကာ
ယာဉ်ကိုရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ် ပါလာသည့် မွတ်ဆလင် ကုလားလူမျိုးများအား
အတင်းဆွဲချရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်ကုလား
လူမျိုး ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် မော်တော်ယာဉ်လည်း
ဖျက်ဆီးခံခဲ့ရကြောင်း၊ အခင်းဖြစ်ပွားရာ နေရာသို့ တောင်ကုတ်မြို့နယ်
အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်၊
စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများ ရောက်ရှိ ထိန်းသိမ်း
ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူများတွင် ဘာသာရေးကိစ္စဖြင့် သံတွဲမြို့သို့ ရောက်ရှိခဲ့ရာမှ
သက်ဆိုင်ရာ မြို့များသို့ ပြန်ကြသူများ ပါဝင်ပြီး တောင်တွင်းကြီးမြို့မှ ၆
ဦး၊ မြောင်းမြမြို့မှ ၂ ဦးနှင့် သံတွဲမြို့မှ ၂ ဦး ဖြစ်ကြောင်း၊ အဆိုပါ
သေဆုံးသူများ၏ ရုပ်အလောင်းများအား သံတွဲမြို့ မွတ်ဆလင် သင်္ချိုင်း၌ ဒီကနေ့
သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေ နှင့်အညီ
ဖြစ်စေရေးအတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး
လက်ရှိ အခြေအနေမှာ ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိသူများက
မြို့မိမြို့ဖများနှင့် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
"ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်
လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၀မိနစ်မှာ
အောင်ကျော်စိုး(စိစစ်ဆဲ)ပါ သုံးဦးနှင့် ဦးအောင်သန်းဝေ ၄၅ နှစ် (အဘ)
ဦးစိန်လှ (အကွက် ၆၊ စက်ရုံစုရပ်ကွက်၊ စစ်တွေမြို့)တို့
ဈေးကောက် ကောက်ခံသည့် ကိစ္စအား မကျေနပ်ရာမှ စကားအချေအတင်ဖြစ်ကြရာမှ
အောင်သန်းဝေမှ အသင့်ပါလာတဲ့ ဓားနဲ့ခြိမ်းခြောက် ထွက်ပြေးသွားကြောင်း၊
အောင်ကျော်စိုးပါ သုံးဦးနဲ့ အဖွဲ့မှာ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ပါတယ်။ အဆိုပါ ည ၇ နာရီခွဲတွင် အောင်သန်းဝေ၏ ဇနီး ဒေါ်အောင်သန်းမြနှင့် အမျိုးသမီး ၁၀ ဦးတို့ အမှတ်(၁)
ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်း ပျောက်ဆုံးနေကြောင်း
အကြောင်းကြားစဉ် ရဲစခန်းမှာ လူအင်အား ၅၀ ခန့် စုဝေးရောက်ရှိခဲ့ပြီး
တဖြည်းဖြည်း ၂၀၀ ဦးခန့်အထိ ရှိလာခဲ့ကြောင်း၊ ထိုသို့ လူများ စုဝေးနေစဉ် ည ၇
နာရီ ၄၅ မိနစ်တွင် ဦးအောင်မြကျော် (စစ်တွေမြို့နယ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ)ရောက်ရှိလာပြီး
ဦးအောင်သန်းဝေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦး
ဖြစ်ပြီး၊ ၎င်းအား မိမိတို့ ရှာဖွေသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက်
လူစုကွဲပြီး အောင်သန်းဝေ၏ဇနီး ဒေါ်အောင်သန်းမြတို့ ရဲစခန်းမှ ပြန်လည်ထွက်ခွာ
သွားကြပါတယ်။ တဖန် ည ၉ နာရီမှာ အမှတ်(၁)
ရဲစခန်းရှေ့မှာ လူ ၃၀၀ ခန့် ပြန်လည်စုဝေး ရောက်ရှိလာကြပြန်ရာ
ဦးအောင်မြကျော်က အောင်သန်းဝေအား ခေါ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့်
လူစုခွဲကြရန် ပြောဆိုပြီး ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ည ၁၁ နာရီကျော်မှာ
ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၊
ဦးကျော်သိန်း (ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး)တို့
ရဲစခန်းသို့ ရောက်ရှိ လာခဲ့ကြောင်း၊ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဦးအောင်မြကျော်က အောင်သန်းဝေအား ရဲစခန်းသို့ ခေါ်ယူလာပြီး လူစုခွဲကြရန် ပြောဆိုခဲ့သော်လည်း လူစုမကွဲဘဲ ည ၁၀
နာရီ ၅၅ မိနစ်ခန့်တွင် ရဲစခန်း အတွင်းသို့ ပုလင်းကွဲ၊ ခဲများဖြင့်
ပစ်ပေါက်ခဲ့ရာ ရဲစခန်း အဆောက်အဦ အမိုးပေါက်ပြဲခြင်း၊ အိမ်ထောင်သည်လိုင်း
အမိုးပေါက်ပြဲခြင်း၊ ရဲတပ်ဖွဲ့ပိုင် ယာဉ်နှစ်စီးရှေ့လေကာ မှန်များ ကွဲကြေ
ပျက်စီးခဲ့ခြင်းများ ဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီး ည ၁၁ နာရီ ၁၀
မိနစ်ခန့်တွင် အဆိုပါ လူစုလူဝေးက စခန်းအ၀င်ဝ တံခါးမကြီးအား ဖျက်ဆီးပြီး
ရဲစခန်းသို့ဝင်ရန် ကြိုးစားလာခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အသံပေး
ခြောက်လှန့်ပစ်ခတ် ခဲ့ပါတယ်။ သို့သော် လူစုကွဲမသွားဘဲ ည ၁၁ နာရီ ၁၅
မိနစ်တွင် ရဲစခန်းအ၀င် မီးအားရိုက်ခွဲ၍ ရဲစခန်း တံခါးမကြီးအား
ဖျက်ဆီးဝင်ရောက်ဖို့ ထပ်မံကြိုးစားလာခဲ့ ပြန်သဖြင့် ထပ်မံ ပစ်ခတ်
လူစုခွဲခဲ့ရာ ထိုလူစုမှာ ရဲစခန်း ဘေးဘယ်ညာသို့ ပြန်နှံ့ သွားခဲ့ပါတယ်။
သို့သော်လည်း စခန်းပတ်ဝန်းကျင်တွင် လူစုကွဲသွားခြင်း မရှိသည့်အတွက် ဇွန်လ ၎
ရက် နေ့ နံနက် ၁ နာရီတွင်
တာဝန်ကျ ရဲတပ်ဖွဲ့များက အဓိကရုဏ်း လက်နက်နှင့် မီးခိုးဗုံး အသုံးပြု၍
လူစုခွဲခဲ့ရပါတယ်။ အဆိုပါ လူအုပ်စုသည် နံနက် ၃ နာရီတွင် လမ်းမကြီးလမ်းနှင့်
ဦးဥတ္တမလမ်းဆုံရာ ရိုးမဘဏ်ရှေ့ရှိ (PCO) အဆောက်အဦအား
မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်တွင် အရပ်သား ၁၂
ဦး ပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့
တင်ပို့ကုသခဲ့ပြီး လူစုလူဝေးတွင် ပါဝင်သူ ကိုးဦးအား ဖမ်းဆီးထိန်းသိမ်း
စစ်ဆေး လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်
ကိစ္စရပ်အား ဥပဒေရေးဆွဲ၍ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဤကဲ့သို့
မင်းမဲ့စရိုက်ဆန်ပြီး ဥပဒေနှင့် ဆန့်ကျင်သော အုပ်စုဖွဲ့ လှုပ်ရှားမှုများ၊
ဥပဒေမဲ့ လုပ်ရပ်များအား မည်သို့မျှ လက်သင့်ခံ၍ မရနိုင်ပါ။ သို့ပါ၍
အဆိုပါဖြစ်စဉ်အပေါ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်
ဖြစ်သည့်အပြင် တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရှိရပါတယ်"
ဟူ၍ဖြစ်ပါသည်။
No comments:
Post a Comment