menu

Thursday 5 April 2012

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ နေ့ချင်းပြန်


နေ့တစ်နေ့၏ နံနက်ခင်း
လသာမြို့နယ်၊ စာရေးဆရာ အပေါင်းအသင်းရောင်းရင်းများ လသာ လမ်း၊ ခုနှစ်လွှာပေါက်ဆီဆိုင်တွင် စကား ကောင်းနေ၏။ စီးပွားရေး၊ နိုင်ငံရေး၊ စာပေရေးရာ ရောက်တတ်ရာရာ ပြော ဆိုငြင်းခုံနေကြ၏။ တစ်ယောက်က လာမည့်အပတ် တနင်္ဂနွေ ကျိုက်ထီးရိုး ဘုရား နေ့ချင်းပြန်သွားကြမယ်၊ ဆရာ မော်ကကားစိုက်၊ ကျန်တဲ့လူတွေက တတ်နိုင်သမျှ ၀ိုင်းထည့်ကြတာပေါ့။ ဆရာမော်ဘယ်လိုလဲ။ ကျွန်ုပ်အား အတည်ပြုချက်တောင်းခံ၏။
ကျိုက်ထီးရိုးဘုရားနှင့် ပတ်သက် လျှင် မဆွတ်ခင်က ညွှတ်ချင်သော ကျွန်ုပ်အလိုအလျောက် ခေါင်းငြိမ့်ပြီး သား။ ကောင်းတယ်။ စီစဉ်လိုက်လေ။ ကားက (၁၂)ယောက်ခန့်ချောင်ချောင် ချိချိလိုက်လို့ရတော့ ဒဂုံမြို့ဦးစေတီဂေါပ က အဖွဲ့မှ မိတ်ဆွေများအားလည်းခေါ် မည်ဟု ဥက္ကဌ ဦးညွှန့်တင်က အဆိုပြု၏။ အားလုံးသဘောတူကြ၏။

ကျွန်ုပ်၏  HIACE ယာဉ်အမှတ် ၈ဈ/၃၆၈၃ သည် (၁၈-၃-၂၀၁၂)နေ့၊ နံနက်(၅)နာရီ လသာလမ်းမှ စတင်ထွက် ခွာခဲ့၏။ ဒဂုံမြို့သစ်မြို့ဦးစေတီဂေါပက အဖွဲ့မှ မိတ်ဆွေများက မြောက်ဥက္ကလာ အ၀ိုင်းကြီးမှစောင့်၏။ ဂေါပကဦးနိုင်ဝင်း မှ အဆိုပြု၏။ ပဲခူးမြို့ထဲမှ ဖြတ်သွားရင် ကားရှုပ်တယ်။ စက်ဘီး၊ ဆိုင်ကယ်၊ သုံး ဘီးဆိုင်ကယ်လမ်း ပိတ်တယ်။ ဘုရားကြီး အထိမိုင်(၆၀)ရှိတယ်။ အမြန်လမ်းက သွားရင် ဘောနတ်ကြီးအထိ (၃၉)မိုင် အမြန်လမ်းမကနေ ဘုရားကြီး မန္တလေး လမ်းဆုံအထိ (၅)မိုင် (၃)ဖာလုံ (၁၅)မိုင် လောက်ခရီးတိုတယ်။ ဒါပေမဲ့ အမြန် လမ်း ဖြတ်သန်းခက ၃၀၀၀ိ/- ပေးရ မယ်။ ဦးနိုင်ဝင်းပြောသလို ရှုပ်ထွေး သော လမ်းမကြီးပေါ်တက်၏။ ရန်ကုန်- ဘောနတ်ကြီးလမ်းပိုင်း ငွေ ၃၀၀၀ိ/- ဖြတ်ပိုင်းဖြတ်၏။ မိနစ် (၄၀)ခန့်မောင်း တော့ (၃၉)မိုင် (၁)ဖာလုံ နီလာရိုးမ ဓာတ်ဆီဆိုင်၊ ကားကို ညာဘက်ချိုးဝင် ၏။ ဘောနတ်ကြီးဂိတ်တွင် ၃၀၀၀ိ/- ပေးခဲ့ရသည့်ဖြတ်ပိုင်းပြ၏။ အမြန်လမ်းမ ကြီးနှင့် ဘုရားကြီး လမ်းဆုံလမ်းပိုင်းသည် (၅)မိုင်(၃)ဖာလုံ ရှစ်မိနစ်ခန့် မောင်းရ၏။ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရောက်၏။ (၁၀)မိနစ်ခန့်မောင်းတော့ Toll Gate တွင် ရပ်၏။ ““သတ်မှတ်ထားသော ငွေကြေး အတိုင်း ပေးဆောင်လိုလျှင် အကြွေ ဆောင်လာပါ””ဟု အဓိပ္ပာယ်ပေါက်သော ဆိုင်းဘုတ်အကြီးကြီးတွေ့၏။ မိုင်နှုန်းနှင့် တွက်ချက်ထားသော နှုန်းထားဇယားကို ဆိုင်းဘုတ်အနီတွင် စာလုံးသေးသေးများ ဖြင့် ရေးထား၍ သဲသဲကွဲကွဲမမြင်ရ။ သမီးရေဘယ်လောက်လဲမေးတော့ ၁၉၀၀ိ/-ပါဟုပြော၏။ ၁၀၀၀ိ/-တန် (၂)ရွက်ထုတ်ပေးတော့ စနိုးတာဝါတစ်ခု ပြန်ပေး၏။ ပြေစာကြည့်တော့ ၁၈၂၃ိ/- (၆၇ိ/-)ပိုပေးခဲ့ရ၏။ ကားကို ဆက် မောင်းခဲ့၏။ ဝေါမြို့ကို ဖြတ်၏။ ဝေါမြို့ အထွက်တွင် ““ရတနာဦး””ဆိုင်ရှေ့တွင် ရပ် ၏။ ထမင်းကြော်၊ ထမင်းသုတ်၊ နန်းကြီး သုတ် ကြိုက်ရာမှာစားကြ၏။ လက်ဘက် ရည်သောက်ကြ၏။ အပေါ့အပါးသွား၏။ ကားဆက်ထွက်ခဲ့၏။ စစ်တောင်းတံတား အဟောင်း၊ အသစ်ဆုံရာ လမ်းဆုံတွင် တံတားအသစ်ဘက်မှ ကားကို မောင်း ၏။ တံတားသစ်ကြီးပေါ်မှ ဖြတ်မောင်း ၏။ ဗိုလ်မြတ်ထွန်းတံတားပေါ်မှ မြင်ရ သော ဧရာဝတီမြစ်၏ မြင်ကွင်းမျိုးတော့ မဟုတ်။ စစ်တောင်းမြစ်ထဲတွင် သောင်ခုံ များမတွေ့ရ။ အဝေးတွင် တံတား အဟောင်းကို မှုန်ပျပျလှမ်းမြင်ရ၏။ မုပ်္ပ လင်ကိုဖြတ်၏။ ကုန်းတက်ကုန်းဆင်းများ သော လမ်းပေါ်တွင် ကားသည် အရှိန် ဖြင့် ပြေးနေ၏။ မကြာမီ Toll Gate တစ် ခုသို့ရောက်၏။ ဘယ်လောက်လဲ သမီး ရေမေးတော့ ၁၃၀၀ိ/-ပါဟု ပြော၏။ ပြေစာမှာက ၁၂၀၆ိ/-(၉၄ိ/-) ပိုပေးခဲ့ ရ၏။ ကျိုက်ထိုမြို့ထဲ ရောက်လာ၏။ နှင်းဆီလမ်းထဲ ရောက်လာ၏။ မိတ်ဆွေ ရင်းကြီး ဦးစိုးလှကို ၀င်နှုတ်ဆက်၏။ ကျိုက်ထီးရိုးတောင်တက်ခရီးအကြောင်း စပ်စု၏။ တောင်ပေါ်ရင်ပြင်တော် အရောက် ခေါင်းခန်း ၃၀၀၀ိ/-၊ နောက် ခန်း ၂၅၀၀ိ/- ပဲ ပေးရတော့တယ်။ တောင်ပေါ်ရင်ပြင်တော်အရောက် အရင်ကလို ချောကား၊ ဈေးကားစောင့် စရာမလိုတော့ဘူး။ တိုက်ရိုက်ကားရှိ တယ်။ ကားကို ဂေါပကရုံးဝင်းထဲမှာထား ခဲ့၊ ကားဈေးနှုန်းလျော့တာနဲ့ ရင်ပြင်တော် အရောက် ကားအစီအမံကတော့ တပ် မတော်အကြီးအကဲရဲ့ လမ်းညွှန်မှုပဲ။ ကျိုက်ထီးရိုးအမြဲသွားနေသူတစ်ယောက် ဖြစ်သဖြင့် စိတ်ထဲမှ ကျေးဇူးတင်ပါ ကြောင်း ပြောနေမိ၏။ ဦးစိုးလှအား ကျေးဇူးတင်စကားပြောပြီး ကားဆက် ထွက်၏။ တောင်ခြေရောက်တော့ (၉း၃၀)နာရီ ဂေါပက ရုံးဝင်းထဲတွင် ဦးစိုး လှအမည်ပြော၍ ကားကိုအပ်ခဲ့၏။
တောင်ပေါ်တက်ကားဂိတ်ရောက် တော့ ရင်ပြင်တောပေါ်သို့ ရောက်သော ကားကို မေးမြန်း၏။ ရှေ့ခန်းတော့မရ နောက်ခန်းမှာ နေရာယူကြ၏။ တစ်တန်း ကို (၆)ယောက်ပြည့်အောင် ထိုင်ပါ။ စပယ်ယာက အော်နေ၏။ ၀သူပိန်သူ မည်သူမဆို (၆)ယောက်။ (ရန်ကုန်မှ ဟိုင်းလပ်ကားများကို သတိရ၏။တစ်ဖက်ကို (၇)ယောက် စပယ်ယာက အတင်းထိုင်ခိုင်း၏။) လူပြည့်တော့ ကား စထွက်၏။ (၁၀)မိနစ် စခန်းဟု ခေါ်သော နေရာတွင် ကားရပ်၏။ တောင်ပေါ်မှဆင်းလာသော ကားများကို စောင့်ဆိုင်းရန်ဖြစ်၏။ စပယ်ယာက ကားခကောက်၏။ အလှူခံများက လှူ မည့်သူများကို ဖြတ်ပိုင်းဖြတ်၏။ (၁၀)မိနစ်စခန်းဆိုသည့်အတိုင်း (၁၀) မိနစ်အကြာ တောင်ပေါ်မှ အဆင်းကား မရှိတော့  စောင့်ဆိုင်းနေသော ကားနှစ် ဆင်းတက်၏။ ကားက တောင်ပေါ်တက် တော့ ထိုင်နေသော သူများ အနောက်သို့ လျှောကျ၏။ အဆင်းနေရာရောက်တော့ ရှေ့ကို ငိုက်ကြ၏။ တင်ပါးအောက်က သစ်သားတန်းက တော်တော်သေး၏။ (တိုင်းကြည့်တော့ (၅)လက်မသာရှိ၏။)  သစ်သားတန်းနှင့် လွတ်သွားမှာဆိုး၍ ပြုတ်ကျမည်ဆိုး၍ ထိုင်လျက် ဟန်ချက် လိုက်ညှိနေရ၏။ အစွန်မှထိုင်သောသူက ဘေးဘောင်ကိုင်၍ရ၏။ အလယ်ထိုင် သောသူများအဖို့ ကိုင်စရာမရှိတော့ ရှေ့ နောက်ဘယ်ညာ ယိမ်းထိုးနေ၏။ ယခင် အခေါက်များက ခေါင်းခန်းမှ ထိုင်ရ၍ ယခုနောက်ခန်း၏ အတွေ့အကြုံမှာ ထူးခြား၏။ ရသေ့တောင်သို့ ရောက် သည်ဖြစ်၏။ ပြောင်းလဲမှုများ တွေ့ရ၏။ သွားနေကျလမ်းမဟုတ်တော့ ရသေ့ တောင်မှ အတက်လမ်းသည် ကျယ်ဝန်း ၏။ ချောက်ကမ်းပါးရှိသည့်နေရာများ တွင် ကွန်ကရစ်ကျောက်တိုင်များ အစီ အရီကာရံထား၏။ အန္တရာယ်ကင်းရန် စီမံထားခြင်းဖြစ်၏။ ဘုရားဖူးများအဖို့ လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရ၏။ ကား ရပ်လိုက်၏။ ရင်ပြင်တော် မုခ်ဦးထိ မရောက်။ ဟုမ်းနတ်ဘိုးဘိုးကြီးအနီး အလှူခံမဏ္ဍပ်တွင်ဖြစ်၏။ ရင်ပြင်တော် မုခ်ဦးထိ (၁၅)မိနစ်ခန့် လမ်းလျှောက်ရ ပေမည်။ နေကလည်း ပူလာ၏။ အသက် (၆၀)ကျော် မိမိအဖို့ (၁၅)မိနစ်ခန့် လျှောက်ရသည်ပင် အတော်မော၏။ ရင်ပြင်တော်မုခ်ဦးတွင် ခေတ္ထနား၏။ ရွှေ နန်းကျင်နန်းတွင် ခေတ္တနား၏။ နေ့လယ် တစ်နာရီတွင် ရွှေနန်းကျင်နန်းမှ ပြန်ဆုံ ကြရန် မှာကြား၏။
ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကြီး အား မျက်ဝါးထင်ထင် ဖူးတွေ့လိုက်ရ တော့ အမောပြေသွား၏။ နာရီကြည့်၏။ (၁၁း၃၀)နာရီ ရွှေသင်္ကန်းဝယ်၏။ ကျောက်လုံးတော်ကြီးရှေ့တွင်ထိုင်ကာ ဘုရားကန်တော့၏။ သစ်စေးသုတ်ထား သောနေရာများတွင် ရွှေသင်္ကန်းကပ်၏။ လေတဟူးဟူးတိုက်နေ၏။ ရွှေဆိုင်း လွှင့်မသွားစေရန် ဂရုစိုက်ရ၏။ ရွှေ သင်္ကန်းကပ်ပြီးတော့ အိတ်အတွင်းမှ ၁၀၈ လုံးပုတီးထုတ်၏။ သရဏဂုံ(၃)ပါး (၉)ပတ်၊ ဂုဏ်တော်ကိုးပါး (၉)ပတ် ပုတီး စိပ်၏။ ပုတီးစိပ်ပြီးတော့ ကျောက်လုံး တော်ကြီးနှင့် နဖူးထိ၍ လိုရာဆုတောင်း ၏။ နာရီကြည့်တော့ (၁၂း၁၅)နာရီ တောင်ပိုင်ဘိုးဘိုးကြီးအား ကန်တော့၏။ ထမင်းဆိုင်တန်းဘက်ဆင်းကာ ဘိုးဘိုးနီ အားကန်တော့၏။ အနီးမှ လက်ဘက် ရည်ဆိုင်တွင် လက်ဘက်ရည်တစ်ခွက် မှာသောက်ရင်း နား၏။ ကျန်အဖွဲ့ဝင်များ က ကျီးကန်းပါးစပ်သွား၏။ မုဆိုးတောင် သွား၏။ အကျဉ်းဦးစီးဓမ္မာရုံမှ ဦးကြည် အောင်အား ၀င်နှုတ်ဆက်၏။ ရေနွေး ကြမ်းသောက်ရင်း စကားပြောကြ၏။ (၁၂း၄၅)နာရီတွင် ရွှေနန်းကျင်နန်းမှ အပေါင်းအဖော်များကို စောင့်၏။ နေ့လည် (၁း၀၀)နာရီ မထိုးမီ လူစုံ၏။ ရင်ပြင်တော် မုခ်ဦးတွင် တောင်အောက် ဆင်းမည့် ကားနှစ်စင်းရပ်ထား၏။ တောင်အောင်ဆင်းမှာလားမေးတော့ ရသေ့တောင်ရောက်မယ်။ ရသေ့တောင် မှာတော့ ကားပြောင်းပေးမယ်ဟုပြော၏။ တောင်ခြေမရောက်ဘူးလားမေးတော့ နေ့လည် (၁၂း၀၀)နာရီကျော်လျှင် တောင်ခြေအထိ ကားမရှိတော့ ရသေ့ တောင်က တစ်ဆင့်စီးရမည်ဟု ပြော၏။ ကားပေါ်တက် လူပြည့်အောင်စောင့် လူပြည့်တော့ ကားထွက်၏။ အဆင်းမို့ နာရီဝက်ပင်မကြာ။ ရသေ့တောင်ရောက် ၏။ ရသေ့တောင်ရောက်တော့ ခရီးသည် တစ်ဝက်ခန့်ရှိနေသည်။ ကားပေါ်ပြောင်း ပေး၏။ လူပြည့်ရန် လေးယောက်လို၍ ၁၅ မိနစ်ခန့် စောင့်ရ၏။ နိုင်ငံခြားသား ခရီးသွား လေးဦးရောက်လာ၏။ ကား စထွက်၏။ အဆင်းမှာတော့ ၁၀ မိနစ် စခန်းတွင် မရပ်တော့ တောင်ခြေရောက် တော့ ညနေ (၃း၀၀)နာရီ ကားအပ်ထား ရာ ဂေါပကရုံးသို့သွား၍ ကျေးဇူးတင် စကားပြောပြီး ကျိုက်ထီးရိုးတောင်ခြေမှ ကားစထွက်၏။ အလာတုန်းကအတိုင်း Toll Gate တစ်ခုက ၁၃၀၀ိ/- တစ်ခုက ၁၉၀၀ိ/- ဘောနပ်ကြီးဂိတ်က ၃၀၀၀ိ/- ပေးခဲ့ရ၏။ မြောက်ဥက္ကလာအ၀ိုင်းမှာ ဂေါပကများ ဆင်း၏။ လသာရောက် တော့ ည(၇း၀၀)နာရီ။
ကျိုက်ထူးရိုးဘုရားဖူး (နေ့ချင်းပြန်) ခရီးအတွေ့အကြုံဖြစ်ပါ၏။ မိမိတို့ကဲ့သို့ ပင် နေ့ချင်းပြန်ဘုရားဖူး သွားလိုသူများ အား သိစေလိုသည့် ဆန္ဒဖြင့် ရေးပါ၏။
ဒီခရီး၏ ဘ၀င်မကျစရာ အချက်က ဘုရားကြီးအထွက် Toll Gate မှ ၁၉၀၀ိ/- ပေးဆောင်ရသည့် အဖြစ်အပျက်။ ပြေစာမှာ လမ်းအသုံးပြုခ ၁၁၂၃ိ/-၊ စစ်တောင်းတံတား (မုပ္ပလင်)အသုံးပြုခ ၃၀၀ိ/- ပဲခူးမြို့ဝင်ကြေး ၂၀၀ိ/- ဝေါ မြို့ဝင်ကြေး ၂၀၀ိ/- စုစုပေါင်း ၁၈၂၃ိ/- (၆၇ိ/-)ပိုပေးခဲ့ရ၏။ လိုလိုမလိုလို စနိုး တာဝါတစ်ခုအတွက် ၁၀၀ိ/- ပေးရ၏ ကျိုက်ထို-ဘုရားကြီး-ပဲခူးလမ်းပိုင်း ၇၄.၈၇၅ မိုင် လမ်းတံတားမြို့ဝင်ကြေး အသုံးပြုခဟု ဆို၏။ နေပြည်တော် အမြန်လမ်းမှ ဘုရားကြီးလမ်းသို့ ရောက် ၏။ ပဲခူးမ၀င်ရပါဘဲ ပဲခူးလမ်းအတွက်ပါ လမ်းအသုံးပြုခ ပေးရ၏။ နေပြည်တော် လမ်းမှ ၀င်လာသော ကားများကို ပဲခူး လမ်းပိုင်းသုံးခ ကင်းလွတ်ခွင့်ပြုသင့်၏။ ကားတစ်စီးလျှင် (၆၇ိ/-) ပိုယူနေ၍ လည်း ကားစီးရေ မြောက်မြားစွာ ဖြတ် သန်းသွားလာမှုအတွက် အဆိုပါ ကုမ္ပဏီ သည် အကျိုးများစွာ ဖြစ်ထွန်းသည်နှင့် အမျှ ပေးဆောင်ခဲ့ရသော ကားများ အတွက် မတရားဟု ခံစားလိုက်မိ၏။ ငယ်ငယ်တုန်းက အမေပြောသလို အေးဓားပြတိုက်တာဆိုသော စကားကို သတိရမိ၏။ ထို့အတူ ကျိုက်ထိုအ၀င် တွင် ပေးရသော သထုံ-ကျိုက်ထိုလမ်း ပိုင်း (၃၃.၇၅)မိုင် ပြေစာအရ ၁၂၀၆ိ/- မှာ ၁၃၀၀ိ/- ပေးရ၏။ (၉၄ိ/-) ပိုပေး ရပြန်၏။ သထုံအထိ ကောက်ထားသော် လည်း ကျိုက်ထီးရိုးဘုရားဝင်သည့်လမ်း သည် ကျိုက်ထိုမြို့မှပင် မထွက်သေး အထက်ပါကဲ့သို့ပင် ကုမ္ပဏီသည် ကား တစ်စီး (၉၄ိ/-)ပိုရသော်လည်း ပေး ဆောင်ခဲ့ရသူအတွက် မတရားဟု ခံစား ရ၏။ သတ်မှတ်ငွေကြေးအတိုင်း ပေးလို လျှင် အကြွေဆောင်လာပါဆိုသည်မှ တစ်မျိုးကြီးတော့ တစ်မျိုးကြီးပါပဲ။ မည် သို့ပင်ဖြစ်စေ သက်ဆိုင်ရာ ၀န်ကြီးဌာန သည် စိစစ်၍ ကုမ္ပဏီသို့ လမ်းညွှန်သင့် သည်မှာ အမှန်ပင်ဖြစ်ပါ၏။
ကျိုက်ထီးရိုးဘုရားတောင်တက် မော်တော်ယာဉ်အသင်းသည် ဘုရားဖူး များ အဆင်ပြေချောမွေ့စေရန် ယခင်က ထက် ထူးခြားစွာ ဈေးနှုန်းမှအစ ဆောင် ရွက်ထားမှုအပေါ် ကျေးဇူးတင်ရပါသော် လည်း မော်တော်ကားပေါ်မှ ဘုရားဖူး များ ထိုင်ရသော သစ်သားတန်း၏ အကျယ်မှာ (၅)လက်မခန့်သာရှိ၍ ဘုရားဖူးများ ကသိကအောက် များစွာ ဖြစ်ရသည်ကို ကိုယ်ချင်းစာ၍ သစ်သား တန်းအကျယ် (၆)လက်မ၊ (၇)လက်မ ထားပေးလျှင် မကောင်းဘူးလား။ ကျိုက် ထီးရိုးဂေါပက၊ တောင်တက်မော်တော် ယာဉ်အသင်းနှင့် သက်ဆိုင်ရာ ဌာန အသီးသီးမှ ဆောင်ရွက်ပေးရန် အကြံပေးပါ၏။
ယခုဆောင်းပါးကို ခြုံ၍တင်ပြရ လျှင် စာဖတ်သူအား ကျိုက်ထီးရိုးနေ့ချင်း ပြန်ခရီးအတွက် သိစေချင်၏။ (သွားချင် လျှင်သွားလို့ရအောင်) လမ်းတံတားကြေး များ သက်ညှာစွာ ပြင်ဆင်သင့်၏။ တောင်တက်မော်တော်ယာဉ်များပေါ်မှ ခုံတန်းများ လက်မအနည်းငယ် ပိုချဲ့ပေး မည်ဆိုလျှင် အားလုံးအတွက် ကောင်းပါ မည်။ စာရေးသူ၏ ဆန်္ဒဖြစ်ပါ၏။

အောင်ကျော်မြင့်မိုရ် (စိန်ဂျွန်း)
Hot News Journals

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis