menu

Saturday 18 February 2012

နာဂစ်သည် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့(အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံမေးမြန်းခြင်း)

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် မြန်မာ နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၀ နှင် ၂၁ ရက် အတွင်း အလည်အပတ် လာရောက်ရန်ရှိရာ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ရော်ဂျာ မစ်တန်က ဒေါက်တာဆူရင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံ မေးမြန်းခဲသည်။ အသက် ၆၂ နှစ်ရှိ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖြစ်ပြီး ယခုနှစ်တွင် သူ၏အာဆီယံအတွင်းရေးမှူးချုပ် သက်တမ်း ကုန်ဆုံးတောမည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်ဆင်း ဒေါက်တာ ဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူဖြစ်သည်။


အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်
ဟားဗတ် တက္ကသိုလ်ဆင်း ဒေါက်တာဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူ ဖြစ်ရာ သူ့အရင် အာဆီယံအတွင်းရေးမှူးချုပ်များထက် ထင်ရှားသည်။
ထက်မြတ် သူတစ်ဦးဖြစ်သည်အလျောက် မိမိအယူအဆကို ထုတ်ဖော် ပြောဆိုရန် မည်သည်အခါမျှ တွန့်ဆုတ်သူမဟုတ် သဖြင် တစ်ခါတစ်ရံ ဒေသတွင်းမှ ခေါင်းဆောင်တချို့၏ ငြိုငြင်မှုကို ခံရတတ်သူဖြစ်သည်။
သူ၏ အကြီးမားဆုံးစွမ်းဆောင် အောင်မြင်မှုတစ်ခုမှာ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း 'နာဂစ်' တိုက်ခတ်ခံရစဉ်က ဒေသတွင်းနှင် တစ်ကမ္ဘာလုံးကို ယခင်ကရှိခဲသည် ယုံကြည်ချက်များကို ဘေးဖယ်ထား၍ မြန်မာကို အကူအညီပေးကြရန် စည်းရုံးနိုင်ခဲခြင်းပင် ဖြစ်တန်ရာသည်။
ထိုအချိန်တွင် ဒေါက်တာဆူရင်က "လူ လေးသန်းလောက် ထိခိုက်
ခဲရပြီး ၁၄၀,၀၀၀ လောက် သေဆုံးခဲကြရတယ်။ ဒါဟာကျွန်တော်တို့ အားလုံးအတွက် ကြီးမားတဲလူသားချင်းစာနာမှု တာဝန်ကြီးတစ်ခု ဖြစ်တယ်"ဟု ပြောကြားခဲသည်။
ဒေါက်တာဆူရင်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးနှင် အခြားထိပ်တန်းပုဂ္ဂိုလ်များနှင် တွေ့ဆုံမည်။
ထို့နောက် ရန်ကုန်နှင် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားမည်။ ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်လည်း တွေ့ဆုံမည်ဟု မျှော်လင် ရသည်။

* ခင်ဗျား မြန်မာပြည်ကို ဘာကြောင် သွားမှာလဲ။

ကျွန်တောကို မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ဖိတ်ထားတယ်။ မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ် လာတောမှာမို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရာမှာ ကျွန်တော်တို့ အကူအညီ ပေးနိုင်တာတွေ ပေးရအောင်လို့ပါ။ အဖွဲ့ဝင် နိုင်ငံအားလုံးကို ဒီလိုအကူ အညီပေးမြဲပါ။ ဒါပေမယ် မြန်မာအတွက်တောအထူးစပယ်ရှယ်ပေါ။ နောက်နှစ်နှစ်ကြာရင် ဥက္ကဋ္ဌအဖြစ် တရားဝင် လွှဲတောမှာမို့ပါ။ ဒီဆုံးဖြတ် ချက်ချပြီးတဲနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ အလွန် နက်ရှိုင်းပြီး အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ကျွန်တော်မျက်မြင် ကိုယ်တွေ့ကြည်ချင်ကြားချင်ပါတယ်။

* ၁၉၉၇ တုန်းက မြန်မာကို အာဆီယံ ထဲဝင်ခွင်ပြုဖို့ ဆုံးဖြတ်ခဲတာ အခု လုပ်နေတဲပြုပြင်ပြောင်းလဲရေးတွေကြောင် သံသယ ရှင်းသွားသလား။

မြန်မာနိုင်ငံဟာ သူ့ရဲ့လမ်းပြမြေပုံ အတိုင်း တစ်သမတ်တည်းရှိခဲပါတယ်။ အာဆီယံဝင်ခွင်ရသွားတောဒါကို အကောင်အထည်ဖော်ဖို့ သူတို့ယုံကြည်မှု ပိုရှိသွားတာပါ။ အခုသူတို့ တံခါးဖွင်ဖို့ ပြင်ဆင်နေကြပြီ။ အာဆီယံမူဘောင်ထဲကနေပြီး ဒေသနဲ့ ပြန်လည်ဆက် သွယ်ဖို့ လုပ်နေကြပါတယ်။ တစ်ခါတလေ သူတို့ကို နှုန်းမြှင်တင်ဖို့ ကျွန်တော်တို့ အားပေးကြတယ်။ တစ်ခါတလေ ပြင်ပကမ္ဘာက စိတ်မသက်မသာ ဖြစ်ကြရတာတွေကို သူတို့ကို ပြန် ဖောက်သည်ချရတယ်။ တစ်ခါတလေ ကျတောလည်း မြန်မာပြည်မှာ ဖြစ်ပျက် နေတာတွေကို ကမ္ဘာကို ရှင်းပြဖို့ ကျွန်တော်တို့ ကြိုးစားကြရပါတယ်။

* နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေက ဒီဖြစ်စဉ်အပေါ်ဘယ်လို သက်ရောက်မှုရှိခဲပါသလဲ။

နာဂစ် ဆိုက်ကလုန်းမုန်တိုင်းဟာ အလှည်အပြောင်းပါပဲ။ ၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲတာပါ။ အဲဒီနှစ်မှာပဲ ကျွန်တော်ဟာ အာဆီယံအတွင်း ရေးမှူးဖြစ်ခဲတာမို့ ကျွန်တောကို 'နာဂစ်'က အသင်းဝင်အဖြစ် ရေဖျန်းမင်္ဂလာပြုပေးခဲတာလို့ ကျွန်တော် ပြောပြောနေခဲတာပါ။ ဒီ အဖြစ်ဆိုးကြီးကို မြန်မာခေါင်းဆောင်များနဲ့အတူ ကျွန်တော်တို့ကိုင်တွယ် လုပ်ကိုင်ကြရင်း မြန်မာနိုင်ငံကို တံခါးဖွင်ပြီး တစ်ကမ္ဘာလုံး က အကူအညီတွေ စုလာအောင် ကြံဆောင်ခဲရပါတယ်။ ခင်ဗျား မှတ်မိချင် မှတ်မိမှာပါ။ နာဂစ် အကူအညီပေးဖို့ ရန်ကုန်မှာ လုပ်တဲကွန်ဖရင်မှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန်သဘောထားတဲနိုင်ငံတွေက အထက်တန်းအရာရှိတွေတောင် တက်ရောက်ခဲကြ ပါတယ်။ ဒီမှာတင် မြန်မာအစိုးရဟာ ကမ္ဘာက သူတို့ကို လုံးဝ ရန်လိုမုန်းတီးကြတာ မဟုတ်ဘူး။ ခြွင်းချက်တွေထားဖို့ စိတ်ဆန္ဒတွေ ရှိကြသေးတယ်ဆိုတာ သူတို့ မြင်တွေ့သွားကြပါတယ်။

* အာဆီယံရဲ့ ပါဝင်ဆောင်ရွက်မှုတွေက ဘာတွေပါလဲ။

ပထမမြန်မာအစိုးရအား နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို တံခါးဖွင်ပေးဖို့ နားချရတယ်။ ဒုတိယအနေနဲ့ နိုင်ငံတကာက လှိမ်ဝင်လာတဲအကူအညီတွေကို ကြီးကြပ်စီမံရာမှာ ကူညီရတယ်။ 'နာဂစ်'အပေါ် တုံ့ပြန်လုပ် ဆောင်မှုတွေဟာ ယနေ့မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲလူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အစလို့ဆိုနိုင်ပါတယ်။ ဒါအရင်က မြန်မာနိုင်ငံဟာ အထီးကျန်နေခဲပြီး ပြင်ပကမ္ဘာနဲ့ သိပ် အနေမကျခဲလှပါဘူး။ ကျွန်တော်တို့ ၀င်သွားပြီးတဲနောက်မှာ ကျွန်တော်တို့နဲ့ ဆက်ဆံလို့ရတယ်ဆိုတာကို မြန်မာတွေ သဘောပေါက်သွားတယ်။ သူတို့ နေသာထိုင်သာရှိမယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ကမ္ဘာက ၀င်လာပြီး သူတို့အပေါ်မှာ စီးပိုးမှာ မဟုတ်ဘူးဆိုတာတွေကို သဘောပေါက်သွားတယ်။ ဒါကြောင် ဒါဟာ အလှည်အပြောင်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ တံခါးဖွင်ရေးနဲ့ အမျိုးသားပြန်လည်သင်မြတ်ရေးအတွက် သူတို့ကိုယ်ပိုင်လမ်းပြ မြေပုံကို အားဖြည်ပေးလိုက်သလိုဖြစ်ခဲပါတယ်။

* မြန်မာက ဘာကြောင်ဒီပြုပြင် ပြောင်းလဲရေး စလုပ်တာလဲ။

ပွင်လင်းဖို့၊ ပွင်ပွင်လင်းလင်းနေဖို့ ဆန္ဒတွေကို မြန်မာတွေမျိုသိပ်ထားခဲရတဲသဘောပါ။ ပွင်လင်းလိုက်လို့ ရလာနိုင်တဲအကျိုးရလဒ် တွေကို မြန်မာခေါင်းဆောင်တွေ တွက်မိလိမ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြည်တွင်း တည်ငြိမ်မှုကို သူတို့ စိတ်ချထားနိုင်ပြီလို့ ခုသူတို့ ယုံကြည်ထားတယ်။ ဒီတော နောက်ထပ် နှောင်နှေးနေရင် ဒေသတွင်း တိုးတက်မှုတွေရဲ့ အကျိုးရလဒ်တွေကို မခံစားရရုံပဲ ရှိမှာပဲ။ ဘာကြောင် နောက်ချန်နေခဲရမှာလဲ၊ မှန်ပါတယ်။ အတူလုပ်ဆောင်ဖို့ အချိန်အတော်ယူခဲရပါတယ်။ ဒီလောက်အကြာကြီး အထီးကျန်နေခဲရပြီးတောမှ ချက်ချင်းထပြီး "ကောင်းပြီဟေ၊ ငါတို့ တံခါးဖွင်ဖို့ အဆင်သင်ပဲ"လို့ ရုတ်တရက်ပြောဖို့ မလွယ်ပါဘူး။ ဒါပေမယ် အာဆီယံက ဒီဖြစ်စဉ်အရှိန်ရအောင် ကူညီခဲတယ်။ ဒီလမ်းအတိုင်း ဆက်လျှောက်ရင် သူတို့ အကျိုးပဲဆိုတာကို သေချာ အာမခံပေးတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အာဆီယံဟာ သူတို့အားထားနိုင်တဲအကြောင်းရင်းတစ်ခုပဲ။ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာနိုင်ပြီလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲတာလည်း ဒီအတိုင်းပါပဲ။

* နောက်ကြောင်းပြန်မလှည်နိုင်ဘူးလား။

ကျွန်တော်တို့အနေနဲ့ သူတို့နောက်ကြောင်း ပြန်မလှည်ဖို့ သေချာစေချင်တာ အထူးပြောဖို့တောင် မလိုပါဘူး။ "အာဆီယံဆိုတဲဝေါဟာရဟာ 'နောက်ကြောင်းပြန်မလှည်ခြင်း'ပါ။ အရှိန်အဟုန်ကောင်းနေတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ သူတို့ဟာ မှန်ကန် တဲလားရာအတိုင်း ရွေ့လျားနေတယ်။ အလွန်လျင်မြန်စွာ ရွေ့လျားနေတယ်။ စေတနာကောင်း ရေတံခါးတွေ ပွင်သွားခဲပြီ။ ဒါပေမယ် နောက်ကြောင်းပြန် မလှည်တောဘူးလို့တောကံသေကံမ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ဒါကြောင်လည်း မြန်မာကို မှန်ကန်တဲလမ်းကြောင်းအတိုင်း ရွေ့လျားရာမှာ ကျွန်တော်တို့ဟာ သူတို့ကို ထောက်ခံ ကူညီပါမယ်လို့ ပြောနေတာပါ။ ဒါကို ကမ္ဘာကိုလည်း ကျွန်တော်တို့ ရှင်းပြမယ်၊ တစ်ချိန်တည်းမှာ ကမ္ဘာက ဘာတွေ မျှော်လင်နေတယ် ဆိုတာကိုလည်း မြန်မာကို ရှင်းပြမယ်။

* မြန်မာနိုင်ငံမှာ နောက်ထပ် ဘာတွေ မြင်ချင်ပါသေးသလဲ။

အပြောင်းအလဲလက္ခဏာတွေကို ထိပ်ဆုံးကနေပြီး အစိုးရဌာနအဆင်ဆင် အထိ သက်ရောက်သွားတာကို တွေ့ချင်မြင်ချင်တယ်။ ဒါကို အားဖြည်ပေးဖို့ ဖွံ့ဖြိုးလာဖို့ လိုအပ်တယ်။ ဒါကိုလည်း ထင်သာမြင်သာရှိဖို့ လိုအပ်တယ်။ သူတို့ အပေါ်မှာ ကမ္ဘာနဲ့ အာဆီယံက ယုံကြည်မှု ဘယ်လောက်ရှိတယ်၊ သူတို့အပေါ် ဘယ်လိုအားဖြည်မှုတွေ ပေးနိုင်တယ် ဆိုတဲအပေါ်မှာ မူတည်ပြီး အပြောင်း အလဲဖြစ် ပေါ်မှု အနှေးအမြန်ရှိလိမ်မယ်။

* 'အာရပ်နွေဦး'မှာလို 'မြန်မာနွေဦး' က တခြားအာဆီယံနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဒါဟာ အာဆီယံရဲ့ အကျပ်အတည်းပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား အုပ်ချုပ်ရေးဖွဲ့စည်းပုံတွေဟာ အမျိုးမျိုး ကွဲပြားကြ တယ်။ တချို့နိုင်ငံတွေမှာ တစ်ပါတီစနစ်ရှိနေတုန်းပါပဲ။ ဒါပေမယ် မြန်မာနိုင်ငံမှာလို ကာလရှည်ကြာတဲ စစ်အာဏာရှင် အုပ်ချုပ်ရေး မျိုးတော မရှိကြဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲအပြောင်းအလဲများကို ကမ္ဘာက မည်မျှစိတ်လှုပ်ရှားစွာ စောင်ကြည်နေ ကြတယ် ဆိုတာကို တစ်ပါတီအုပ်ချုပ်တဲနိုင်ငံတွေက တစ်ချိန်ချိန်မှာ သတိပြုမိလာပြီး သူတို့လည်း မြန်မာနိုင်ငံမှာလို အပြောင်းအလဲတွေလုပ်ဖို့ စဉ်းစားလာနိုင်ပါတယ်။ အတက်အကျရှိပါတယ်။ တစ်ခါတလေ သိပ်မြန်တယ်။ တစ်ခါတလေ စိတ်လှုပ်ရှား တုံ့ပြန်မှုမရှိပါဘူး။ ခြုံကြည် လိုက်ရင်တောဦးတည်လားရာက ပိုမိုပွင်လင်းပြီး အားလုံးပါဝင်တဲအုပ်ချုပ်ရေးဆီကို ဦးတည်နေပါတယ်။ မှန်ပါတယ်။ နိုင်ငံအတွင်း မှာရှိတဲခေါင်းဆောင်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေမှာ ခြားနားမှုရှိပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာက အပြောင်းအလဲ အတွက် ပေါင်းရုံးစုစည်းရာ ဗဟိုချက်ဖြစ်တဲမဒမ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးမရှိကြပါဘူး။

* ဒီခရီးစဉ်မှာ ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မှာလား။

ကျွန်တောခရီးစဉ် နောက်ဆုံးနေ့မှာ သူနဲ့တွေ့ဖို့ မျှော်လင်ပါတယ်။ ကျွန်တော် သူနဲ့ မတွေ့ဖူးသေးဘူး။ သူ့ရဲ့ စိတ်ထဲ ဘာတွေရှိ နေတယ်၊ အာဆီယံက သူ ဘာတွေမျှော်လင်တယ်ဆိုတာတွေကို ကျွန်တော် ကြားချင်တယ်။ အတိတ်မှာတုန်းကတောကျွန်တော်တို့ ဟာ အစိုးရနဲ့ပဲ ဆက်ဆံခဲကြရတယ်။ အတိုက်အခံနဲ့ မတွေ့ကြရဘူး။ အာဆီယံရဲ့ အစဉ်အလာက ဒီလိုရှိတယ်။ ဒီတောအဖွဲ့ဝင် နိုင်ငံအချို့ဆီက တုံ့ပြန်လာမှုတွေကို ဂရုထားခဲကြရတယ်။ ဒါပေမယ် မြန်မာကိုယ်တိုင်ကပင်လျှင် အခြေအနေတွေကို ပြောင်း လိုက်ပြီ။ သူဟာ ထိုင်းဝန်ကြီးချုပ်တို့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ခဲတယ်။ သူဟာ တားမြစ်ထားတဲ ပုဂ္ဂိုလ်မဟုတ် တောဘူး။ အရင်တုန်းကတောအာဆီယံဥက္ကဋ္ဌက သူ့ဆီ သွားတွေ့ဖို့ ကြိုးစားရင် ဒါဟာ သံတမန်ရေး စည်းကမ်းကို ချိုးဖောက်တာပဲ။ နိုင်ငံရေးအရ မှားယွင်းတဲလုပ်ရပ်ပဲ။ ခုတော လုံးဝပြောင်းပြန်ဖြစ်သွားပြီ။ ဘာလို့ မဖြစ်ရမှာလဲ။ သူ့ရဲ့ပါတီကိုလည်း မှတ်ပုံတင်ပြီးပြီ။ သူကိုယ်တိုင် တက်တက် ကြွကြွ ပါဝင်နေပြီး သူရဲ့ပါတီဟာ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေပြီ။ ဒါတွေ အားလုံးဟာ အသိအမှတ်ပြုသင် ပြုထိုက်တာတွေပဲ။ ကျွန်တော်တို့ အားပေးရမှာပေါ

* မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အဓိကစိုးရိမ်မှုတွေကဘာတွေလဲ။

ကျွန်တော် စိုးရိမ်နေတာက စင်ကာပူ နဲ့ ဘန်ကောက်မှာ ခုကတည်းက စုရုံးပြီး မြန်မာနိုင်ငံက သယံဇာတနဲ့ စီးပွားရေး အခွင်အလမ်း တွေကို စားဖို့ ၀ါးဖို့ ဟန်ပြင်နေကြတဲလူတွေပဲ။ အာဆီယံ လုပ်ရမှာ၊ ကျွန်တော် လူတစ်ယောက်အနေနဲ့ လုပ်ဖို့လိုအပ်တာ၊ မြန်မာနိုင်ငံ ရဲ့ မိတ်ကောင်းဆွေကောင်းတွေလုပ်ဖို့ လိုအပ်တာက အရေးအကြီးဆုံးအချက်ဟာ မြန်မာလူထု သက်သာချောင်ချိရေးပဲဆိုတာ မြန်မာခေါင်းဆောင်တွေကို အသေအချာ သတိပေးဖို့ပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတနဲ့ အခွင်အလမ်းတွေကို စီမံခန့်ခွဲရာမှာ လူသား မျက်နှာကို ကြည်ရမယ်ဆိုတာ သေချာစေဖို့ပါပဲ။ စီးပွားရေးစွန့်ဦးလုပ်ကိုင်လိုတဲစိတ်ဓာတ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သောက်သုံးရေတွေ၊ လျှပ်စစ်ဓာတ်အားတွေရဲ့အပေါ်မှာ အရိပ်မိုးမနေစေရပါဘူး။ မညီမျှမှုတွေနဲ့ ဖရိုဖရဲ မငြိမ်သက်မှုတွေ ပိုဆိုးလာ စေမယ် တံခါးဖွင်တာမျိုးကိုတောကျွန်တော်တို့ မလိုချင်ပါဘူး။ 
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis