menu

Tuesday 20 March 2012

ရွှေလှံဗိုလ်ကောလင်းမြို့စား ရွှေမြို့တော်ဝန် မင်းကြီးမဟာ မင်းခေါင်နော်ရထာ ဦးချက် ၏ ဂူပြဿဒ်အား ရှာဖွေတွေ့ရှိ

မင်းတုန်းမင်း  တရားကြီးလက်ထက် ကရှိခဲ့သည့်  မြို့တော်ဝန်လေးဦးအနက်မှ   ရွှေလှံဗိုလ်  ကောလင်းမြို့စားရွှေမြို့တော်ဝန်   မင်းကြီး မဟာမင်းခေါင်နော်ရထာ  ဦးချက်  ၏ဂူပြဿဒ်အား  ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂူပြဿဒ် သည်  မင်းတုန်းမင်း တရားကြီး  လက်ထက်က  ရှိခဲ့ပြီးတိမ်မြှပ်ပျောက် ကွယ်နေရာမှမန္တလေးမြို့ခံပြည်သူများက  ပြန်လည်ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်အား စတင်တွေ့ရှိပုံ''

အဲဒီဂူပြဿဒ်ရဲ့  ဘေးပတ်လည်မှာ      ဆွေတော်မျိုးတော်တွေ  ရဲ့ဂူလေးလုံးရှိခဲ့တယ် ။  အခုတွေ့တာကတော့  နောက်ဆုံး ဂူတစ်လုံးပါပဲ။ တော်တော်လေးလည်း  ယိုယွင်းနေတာ   တွေ့ရတယ်။   လွန်ခဲ့တဲ့ နှစ်၂၀  ကျော်လောက်က မြို့တော်ဝန်ရဲ့  ဆွေတော်  မျိုးတော်တွေ  နောက်ဆုံး လာရောက်ပြုပြင်    သွားခဲ့ကြတယ်လို့ အိမ်နီးနားချင်းတစ်ဦး   ကပြောတယ်။  ကျွန်တော်တို့သွားကြည့်တဲ့  နေ့က ရှေးဟောင်း သုတေသနဌာန ကလည်း  လာကြည့်သွားတယ် လို့ပြောတယ်။ အခု  လောလော ဆယ်တော့  ရပ်ကွက်ကပဲစုပြီး   အဲဒီနေရာတဝိုက်ကို   ခြံခတ်ထား တယ် ''ဟု  မန္တလေး  ဒေသခံတစ်ဦး  ဖြစ်သူ ကိုသူရိန် က  ပြောသည်။
ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်

ယင်းဂူပြဿဒ်သည် ၈၆*၈ရလမ်း၊ ၁၇*၁၈ လမ်းကြား  အကွက်အမှတ်၁၅၊ အောင်မြေသာဇံရပ်ကွက်၊   အောင်မြေသာဇံမြို့နယ်၊ ရွှေလှံဘုန်းကြီး  ကျောင်းနားတွင်  တည်ရှိကြောင်းသိရသည်။ '

ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်ရွှေလှံဘုန်းကြီး  ကျောင်းအနောက် မြောက်ထောင့် မှာ ရှိတဲ့ အကွက်နေရာဖြစ်  ပါတယ်။

 နောက်ပိုင်းမှာ  လူနေအိမ်တွေထူ  ထပ်လာတော့ အဲဒီနေရာက တဖြည်းဖြည်း  နဲ့လျော့နည်း လာလိုက်တာအခုဆိုရင်ပေ   ၂ဝ ပတ်လည်နီးပါး  လောက်ပဲ ရှိတော့ တယ်။ အရင်ကတည်း ကသူရဲ့ ဘေးပတ်လည်မှာ  လူနေအိမ်တွေရှိတယ်လို့  ရပ်ကွက်အုပ်ချုပ်  ရေးမှူးကပြောတယ်။  နောက်ပြီးသူ့ရဲ့အရှေ့  မှာလမ်းကြားလေးရှိတယ်''ဟု ကိုသူရိန် က   ဆက်လက်ပြောပြခဲ့သည်။

ရန်ကုန်တိုင်းမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis