menu

Tuesday 20 March 2012

ထိုင်းနိုင်ငံမှ ဖျော်ဖြေရေးကုမ္ပဏီနှင့် Forever Group တို့ ပူးပေါင်း၍ မြန်မာရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးရန် စီစဉ်




ထိုင်းနိုင်ငံရှိ BEC Tero Entertainment နှင့် Forever Group တို့ပူးပေါင်း၍ အပိုင်းသုံး ဆယ်ခန့်ရှိ မြန်မာရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးရန် စီစဉ်လျက်ရှိပြီး သင်္ကြန်ကာလအပြီးတွင် စတင်ရိုက်ကူးရန် စီစဉ်ထားပြီး ဇာတ်လမ်းတွဲ၌ ပါဝင်မည့် သရုပ်ဆောင်များကို ဇာတ်ကောင်စရိုက်နှင့် လိုက်ဖက်သူများ အား ရွေးချယ်ခေါ်ယူသွားမည်ဟု သိရှိရသည်။
“ရုပ်သံဇာတ်လမ်းတွဲ ဆိုတာက မြန်မာပရိသတ်တွေ ကြားထဲမှာ လက်ခံပြီးသား အနုပညာတစ်ခုပါ။ လက်ခံကြတယ်ဆိုတဲ့ ပုံစံကို ပြန်ကြည့်မယ်ဆိုလည်း မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ ရှိပြီးသား ချစ်ခြင်းမေတ္တာ ကို ပုံဖော်တဲ့အနုပညာကို လက်ခံကြတာ။ မြန်မာရုပ်သံဇာတ်လမ်းတွဲ အနေနဲ့ ကြိုးစားရမယ့်အပိုင်း သတိထားရမယ့် အပိုင်းဆိုရင် ဇာတ်လမ်း ရဲ့အပိုင်းတွေကို tempo မြင့်အောင် ဖြတ်တတ်ဖို့ပါပဲ။ နောက်ထပ် ကြိုးစားရမယ့်အပိုင်းကတော့ နည်းပညာပိုင်း၊ စက်မှုပိုင်းတွေမှာ ပြင်ဆင်ဖို့ပါပဲ။ ဒါကြောင့် အခုထိုင်းကုမ္ပဏီ နဲ့ ပူးပေါင်း ရိုက်ကူးခွင့်ရတဲ့အခါ သူတို့ဆီက နည်းပညာပိုင်း အကူအညီတွေရမယ်။ ကျွန်တော်တို့ဘက် ကတော့ အနုပညာပိုင်းကို ဦးစားပေး လုပ်ရမှာပါ”ဟု အဆိုပါ ရုပ်သံဇာတ်လမ်း တွဲတွင် ပါဝင်ရိုက် ကူးမည့် ဒါရိုက်တာမောင်သီက ရှင်းပြခဲ့သည်။

အဆိုပါ ထိုင်း-မြန်မာပူးပေါင်း ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲ၏ BEC Tero Entertainment မှ ရေးသားထားခြင်းဖြစ်ပြီး Bangkok Dangerous ဇာတ်ကား ၏ ဇာတ်လမ်းကို ၎င်းမှရေးသားထား ခြင်းဖြစ်သည်ဟု သိရသည်။ ရုပ်သံဇာတ်လမ်းတွဲ ဇာတ်ညွှန်းပိုင်းကို ဦးချစ်ဦးညို၊ ဒါရိုက်တာမောင်သီ တို့က ရေးသားပြင်ဆင်လျက် ရှိသည်ဟု သိရှိရသည်။ ပါဝင်မည့် သရုပ်ဆောင်များကိုမူ ဇာတ်ကောင် စရိုက်များပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသူများအားလည်း စာချုပ်ချုပ်ဆိုမှုများပြု လုပ်သွားမည်ဟု သိရှိရသည်။ မြန်မာ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမှုတွင် Director of Photography ၊ Sound System ၊ Editing ၊ Lighting အပါအ၀င် စက်မှုပိုင်းဆိုင်ရာများတွင် ပါဝင်ကူညီပေးသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis