menu

Friday 10 February 2012

Android OS ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ All Backup ဆော့ဖ်ဝဲအသုံးပြုပုံ




 Android OS ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ All Backup ဆိုတဲ့ ဆော့ဖ်ဝဲအသုံးပြုပုံကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကတော့ ဖုန်းထဲမှာရှိနေတဲ့ အရာတွေကိုပျက်သွားခြင်း၊ ပျောက်သွားခြင်းတွေကနေ ကာကွယ်နိုင်ဖို့အတွက် အသုံးပြုတဲ့ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်။


ဖုန်းထဲကအရာတွေကို Backup လုပ်ထားနိုင်တဲ့ဆော့ဖ်ဝဲပါပဲ။ ဒီဆော့ဖ်ဝဲကို အသုံးပြုချင်တယ်ဆိုရင်တော့ Android OS ဖုန်းတွေထဲမှာ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တခြားဖုန်းတွေဖြစ်တဲ့ Apple ဖုန်းတွေနဲ့ Windows Mobile ဖုန်းအစရှိတဲ့ တခြား OS စနစ်တွေအတွက်လည်း ဒီလိုမျိုး Backup ဆော့ဖ်ဝဲတွေရှိပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ Android OS ဖုန်းတွေမှာအသုံးပြုတဲ့ All Backup ဆော့ဖ်ဝဲအသုံးပြုပုံကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ All Backup ဆော့ဖ်ဝဲ အသုံးပြုပုံကတော့ ပထမဆုံးဆော့ဖ်ဝဲ Icon ကိုဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ Backup ဆော့ဖ်ဝဲဖိုင်ပွင့်လာမှာဖြစ်ပြီး ဆော့ဖ်ဝဲရဲ့ Interface တစ်ခုကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီမှာတော့ Backup to SD, Restore From SD, Quick Backup, Schedule Backup, Cloud Services, Application အစရှိတဲ့အရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ ဆော့ဖ်ဝဲထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေပဲဖြစ်ပါတယ်။ ပထမဆုံးစနစ်တစ်ခုဖြစ်တဲ့ Backup to SD ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့အရာတွေကို SD Card ထဲမှာသွားပြီး Backup လုပ်ထားမလားဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ဒီစနစ်က ကောင်းမွန်တယ်လို့ဆိုရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဖုန်းထဲမှာရှိနေတဲ့အရာတွေကို ကိုယ့်ဖုန်းရဲ့ SD Memory Card ထဲမှာသွားပြီးတော့ Backup လုပ်ပြီး သိမ်းဆည်းထားမယ်ဆိုရင်တော့ မတော်တဆ ဖုန်းပျက်သွားရင်ပဲဖြစ်ဖြစ်၊ Firmware ကျသွားတဲ့အခါမျိုး၊ Firmware ပျက်သွားတဲ့အခါမျိုးတွေမှာဆိုရင် ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေပျက်မသွားအောင် ဆုံးရှုံးမသွားအောင် ကာကွယ်ထားနိုင်ပါတယ်။ ဖုန်းတစ်ခုခုဖြစ်သွားခဲ့တယ်ဆိုရင်တောင် SD Card ကိုထုတ်ပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။ Backup to SD ဆိုတဲ့ထဲကို ၀င်လိုက်တာနဲ့ Phone Contact, SMS, Call Logs, System Settings, Alarm, Bookmarks, Email Account, Calendars, Notepad, Richpad အစရှိတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီထဲမှာမှ Contact ဆိုရင်လည်း ဘယ်လို Contact အမျိုးအစားကို ရွေးချယ်မယ်၊ Calendar ဆိုရင်လည်း ဘယ်လိုအမျိုးအစားကိုရွေးချယ်ပြီး Backup လုပ်မယ် အစရှိသဖြင့် ရွေးချယ်နိုင်ပါသေးတယ်။ ကိုယ်က Backup လုပ်ချင်တဲ့အရာကို Select လုပ်ပြီး အမှတ်ကလေးတွေပေးပြီး ဘယ်ဟာကိုလုပ်မယ်၊ ဘယ်ဟာကိုမလုပ်ဘူး အစရှိသဖြင့် ရွေးချယ်နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ အောက်ဘက်မှာ Backup, Deselect All, Cancle အစရှိတဲ့ သုံးခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ကိုယ်မှတ်သားထားတဲ့ အမှတ်အသားတွေကို ဖျက်ချင်တယ်ဆိုရင်တော့ Deselect All ကိုအသုံးပြုနိုင်ပါတယ်။ Backup လုပ်မယ်ဆိုရင်တော့ Backup ကိုအသုံးပြုနိုင်ပါတယ်။ စနစ်ထဲကနေ ပြန်ထွက်ချင်တယ်ဆိုရင်တော့ Cancle ကိုအသုံးပြုနိုင်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Restore From SD ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ကိုယ်ကဖုန်းရဲ့ SD Card ထဲမှာအချက်အလက်တွေကို Backup လုပ်ထားတယ်ဆိုရင် SD Card ထဲကနေပြန်ယူပြီး အသုံးပြုနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ Restore From SD ဆိုတဲ့စနစ်ကို နှိပ်လိုက်တာနဲ့ကိုယ် Backup လုပ်ထားတဲ့ဖိုင်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီထဲကမှ ကိုယ်က ပြန်ပြီးအသုံးပြုလိုတဲ့၊ ထည့်သွင်းလိုတဲ့စနစ်ကို ရွေးချယ်အသုံးပြုရမှာပါ။ ဒီထဲမှာလည်း ခုနကအပေါ်မှာပြောပြခဲ့တဲ့ Backup စနစ်လိုပဲ မြင်ကွင်းမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Phone Contact, SMS, Call Logs, System Settings, Alarm, Bookmarks, Email Account, Calendars, Notepad, Richpad အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထဲကမှကိုယ်က Contact ကိုပြန်လိုချင်တယ်၊ SMS ကိုပြန်လိုချင်တယ် အစရှိတဲ့ ကိုယ်လိုချင်တာတွေကို အမှတ်အသားပြန်ပေးပြီး Restore ပြန်လည်ပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ Backup စနစ်တွေကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့အချက်အလက်တွေကို နောက်တစ်ပတ်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ရေးသားသူ - ကိုသက်
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis