menu

Wednesday 4 April 2012

အမေရိကန်ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး၊ စင်ကာပူဒေါ်လာနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating)ဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်း စတင်ဆောင်ရွက်နေပြီဖြစ်




သိမ်ဖြူငွေလွှဲကောင်တာတွင် ဧပြီလရက်နေ့၊ နှုန်းရှင်စနစ်ဖြင့် ငွေလွှဲကောင်တာ စတင်ဖွင့်လှစ်သည့်ဈေးနှုန်းများ
မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်းများကို နှုန်းထားတစ်မျိုးတည်း ပေါင်းစည်းသည့် ငွေလဲနှုန်း ပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန် ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး၊ စင်ကာပူ ဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေး ကွက် ပေါက်ဈေးအတိုင်း ဧပြီလရက်နေ့မှ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
''ငွေလဲနှုန်းကို ဒီနေ့ကစပြီး နှုန်းရှင်စနစ်နဲ့ လဲပေးဖို့ ဗဟိုဘဏ်ကနေ စတင်ဆောင်ရွက်ပါတယ်။ ဒါကြောင့် ဒေါ်လာဈေးနဲ့ FEC  ဈေးကိုတော့ midrate နဲ့ ဗဟိုဘဏ်က တစ်နေ့ချင်း ချပေးသွားမှာပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ money exchange counter မှာ ငွေလဲပေးတဲ့အခါ + ၀ ဒသမရာခိုင်နှုန်း၊ - ၀ ဒသမရာခိုင်နှုန်းနဲ့ သွားမှာပါ။ ဒီနေ့ စဖွင့်ဖွင့်ချင်းမှာ အမေရိကန်ဒေါ်လာရော၊ FEC ရော ၀ယ်ဈေးက ကျပ်၁၁ နဲ့ ရောင်းဈေးက ကျပ်၅ ပါ။ midrate ကို ဗဟို ဘဏ်ကပဲ ဆုံးဖြတ်ပေးပါတယ်။ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးကိုတော့ လက်ရှိပေါက်နေတဲ့ ဒေါ်လာဈေးနဲ့ အချိုးချပြီး Cross rate နဲ့ တွက်ပါတယ်။ ဈေးနှုန်းကတော့ Float လုပ်ထားတဲ့အတွက် တစ်ရက်နဲ့တစ်ရက် မတူနိုင်ပါဘူး။ ဒီနေ့ ဗဟိုဘဏ်က ချပေးတဲ့နှုန်းက ကျပ်ဆိုပေမယ့် နောက်နေ့ ကျပ်ဝ လည်း ဖြစ်နိုင်တယ်။ ကျပ်၁၀ လည်း ဖြစ်နိုင်တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က + ၀ ဒသမရာခိုင်နှုန်း၊ - ၀ ဒသမရာခိုင်နှုန်းနဲ့ သွားမှာပါ''ဟု CB ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ငွေကြေးအား နှုန်းရှင်အဖြစ် စတင်သတ်မှတ်ခြင်းကို ငွေလဲနှုန်းပေါင်းစည်းရေး အစီအစဉ်အောက်တွင် ပြုလုပ်ခြင်းဖြစ်သော်လည်း FEC မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။


''ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းတော့မယ်ဆိုရင် တကယ်တမ်း မှာ FEC မလိုတော့ဘူး။ ဒေါ်လာနဲ့ FEC ဈေးက အတူတူဖြစ်နေပြီ။ ပြီးတော့ ပေါက်ဈေးကလည်း အပြင်ဈေးနဲ့ အားလုံး အတူတူဖြစ်နေပြီ။ အရင်လို ခြောက်ကျပ်နဲ့ တွက်နေ တာလည်း မဟုတ်တော့ဘူး။ FEC က တကယ်တမ်း မရှိသင့်တော့ဘူး။ ဒါကြီးကို ဆက်ထားရင် နောက်ပိုင်း အမျိုးမျိုး ဖြစ်လာနိုင်သေးတယ်။ ဥပမာ တရုတ်တို့၊ ပါကစ္စတန်တို့လည်း FEC သုံးခဲ့တယ်ဆိုပေမယ့် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ သုံးတာ။ နောက်ပိုင်း ပယ်ဖျက်လိုက်တယ်''ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
မကြာသေးခင် အချိန်အထိ မြန်မာနိုင်ငံတွင် ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေပြီး ပြင်ပဈေးကွက်ငွေလဲနှုန်း အစိုးရဈေးနှုန်း၊ နိုင်ငံခြားဘဏ် ဆောင်ရွက်ခွင့်ရသောဘဏ်များ၏ ငွေလဲနှုန်း၊ ဟွန်ဒီဈေးနှုန်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပြည်ပပို့ကုန်မှ ရငွေ (earning)ဈေးနှုန်းစသဖြင့် ငွေလဲနှုန်း အမျိုးမျိုး ဖြစ်ပေါ်နေသည့်အနေ အထားမှ ဧပြီလရက်နေ့မှစတင် ကာဒေါ်လာဈေးနှင့် FEC ဈေးနှုန်းအား အတူတူသတ်မှတ်ကာ နှုန်းရှင်စနစ်ဖြင့် လဲပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

''ဟွန်ဒီကိုတော့ လောလောဆယ်မှာ ဘဏ်နဲ့ချိတ်ပြီး လဲပေးနေတယ်ဆိုတော့ ဒေါ်လာဈေးနဲ့ အတူတူ လောက်ပဲ။ တစ်ခုပဲရှိတာ။ သူတို့ဘက်တွေက အပြင်ကဈေးကွက် လိုအပ်ချက်အတိုင်း မီအောင်လုပ်ပေးနိုင်၊ မပေးနိုင်ရှိတယ်။ အခုသိရသလောက် earning ရော ဟွန်ဒီရော တစ်သိန်းအထိ လဲပေးတယ်ပြောတယ်။ အပြင် ဈေးကွက်က လိုအပ်တဲ့ အတိုင်းလဲ ပေးနိုင်ရင်တော့ ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းတဲ့ကိစ္စ တော်တော်အဆင်ပြေမှာပါ''ဟု ပြည်ပပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ကျပ်ဒသမ ၅၀၄၇ ဖြင့် ချိတ်ဆက် သတ်မှတ်ခဲ့သည့်စနစ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် (Managed Floating Exchange Rate Regime) သို့ စတင်ပြောင်းလဲသည့်အနေဖြင့်၀၁ခုနှစ်  ဧပြီလရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပထမအကြိမ် နိုင်ငံခြားငွေများ ဈေးပြိုင်စနစ်ဖြင့် ၀ယ်ယူခြင်း Foreign Exchange Auction အား  ပြုလုပ်၍ စနစ်သစ်အတွက် ပထမဆုံး Reference Rate ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ Auction ၏ Cut off Rate အား နေ့စဉ် ဗဟိုဘဏ်၏ Reference Rate အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း လောလောဆယ်တွင် Reference Rate အတိုင်း သိမ်ဖြူကောင်တာမှ Mid Rate ကို သတ်မှတ်၍ M.C လိုင်စင်နှင့် A.D လိုင်စင်အရ ပုဂ္ဂလိကဘဏ်များသည် ယင်းနှုန်းကိုအခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ်ျွန်နမနညခနျွအေန ၏ + ၀ ဒသမရာခိုင်နှုန်း နှင့် - ၀ ဒသမရာခိုင်နှုန်းဘောင် အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis