menu

Thursday 5 April 2012

ရမ်းဗြဲကျွန်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်

မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းတစ်ကျွန်း  ဖြစ်သော ရခိုင်ပြည်နယ်ရှိ  ရမ်းဗြဲကျွန်းတွင် ဘိုးရင်းလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာ အဆင့်မီလေ ယာဉ်ကွင်းကြီးတစ်ခုကို ဂျပန်က တာဝန်ယူ တည်ဆောက်ရန် လာရောက် လေ့လာခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ထုတ် ဖော်ပြောကြားသည်။

အဆိုပါနိုင်ငံတာကာအဆင့်မီ လေယာဉ် ကွင်းကြီးကို တည်ဆောက်ရန်အတွက် ဂျပန် နိုင်ငံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ များသည် ရမ်းဗြဲကျွန်း သို့ လာရောက်ကာ အကြိုလေ့ လာဆန်းစစ်မူများ ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

'' ဟုတ်ပါတယ်။ ဂျပန်အဖွဲ့ တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းက လာသွားပါ တယ်။ သူတို့က လေ့လာရုံ သက်သက်တော့ လာသွားတာမဟုတ်ပါဘူး။ သူတို့ နိုင်ငံတာကာ အဆင့်ရှိ လေယာဉ်ကွင်းကြီး တစ် ကွင်းကို ရမ်းဗြဲကျွန်း မှာ ဘာဖြစ်လို့ တည် ဆောက်ချင်ရ သလဲဆိုရင် ဒီကျွန်းကြီးဟာ မကြာမီ အချိန်တွင်းမှာ နိုင်ငံတကာအဆင့် ရှိတဲ့စက်မူဇုန်ကြီးတွေ၊ ရေနက်ဆိပ်ကမ်း တွေ ပေါ်ပေါက်လာမယ့် နေရာဖြစ်လို့ ဒီကျွန်းကြီး ပေါ်မှာ ယခုလို နိုင်ငံတကာ အဆင့်မီတဲ့ လေယာဉ်ကွင်းကြီး  တစ်ခုကို တည်ဆောက်ဖို့ စီစဉ်တာပါလို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ် ဥပဒေရေးရာ ချုပ်ဦးလှသိန်းက ပြောသည်။

ယင်းလေယာဉ်ကွင်း တည် ဆောက်မည့်နေရာသည် ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်း တည်နေရာနှင့် ၁၂ မိုင် သာ ကွာဝေးကြောင်းသိရသည်။ အဆိုပါ လေယာဉ်ကွင်း အကောင်အထည်ပေါ် လာပါက ရမ်းဗြဲ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၏ ပထမ ဆုံးသော နိုင်ငံတကာအဆင့်ရှိ လေယာဉ် ကွင်းဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။

'' ဒေသခံ တစ်ဦး အနေနဲ့ ဒီသတင်းကိုကြားရတာ အင်မတန်ဝမ်းသာ ရပါတယ်။ ဒီလေယာဉ်ကွင်း တည်ဆောက် မယ့်နေရာ ကလဲ ရခိုင်ပြည်နယ် မှာစီးပွား ရေးဇုန်တစ်ခုလို စည်ကားလာမယ့်  နေရာ ဖြစ်နေတော့ လုပ်လဲ လုပ်လာ နိုင်ပါတယ်။ လက်ရှိဆိုရင်လဲ ရေနက်ဆိပ်ကမ်း တွေက အကောင်အထည်ဖော်နေပြီဆိုတော့ ဒါ တွေနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုး တိုးတက်လာမယ့် ရှေ့အလားအလာ တွေကို မျှော်ပြီး တည် ဆောက်လာ နိုင်တာ ဖြစ်တယ် လို့သုံးသပ်မိ ပါတယ်။ ဒီလိုစီမံကိန်းကြီးတွေက ကျွန်တော်တို့ရဲ့ ဒေသကြီးဖွံ့ဖြိုးမှုကို အများကြီး  အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ မျှော် လင့်ပါတယ်''ဟု စစ်တွေမြို့ခံ ဦးရွှေသိန်း မောင်က သုံးသပ် ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ  လေဆိပ်အဖြစ် သုံးခုရှိပြီး ပဲခူးတိုင်း ဟံသာဝတီ၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာ ဒေသတို့တွင် ယင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း သိ ရသည်။

ယင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တိုးချဲ့တည်ဆောက်မည့် အစီအစဉ်များကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံများ အားဖိတ်ခေါ်ချ  ပြထားကြောင်း၊ ယခုအခါ ယင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပြင် ဟဲဟိုးနှင့် ညောင်ဦး  လေဆိပ်များ အဆင့် မြှင့်တင် ရေး၊ သံတွဲလေဆိပ်အား တိုးမြှင့် ရေးတို့ကို စီစဉ်ဆောင်ရွက်  လျက်ရှိပြီး ယခင် က ရခိုင်ပြည်နယ်တွင် ပြေးလမ်းပေ ၈၀၀၀ ရှိသော မာန်အောင် စမုတဲ လေယာဉ်ကွင်း ဟောင်း ကိုလည်းပြန်လည်  အသုံးပြုနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအ စိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရ သည်။

ရန်ကုန်တိုင်းမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis